Latest Posts
ဝန်ကြီးများရုံးမှာဖွင့်တဲ့ De Beau Wellness ဖွင့်ပွဲကို အခမ်းအနားမှူးအဖြစ် တက်ရောက်ခဲ့တဲ့ ထက်ထက်ထွန်း
Unicode
ထက်ထက်ထွန်း ဟာ ချောမောလှပပြီး အထာကျတဲ့ ရုပ်ရည်ကိုပိုင်ဆိုင်ထားရုံသာမက အများအကျိုးပြုလုပ်ငန်းတွေကို လုပ်ကိုင်ချင်စိတ်အပြည့်ရှိတဲ့ သရုပ်ဆောင်မင်းသမီးလေး တစ်ယောက်လဲဖြစ်ပါတယ်။အများအကျိုးပြုချင်စိတ်အပြည့်ရှိတဲ့ ထက်ထက်ထွန်းဟာ ပြီးခဲ့တဲ့ မြို့တော်ဝန်ရွေးကောက်ပွဲမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသေးတယ်။
ထက်ထက်ထွန်း ဟာ ဝန်ကြီးများရုံးမှာ ဖွင့်တဲ့ De Beau Wellness ဖွင့်ပွဲမှာတက်ရောက်ခဲ့တဲ့ ပုံအချို့ကိုမျှဝေခဲ့တာလည်းဖြစ်ပါတယ်။
ထိုပွဲတက်ရောက်ခဲ့ပြီးတဲ့နောက်မှာ De Beau Wellness ရဲ့ပိုင်ရှင်လားလို့ ဝေဖန်ခဲ့တဲ့ အပေါ်ကိုလည်း ရှယ်ယာရှင်လည်းမဟုတ်သလို ပိုင်ရှင်လည်း မဟုတ်တဲ့ အကြောင်းနဲ့ အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ရုံသက်သက်သာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။
Miss Universe Myanmar 2015-2016 ရဲ့ အလှမယ်ဟောင်းဖြစ်တဲ့ ထက်ထက်ထွန်းဟာ လက်ရှိမှာတော့ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီး အချို့မှာပါ ပါဝင်ရိုက်ကူးသရုပ်ဆောင်နေပြီးအနုပညာလှုပ်ရှားမှုတေ ဆက်တိုက် လုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။ရိသတ်ကြီးရော ငယ်ငယ်ရွယ်ရွယ်နဲ့ထက်မြက်တဲ့ ထက်ထက်ထွန်းကို ချစ်ကြရဲ့လားဗျ။အဆုံးထိ ဖတ်ရှုပေးတဲ့ အတွက် ကျေးဇူးတင်ရှိပါတယ်။Credit-burmese.asia