ငွေစက္ကု ကို တန်းခိုးဖြင့် ဖန်ဆင်းနိုင်သော ဘိုးတော် တစ်ဦး ရှမ်းပြည်နယ်တွင် ပေါ်ထွက်
Unicode
ရှမ်းပြည်နယ်တောင်ပိုင်း တီကျစ်ရွာမှာ 25 ရက်နေ့ ည ၉ နာရီ အချိန်အတွင်း အလွင်ပင်ဆင်းရဲတဲ့ အိမ်တစ်အိမ်သို့ ခေတ်ဆန်ဆန် ဝတ်ဆင်ထားသောအဘိုးအိုရောက်လာပြီး တညတာ တည်းခိုခွင့်တောင်းလာပါတယ်
ဘယ်ကနေ လာတာလဲလို့ မေးတော့ အနောက် ဒီပရုံက လာတာလို့ ပြောပါတယ်။ ဆင်းရဲတဲ့ မိသားစုဝင်တွေကလဲ အနောက် ဒီပရုံကို မကြားဖူးကြပါ။ သို့ပေမယ့်လဲ စေတာနာကောင်းတဲ့သူတို့ရဲ့ စိတ်ရင်းကြောင့် မကြားဖူးလဲ “ဟုက်ကဲ့ အထည်းဝင်ပါ” လို့ပြောလိုက်ပါတယ်။ အဖိုးအိုက အိမ်ထည်းဝင် ဘုရားကျောင်းဘက်သို့လှည့်၍ ဘုရားဦးချပြီး အိမ်ရှင်မိသားစုဝင်တွေကို စကားလှည့်ပြောပါတယ်။ “ကျေးဇူးတင်ပါတယ် တူလေးတို့ တညတည်းခွင့်ပြုနော်” အိမ်ရှင်တွေကလည်း စေတနာကောင်းတော့ အကုန်လုံး လက်ခံကြပါတယ်။
မနက်မိုးလင်းတော့ တည်းခိုခပေးရမလားတဲ့ အိမ်ရှင်တွေကလဲ ဘယ်ကသာ မဟုက်တာအဘရယ် ရပါတယ် ကျနော်တို့လဲကုသိုလ်ရပါတယ်။ အဘိုးကလဲ မင်းတို့ရွာကိုမစဖို့ ရောက်လာတာကွ ဆိုပြီးပြောတယ်။ မည်သူမျှယုံကြည့်တဲ့ပုံစမ်မျိုးမရှိပေမဲ့ အိမ်ရှင်တွေရှေ့မှာပဲ ကောင်းကင်ပေါ် လက်ဝှေ့ရမ်းကာ ငွေစက္ကုတွေကိုထုပ်ယူစေခဲ့ပါတယ် လက်ဝှေ့ရမ်းရုံနဲ့ ငွေကဘယ်က ထွက်လာမှန်းမသိ မျက်စေ့ရှေ့တွင် ငွေစက္ကုများ ထွက်လာတာကိုမြင်ကြရပါတယ်
မျက်လှည့်များလား အောင်းမေ့ရပေမယ့်
ငွေစက္ကုတွေကလဲ တကယ်ဖြစ်နေပါတယ်။ တစ်ထိုင်ထည်းမှာ သိန်း၂၀ လောက်ထုပ်ပြလို့ တစ်ရွာလုံးအုပ်အုပ်သဲသဲဖြစ်လာပါတော့တယ်။ လူများလာတော့ အဖိုးကြီးကလဲ အိမ်သာတက်မယ်ဆိုပြီး နောက်ဖေးပေါက်က ထွက်သွားပြီးနောက် ပျောက်သွားပါတော့တယ်
နေ့လယ်လောက်မှာ ရွာကျောင်းမှာ ထပ်ပေါ်လာပြီး ဒီရွာအတွက် ခွဲယူကြဆိုပြီး ငွေစက္ကုတွေထပ်ဖန်ဆင်းပါတော့တယ် ။ ငွေတွေလဲ အထပ်လိုက်ဖြစ်လာပြီးနောက် ရွာကျောင်းဘုန်းကြီးကိုအပ်နှံခဲ့ပါတယ်။ ဘုန်းကြီးကျောင်း ကျောင်းမှာပဲ တည်းခိုပြီးမနက်မိုးလင်းတော့ သူအိပ်တဲ့ခြည်ထောင်ထည်းကနေ ပျောက်သွားပါတော့တယ်။ ရွာသားတွေရဲ့တောင်းဆိုမူကြောင့်ဓာတ်ပုံတွေကိုချန်လှည့်ထားပါတယ်။Credit-aungparsay