ပရိသတ်တွေသဘောကျနေတဲ့ အဆိုတော်မနောရဲ့ MTV အသစ်လေး
Credit-burmese.asia
Unicode
မနောလို့ပြောလိုက်တာနဲ့ မြန်မာသံစဉ်သီချင်းကောင်းလေးတွေကို သီဆိုပြီး အောင်မြင်မှုတွေအပြည့်တွေရရှိနေတဲ့ အဆိုတော်တစ်ယောက်ဆိုတာ ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။ထွက်ရှိလာသမျှ မြန်မာသံစဉ်တေးသီချင်းတိုင်လိုလိုက ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျပြီး ပါးစပ်ဖျားမှာရေပန်းစားတဲ့အထိကို အောင်မြင်မှုတွေရရှိတာကတော့ အဆိုတော့ မနောရဲ့ ထူးခြားချက်တစ်ခုလို့ပဲဆိုရမှာပါ။တေးသံရှင်အဆိုတော်မနောကတော့ လတ်တလောမှာ “မင်းကိုလည်းချစ်တယ် မိန်းမကိုလည်းကြောက်တယ်”ဆိုတဲ့ သီချင်းရဲ့ MTV အသစ်လေးထွက်ရှိလာတာပဲဖြစ်ပါတယ်။ဒီသီချင်းလေးဟာ MTV မထွက်လာခင်ကတည်းက ပရိသတ်တွေသဘောကျနှစ်သက်နေတဲ့ သီချင်းလေးတစ်ပုဒ်ဖြစ်ပြီး အခု MTV လေးမှာလည်း မနော၊ရွှေပိုးအိမ်၊ဖြူဖြူထွေးကို (၃)ယောက်ကအတွဲညီညီနဲ့ သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။
ဒီသီချင်း MTV လေးထဲမှာ သရုပ်ထားတဲ့ မနော၊ ရွှေပိုးအိမ်နဲ့ ဖြူဖြူထွေးတို့ရဲ့ သရုပ်ဆောင်ပီပြင်လှမှုတွေနဲ့ သီချင်းရဲ့ ဇာတ်လမ်းလေးကြောင့် ပရိသတ်တွေက အကြီးအကျယ်ကို သဘောကျနှစ်သက်ပြီး ချီးကျူးနေကြတာကိုလည်း တွေ့ရပါတယ်။ပရိသတ်ကြီးရေ မနောရဲ့ “မင်းကိုလည်းချစ်တယ် မိန်းမကိုလည်းကြောက်တယ်”သီချင်း MTV လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။Credit-burmese.asia
ပရိသတ်တွေသဘောကျနေတဲ့ အဆိုတော်မနောရဲ့ MTV အသစ်လေး
Reviewed by Anonymous
on
9:22:00 AM
Rating: 5
