Latest Posts

ကိုယ်ဝန်ဖျက်ဆေးကို ကောလိပ်ကျောင်းသူတွေ ဆေးဝါးအဖြစ်သုံးစွဲနိုင်တော့မယ့် ကယ်လီဖိုးနီးယားပြည်နယ်

ကမာၻေက်ာ္ အတည္ျပဳသတင္းဌာန CNN က တင္ဆက္လိုက္တဲ့ သတင္းတစ္ပုဒ္က apannpyay ပရိသတ္ေတြကို ဆြံ႕အေစမွာပါ။ အေမရိကန္ ၊ ကယ္လီဖိုးနီးယားဥေပဒေအာက္မွာ အက်ံဳး၀င္တဲ့ ေကာလိပ္ေတြဟာ ေသခ်ာျပဳစုထားတဲ့ ဥပေေဒၾကမ္းတစ္ခုကို မဲခြဲဆံုးျဖတ္ျပီး အႏုိင္ရလာပါတယ္။
အဲဒါကေတာ့ ကယ္လီဖိုးနီးယားျပည္နယ္မွာရွိတဲ့ ေကာလိပ္က ေက်ာင္းသူေတြဟာ ကိုယ္၀ယ္ဖ်က္ခ်ေဆးကို တရား၀င္ေဆး၀ါးအေနနဲ႔ ေဆာင္ထားခြင့္ကိုရေတာ့မွာျဖစ္ပါတယ္။ ကယ္လီဖိုးနီးယားျပည္နယ္ ဥပေဒေအာက္မွာ အက်ံဳး၀င္တဲ့ ေကာလိပ္တိုင္းက ေက်ာင္းသူေတြဟာ ေဆး၀ါးကို အိတ္ထဲမွာ လြယ္လြယ္ကူကူပဲေဆာင္ထားႏုိင္ေတာ့မွာပါ။

ဒီအဆိုကို လႊတ္ေတာ္အမတ္ Connie Leyva က တင္သြင္းျပီး မဲခြဲဆံုးျဖတ္ခဲ့ရာမွာ (၄၄)မဲ (၁၅)မဲနဲ႔ အျပတ္အသတ္အႏုိင္ရခဲ့ပါတယ္။ ဒီကမ့္ပိန္းကို ေကာာလိပ္တက္ေနတဲ့ ကယ္လီဖိုးနီးယားအမ်ိဳးသမီးနဲ႔ ပူးေပါင္းပါ၀င္သူ (၄)သိန္းေက်ာ္က ဆင္ႏြဲခဲ့ျပီး၊ ကိုယ္၀န္ဖ်က္ခ်လိုသူေတြဟာ အဖြဲ႔အစည္းရဲ႕ က်န္းမာေရး ေစာင့္ေရွာက္မႈကို အခမဲ့ရယူႏုိင္မွာပါ။

သတ္မွတ္ထားတဲ့ ေဆးကိုလည္း အခ်ိန္မေရြးယူသြားလို႔ရျပီး၊ ကိုယ္၀န္ေဆာင္ဖို႔ ဆႏၵမရွိေတာ့ဘူးလို႔ ဆံုးျဖတ္လိုက္တဲ့အခ်ိန္က်ရင္ ရပ္တန္႔ပစ္ဖို႔အတြက္ အသံုးခ်ႏုိင္ပါတယ္။ ရည္ရြယ္ခ်က္က ေကာလိပ္ပညာေရးကို ဆံုးခန္းတိုင္သြားဖို႔နဲ႔ အေႏွာက္အယွက္မျဖစ္ေစဖို႔အတြက္ လြတ္လပ္စြာေရြးခ်ယ္ခြင့္ရဖို႔အတြက္ ကိုယ္၀န္ဖ်က္ေဆးကို တရား၀င္ေဆး၀ါးအျဖစ္တင္သြင္းတာျဖစ္ပါတယ္။

အဆိုၾကမ္းကို မဲခြဲႏိုင္ခဲ့ျပီျဖစ္တဲ့အတြက္ ဥပေဒအတည္ျပဳတာလာေတာ့မွာပါ။ အသက္၀င္မယ့္ႏွစ္ကေတာ့ ေဖာ္ျပခ်က္အရ (၂၀၂၃)ခုႏွစ္မွာလို႔ သိရပါတယ္။ ဒါေပမဲ့ ဒီေဆးေတြဟာ အစိုးရတကၠသိုလ္ေတြအတြက္ မဟုတ္တာကိုေတာ့ apannpyay ပရိသတ္ေတြ ခြဲခြဲျခားျခားသိဖို႔လိုပါတယ္။ အတည္ျပဳႏိုင္ခဲ့တဲ့ ဥပေဒၾကမ္းရဲ႕အေသးစိတ္အရ ကယ္လီဖိုးနီးယာမွာရွိတဲ့ တကၠသိုကလ္(၃၂)ခုအတြက္ပဲ အက်ံုး၀င္မယ္လို႔ သိရပါတယ္။Credit- (APANNPYAY)
Unicode
ကမ္ဘာကျော် အတည်ပြုသတင်းဌာန CNN က တင်ဆက်လိုက်တဲ့ သတင်းတစ်ပုဒ်က apannpyay ပရိသတ်တွေကို ဆွံ့အစေမှာပါ။ အမေရိကန် ၊ ကယ်လီဖိုးနီးယားဥပေဒအောက်မှာ အကျုံးဝင်တဲ့ ကောလိပ်တွေဟာ သေချာပြုစုထားတဲ့ ဥပေဒေကြမ်းတစ်ခုကို မဲခွဲဆုံးဖြတ်ပြီး အနိုင်ရလာပါတယ်။အဲဒါကတော့ ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ ကောလိပ်က ကျောင်းသူတွေဟာ ကိုယ်ဝယ်ဖျက်ချဆေးကို တရားဝင်ဆေးဝါးအနေနဲ့ ဆောင်ထားခွင့်ကိုရတော့မှာဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် ဥပဒေအောက်မှာ အကျုံးဝင်တဲ့ ကောလိပ်တိုင်းက ကျောင်းသူတွေဟာ ဆေးဝါးကို အိတ်ထဲမှာ လွယ်လွယ်ကူကူပဲဆောင်ထားနိုင်တော့မှာပါ။
ဒီအဆိုကို လွှတ်တော်အမတ် Connie Leyva က တင်သွင်းပြီး မဲခွဲဆုံးဖြတ်ခဲ့ရာမှာ (၄၄)မဲ (၁၅)မဲနဲ့ အပြတ်အသတ်အနိုင်ရခဲ့ပါတယ်။ ဒီကမ့်ပိန်းကို ကောာလိပ်တက်နေတဲ့ ကယ်လီဖိုးနီးယားအမျိုးသမီးနဲ့ ပူးပေါင်းပါဝင်သူ (၄)သိန်းကျော်က ဆင်နွဲခဲ့ပြီး၊ ကိုယ်ဝန်ဖျက်ချလိုသူတွေဟာ အဖွဲ့အစည်းရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို အခမဲ့ရယူနိုင်မှာပါ။
သတ်မှတ်ထားတဲ့ ဆေးကိုလည်း အချိန်မရွေးယူသွားလို့ရပြီး၊ ကိုယ်ဝန်ဆောင်ဖို့ ဆန္ဒမရှိတော့ဘူးလို့ ဆုံးဖြတ်လိုက်တဲ့အချိန်ကျရင် ရပ်တန့်ပစ်ဖို့အတွက် အသုံးချနိုင်ပါတယ်။ ရည်ရွယ်ချက်က ကောလိပ်ပညာရေးကို ဆုံးခန်းတိုင်သွားဖို့နဲ့ အနှောက်အယှက်မဖြစ်စေဖို့အတွက် လွတ်လပ်စွာရွေးချယ်ခွင့်ရဖို့အတွက် ကိုယ်ဝန်ဖျက်ဆေးကို တရားဝင်ဆေးဝါးအဖြစ်တင်သွင်းတာဖြစ်ပါတယ်။
အဆိုကြမ်းကို မဲခွဲနိုင်ခဲ့ပြီဖြစ်တဲ့အတွက် ဥပဒေအတည်ပြုတာလာတော့မှာပါ။ အသက်ဝင်မယ့်နှစ်ကတော့ ဖော်ပြချက်အရ (၂၀၂၃)ခုနှစ်မှာလို့ သိရပါတယ်။ ဒါပေမဲ့ ဒီဆေးတွေဟာ အစိုးရတက္ကသိုလ်တွေအတွက် မဟုတ်တာကိုတော့ apannpyay ပရိသတ်တွေ ခွဲခွဲခြားခြားသိဖို့လိုပါတယ်။ အတည်ပြုနိုင်ခဲ့တဲ့ ဥပဒေကြမ်းရဲ့အသေးစိတ်အရ ကယ်လီဖိုးနီးယာမှာရှိတဲ့ တက္ကသိုကလ်(၃၂)ခုအတွက်ပဲ အကျုံးဝင်မယ်လို့ သိရပါတယ်။Credit- (APANNPYAY)