Latest Posts

ခြေတစ်ဖက်ပြတ်နေပေမယ့် မိဘကိုထီရောင်းကျွေးနေသူ




unicode
ခြေတစ်ဖက်ပြတ်နေပေမယ့် မိဘကိုထီရောင်းကျွေးနေသူအား ဆိုင်ကယ်လှုဒါန်း ကိုမျိုးထွန်းက အသက်က၃၆နှစ်    လွန်ခဲ့တဲ့၂၀၀၄ခုနှစ်က သဲကားကကြိတ်သွားလို့ ခြေထောက်တစ်ဖက်ဖြတ်လိုက်ရပါတယ်။ဒါပေမယ့် ကိုမျိုးထွန်းက စိတ်အားမလျော့ပဲ ရှိတဲ့ဆိုင်ကယ်အစုတ်လေးနဲ့ ပိုက်ဆံနှစ်သိန်း အတိုးနဲ့ချေးကာ ထီရောင်းပြီး မိဘကိုလုပ်ကျွေးနေပါတယ်။ ဒါပေမယ့် စီးတဲ့ဆိုင်ကယ်က ခဏခဏပျက်နေလို့ တစ်ခါတစ်လေအိမ်ပြန်ဖို့တောင် သူ့ညီကိုလာခေါ်ခိုင်းရပါတယ်။ လားရှိုးလေး ရှမ်းထမင်းဆိုင်က ညီလေးသန့်စင်က သူမစီးဖြစ်တော့တဲ့ ၁ယ ဂျပန်ဆိုင်ကယ်လေးကိုလှုချင်တယ်ဆိုလဲ ကိုမျိုးထွန်းကိုခေါ်ပြီးလှုပေးခဲ့ပါတယ်။
မသန်ပေမယ့်စိတ်အားမလျော့ပဲ မိဘကိုလုပ်ကျွေးနေတဲ့ ကိုမျိုးထွန်းကို ဂုဏ်ပြုတဲ့အနေနဲ့ တစ်လကို ထီဆယ်စောင်တွဲလာလာပို့ခိုင်းပြီး အားပေးနေပါတယ် အမျိုးတွေလဲသူ့ထီတွေကို အားပေးချင်ရင် သူ့ဖုန်းနံပါတ် 09797123989ကို ဆက်ရင်သူလာပို့ပေးပါလိမ့်မယ်။ ONE TO ONE လူနာကူညီရေး / ကိုဝမ်း ဖုန်း ၀၉၇၆၅၇၆၅၁၇၉ / မန္တလေးမြို့Credit-burmese.asia