Latest Posts

ရွှေတိဂုံစေတီတော်တွင် ခါးပိုက်နှိုက်သူ ( ၃ )ဦးအား ဖမ်းဆီးရမိ

ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွူးက မိမိနယ္ေျမအတြင္း ခိုးဆိုး၊ လု၊ႏွိုက္မွု က်ဴးလြန္သူမ်ားကို ေဖာ္ထုတ္ဖမ္းဆီးေဆာင္ရြက္သြားရန္ ညႊန္ၾကားခ်က္အရ ၁၀.၁၂.၂၀၁၉ ရက္ေန႔၁၉၄၅ အခ်ိန္ ရန္ကုန္တိုင္း ေဒသႀကီးရဲတပ္ဖြဲ႕မွူး႐ုံး၊ အုပ္ခ်ဳပ္မွုဌာနခြဲမွ တပ္ဖြဲ႕ဝင္မ်ားသည္ ဒဂုံၿမိဳ့နယ္၊ ဘုရားႀကီးရပ္ကြက္ေရႊတိဂုံ ေစတီေတာ္ရင္ျပင္ေပၚတြင္ မသိုးသကၤန္းရက္လုပ္

ကပ္လွူပြဲေတာ္ရွိသျဖင့္ ဘုရားဖူးျပည္သူမ်ား အေျမာက္ အမ်ား ေရာက္ရွိေန၍ ခါးပွိုက္ႏွိုက္ ဖမ္းဆီးေရးေဆာင္ရြက္ခဲ့ရာေတာင္ဘက္မုခ္အနီး ဘုရားဖူးလာေရာက္သူ မ်ားအား တိုးေဝွ႕ကာ ခါးပိုက္ႏွိုက္ေနသူ ထက္ေအာင္၊ မထက္ထက္ႏွင့္မ်ိဳးမင္းေနာင္ (ခ)ဖိုးခ်စ္ တို႔(၃)ဦးအား ဖမ္းဆီးရမိခဲ့ေၾကာင္းရန္ကုန္တိုင္းရဲတပ္ဖြဲ႕ သတင္းေဖာ္ျပခ်က္တြင္ ပါရွိသည္။

ဖမ္းဆီးရမိသူ ထက္ေအာင္၊ မထက္ထက္ႏွင့္ မ်ိဳးမင္းေနာင္(ခ)ဖိုးခ်စ္တို့ (၃)ဦးအား စစ္ေဆးခဲ့ရာ ၎တို့သည္ ေတာင္ဘက္မုခ္အနီး ဘုရားဖူးလာေရာက္သူ အသက္(၄၀)ႏွစ္ခန႔္ရွိ အမ်ိဳးသမီးတစ္ဦးထံမွ HUAWEI nova 3i အမ်ိဳးအစားလက္ကိုင္ဖုန္း(၁)လုံး၊ အေနာက္ဘက္ မုခ္ စက္ေလွခါးအနီးတြင္ ဘုရားလာ ေရာက္သူ အသက္ (၃ဝ)ႏွစ္ခန႔္ အမ်ိဳးသားတစ္ဦးထံမွ SAMSUNG အမ်ိဳးအစား လက္ကိုင္ဖုန္း(၁)လုံးတို့အား ႏွိုက္ယူခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့ပါသည္။

စစ္ေဆးေပၚေပါက္ခ်က္အရ_အမႈမွသက္ေသခံပစၥည္းမ်ားကိုျပန္လည္ သိမ္းဆည္းရရွိၿပီးျဖစ္၍ ျပစ္မႈက်ဴးလြန္သူ ထက္ေအာင္၊ မထက္ထက္ႏွင့္ မ်ိဳးမင္းေနာင္(ခ)ဖိုးခ်စ္တို႔(၃)ဦးအားဥပေဒႏွင့္အညီ အျမန္ တရားစြဲတင္ပို႔နိုင္ေရး ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္း ရရွိပါသည္။Credit-ungparsay
Unicode
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက မိမိနယ်မြေအတွင်း ခိုးဆိုး၊ လု၊နှိုက်မှု ကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးဆောင်ရွက်သွားရန် ညွှန်ကြားချက်အရ ၁၀.၁၂.၂၀၁၉ ရက်နေ့၁၉၄၅ အချိန် ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အုပ်ချုပ်မှုဌာနခွဲမှ တပ်ဖွဲ့ဝင်များသည် ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်ရွှေတိဂုံ စေတီတော်ရင်ပြင်ပေါ်တွင် မသိုးသင်္ကန်းရက်လုပ်

ကပ်လှူပွဲတော်ရှိသဖြင့် ဘုရားဖူးပြည်သူများ အမြောက် အများ ရောက်ရှိနေ၍ ခါးပှိုက်နှိုက် ဖမ်းဆီးရေးဆောင်ရွက်ခဲ့ရာတောင်ဘက်မုခ်အနီး ဘုရားဖူးလာရောက်သူ များအား တိုးဝှေ့ကာ ခါးပိုက်နှိုက်နေသူ ထက်အောင်၊ မထက်ထက်နှင့်မျိုးမင်းနောင် (ခ)ဖိုးချစ် တို့(၃)ဦးအား ဖမ်းဆီးရမိခဲ့ကြောင်းရန်ကုန်တိုင်းရဲတပ်ဖွဲ့ သတင်းဖော်ပြချက်တွင် ပါရှိသည်။

ဖမ်းဆီးရမိသူ ထက်အောင်၊ မထက်ထက်နှင့် မျိုးမင်းနောင်(ခ)ဖိုးချစ်တို့ (၃)ဦးအား စစ်ဆေးခဲ့ရာ ၎င်းတို့သည် တောင်ဘက်မုခ်အနီး ဘုရားဖူးလာရောက်သူ အသက်(၄၀)နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦးထံမှ HUAWEI nova 3i အမျိုးအစားလက်ကိုင်ဖုန်း(၁)လုံး၊ အနောက်ဘက် မုခ် စက်လှေခါးအနီးတွင် ဘုရားလာ ရောက်သူ အသက် (၃ဝ)နှစ်ခန့် အမျိုးသားတစ်ဦးထံမှ SAMSUNG အမျိုးအစား လက်ကိုင်ဖုန်း(၁)လုံးတို့အား နှိုက်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ_အမှုမှသက်သေခံပစ္စည်းများကိုပြန်လည် သိမ်းဆည်းရရှိပြီးဖြစ်၍ ပြစ်မှုကျူးလွန်သူ ထက်အောင်၊ မထက်ထက်နှင့် မျိုးမင်းနောင်(ခ)ဖိုးချစ်တို့(၃)ဦးအားဥပဒေနှင့်အညီ အမြန် တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။Credit-ungparsay