ရုပ်ရှင်တစ်ကားရိုက်ရဖို့အရေး ပေါင်၂၀လောက် ဝိတ်လျှော့ရတဲ့ မြန်မာပြည်ရဲ့ တစ်ဦးတည်းသောမင်းသား
Unicode
မကြာသေးခင်ကရုံတင်ပြသခဲ့တဲ့ ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ တတိယမြောက် ဖန်တီးမှုဖြစ်တဲ့ “ထာဝရနှောင်ကြိုး”ရုပ်ရှင်ဇာတ်ကားကြီးကတော့ ပရိသတ်တွေကြားထဲမှာ နာမည်ကြီးလူကြိုက်များခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။မင်းသားဇာဏ်ခီနဲ့ မင်းသမီး ပိုင်ဖြိုးသုတို့ ပါဝင်သရုပ်ဆောင်ထားပြီး ရိုမန့်တစ် ဒရမ်မာ ဇာတ်လမ်းလေးတစ်ခုလည်း ဖြစ်ပါတယ်။
ဒီဇာတ်ကားကြီးကို ရိုက်ကူးဖို့အတွက်ကို “ထာဝရနှောင်ကြိုး”အဖွဲ့တစ်ဖွဲ့လုံးက အားကြိုးမာန်တက်နဲ့ဖန်တီးခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်တာနဲ့ အညီ အဓိကအနေနဲ့ မင်းသားဖြစ်တဲ့ ဇာဏ်ခီကတော့ ဇာတ်ရုပ်အတွက်လိုအပ်တဲ့ ပြင်ဆင်မှုတွေကို ပိုမိုလုပ်ဆောင်ခဲ့ရပါတယ်။ဇာဏ်ခီကတော့ ဇာတ်ကားကြီးထဲမှာ “သီဟ”အဖြစ်သရုပ်ဆောင်ခဲ့ပြီး ဇာတ်ရုပ်အတွက်လိုအပ်တာကြောင့် ဝိတ်ကို ပေါင်(၂၀)လောက်ထိချခဲ့ရတယ်လို့လည်း သိရှိရပါတယ်။
အခုလို ပေါင်(၂၀)ချဖို့အတွက်ကို ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းတွေလုပ်ခဲ့ရတာဖြစ်ပြီး လတ်တလောမှာတော့ ဇာဏ်ခီတစ်ယောက် ကြိုးကြိုးစားစားလေ့ကျင့်နေတဲ့ ဗီဒီယိုဖိုင်လေးကို ဖော်ပြလာတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ဇာဏ်ခီတစ်ယောက် “သီဟ”ဇာတ်ရုပ်အတွက် ပြင်ဆင်မှုတွေအကြီးအကျယ်ပြုလုပ်နေတဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်တွေကြည့်ရှုလို့ရအောင်မျှဝေပေးလိုက်ပါတယ်။Credit-aungparsay