လမ်းပေါ်အိပ်လမ်းပေါ်စားဘဝဖြင့် ထီမထိုးနိုင်သော်လည်း ကောက်ရသော ထီလတ်မှတ်မှ ထီဆုကြီးပေါက်ခဲ့သော ပလက်စတစ်ကောက်သူ
အမည္က တိုးနိုင္ဝင္း ပလက္စတစ္ေကာက္၍ ေရာင္းစားရသူတစ္ေယာက္ျဖစ္သည္။သူ႔ဘဝမွာ အိမ္မရွိယာမရွိ ေျခသလုံးအိမ္တိုင္ဘဝတြင္ေနရသူ။ပလက္စတစ္ေကာက္၍ ေရာင္းရေသာ ပိုက္ဆံေလးျဖင့္ ထမင္းဝယ္စား၍ အသက္ရွင္ေနရေသာသူ။ အဆင္မေျပေသာေန႔မ်ားတြင္ ကိုႀကီးႀကီးတို႔ရယ္ ထမင္းဖိုးဟင္းဖိုးေလးမ်ား သနားၾကပါဟု မၾကာခဏေတာင္းရေသာ အခါမ်ားလည္း ရွိသည္။
တစ္ေန႔မွာ ပလက္စတစ္ေကာက္၍ အဆင္မေျပ ဗိုက္ကစာ ေနပူပူက်ဲက်ဲေအာက္တြင္ ဆာလာအိတ္ကုိ ပခုံးေပၚထမ္း ဒုတ္တစ္ေခ်ာင္းကုိင္၍ ေျမာက္ဒဂုံႀကိဳးတံတားေပၚတြင္ လမ္းေလ်ာက္လာစဥ္ ေနာက္မွ ကားတစ္စီးက အရွိန္ျပင္းနွင္လာသည္ကုိ လန္႔ျဖန္႔၍ ခုန္ေရွာင္လိုက္သည္။ ေရွာင္၍ လြတ္သြားခဲ့ေသာ္လည္း စီးထားေသာ ဖေနာင့္ေပါက္၍ၿမီးတိုေလးျဖစ္ေနေသာ ေျပာင္းဖူးတံဆိပ္ဖိနပ္ေလးမွာ ေခါင္းနဲ႔ကုိယ္ အိုးစားခြဲသြားေလေတာ့သည္။
ေနကပူ ဖိနပ္ကျပတ္ ဗိုက္ကဆာ စိတ္အိုက္အိုက္ျဖင့္ ဖိနပ္ေလးကုိ ဆက္လို႔ရျငား ကုန္းေကာက္လိုက္စဥ္ ေလအတိုက္မွာ လႊင့္လာေနေသာ စာ႐ြက္ေလးတစ္႐ြက္ ျမင္လိုက္ရသည္။ပိုက္ဆံထင္၍ ဖိနပ္တုံးလုံးျဖင့္ အပူဒဏ္မႈနိုင္ေတာ့ပဲ ေျပးအလိုက္ ဝတ္ထားေသာ ခပ္ေဆြးေဆြးပုဆိုးနံငယ္ပိုင္းအတိုမွာ ထက္ျခမ္းခြဲသြားခဲ့သည္။
လိုက္လက္စနွင့္မထူး ကြဲသြားေသာ ပုဆိုးအားဂရုမစိုက္နိုင္ ဗိုက္ကဆာေနသည္ ပုိက္ဆံရဖို႔ အေရးႀကီးသည္ဟုေတြးကာ ေနာက္ဆုံးတေကာက္ေကာက္နဲ႔လိုက္ရာ တံတားအစြန္းနားတြင္မိသြားခဲ့သည္။ လက္ထဲတြင္မိေနေသာ စာ႐ြက္ေလးအား က်စ္က်စ္ပါေအာင္ဆုပ္ကိုင္ထားရင္း ထမင္းစားဖို႔ ၅၀၀တန္ေလးျဖစ္ပါေစဆုေတာင္းရင္း လက္ကုိျဖည္ၾကည့္မိခိုက္ေသာ အခါ ထီလက္မွတ္ေလးတစ္႐ြက္ ျဖစ္ေနသည္။
ေနာက္ဆုံး ေမွ်ာ္လင့္သမွ် ကြဲေၾက ပစ္ထုိင္ခ်လိုက္မိတယ္ဗ်ာ အကုိတို႔သာ စဥ္းစားၾကည့္ဗ်ာ ပုဆုိးကြဲက ကြၽတ္က်န္ခဲ့တယ္ ကိုယ္တုံးလုံးႀကီးနဲ႔ ဒီေလာက္ပူက်က္ေနတဲ့ ေနေရာင္ေအာက္ ပူျခင္းမ်ားစြာရွိေနတဲ့ ထိုင္ခ်လိုက္မိတဲ့ က်ေနာ့္အျဖစ္ေလ ဥ၂လုံးက်က္လုမခန္းျဖစ္သြားတယ္ အကိုတို႔ရယ္ဟု က်ေနာ္တို႔ Funny Media ဌာနသို႔ ငိုႀကီးခ်က္မျဖင့္ေျပာလာခဲ့သည္။
ဆက္လက္ၿပီးေတာ့ ထီလက္မွတ္ေလးကုိ ျဖန္႔ၾကည့္လိုက္ေတာ့ မထြက္ရေသးေသာ ထီလတ္မွတ္ေလးျဖစ္ေနသည္။ထီလတ္မွတ္ေလးကုိ သိမ္းထားရင္ သူ႔အတြက္ အက်ဳိးရွိနိုင္သည္ဟု ေတြးမိၿပီး သိမ္းထားခဲ့သည္ဟု ေျပာျပလာခဲ့သည္။ သူစာဖတ္တတ္လာသည္မွာ အေျခာက္မမ်ား၏ ေက်းဇူးေၾကာင့္ဟု သူက ေျပာျပခဲ့ေသးသည္။သူငယ္ဘဝတြင္ အေျခာက္မမ်ားနွင့္ အတူေပါင္းသင္းေနထိုင္ အသုံးေတာ္ခံခဲ့ရသည္။ အေျခာက္မမ်ားမွ ေသစာရွင္စာဖတ္တတ္ေအာင္ သင္ေပးခဲ့သည္ဟု ဆိုလာခဲ့သည္။
အေျခာက္မမ်ား၏ ေက်းဇူးေၾကာင့္ စာဖတ္တတ္၍ ထီေပါက္ခဲ့ရျခင္းျဖစ္ေသာေၾကာင့္ အေျခာက္ေဂဟာတစ္ခုတည္ေထာင္ၿပီး မာမီေခါင္ခ်ဳပ္ႀကီးလုပ္ကာ အေျခာက္ဘဝတြင္ ေပ်ာ္႐ႊင္စြာေနထိုင္သြားေတာ့မည္ဟု ဆိုလာခဲ့သည္။Credit-aungparsay
Unicode
လမ်းပေါ်အိပ်လမ်းပေါ်စားဘဝဖြင့် ထီမထိုးနိုင်သော်လည်း ကောက်ရသော ထီလတ်မှတ်မှ ထီဆုကြီးပေါက်ခဲ့သော ပလက်စတစ်ကောက်သူ
အမည်က တိုးနိုင်ဝင်း ပလက်စတစ်ကောက်၍ ရောင်းစားရသူတစ်ယောက်ဖြစ်သည်။သူ့ဘဝမှာ အိမ်မရှိယာမရှိ ခြေသလုံးအိမ်တိုင်ဘဝတွင်နေရသူ။ပလက်စတစ်ကောက်၍ ရောင်းရသော ပိုက်ဆံလေးဖြင့် ထမင်းဝယ်စား၍ အသက်ရှင်နေရသောသူ။ အဆင်မပြေသောနေ့များတွင် ကိုကြီးကြီးတို့ရယ် ထမင်းဖိုးဟင်းဖိုးလေးများ သနားကြပါဟု မကြာခဏတောင်းရသော အခါများလည်း ရှိသည်။
တစ်နေ့မှာ ပလက်စတစ်ကောက်၍ အဆင်မပြေ ဗိုက်ကစာ နေပူပူကျဲကျဲအောက်တွင် ဆာလာအိတ်ကို ပခုံးပေါ်ထမ်း ဒုတ်တစ်ချောင်းကိုင်၍ မြောက်ဒဂုံကြိုးတံတားပေါ်တွင် လမ်းလျောက်လာစဉ် နောက်မှ ကားတစ်စီးက အရှိန်ပြင်းနှင်လာသည်ကို လန့်ဖြန့်၍ ခုန်ရှောင်လိုက်သည်။ ရှောင်၍ လွတ်သွားခဲ့သော်လည်း စီးထားသော ဖနောင့်ပေါက်၍မြီးတိုလေးဖြစ်နေသော ပြောင်းဖူးတံဆိပ်ဖိနပ်လေးမှာ ခေါင်းနဲ့ကိုယ် အိုးစားခွဲသွားလေတော့သည်။
နေကပူ ဖိနပ်ကပြတ် ဗိုက်ကဆာ စိတ်အိုက်အိုက်ဖြင့် ဖိနပ်လေးကို ဆက်လို့ရငြား ကုန်းကောက်လိုက်စဉ် လေအတိုက်မှာ လွှင့်လာနေသော စာရွက်လေးတစ်ရွက် မြင်လိုက်ရသည်။ပိုက်ဆံထင်၍ ဖိနပ်တုံးလုံးဖြင့် အပူဒဏ်မှုနိုင်တော့ပဲ ပြေးအလိုက် ဝတ်ထားသော ခပ်ဆွေးဆွေးပုဆိုးနံငယ်ပိုင်းအတိုမှာ ထက်ခြမ်းခွဲသွားခဲ့သည်။
လိုက်လက်စနှင့်မထူး ကွဲသွားသော ပုဆိုးအားဂရုမစိုက်နိုင် ဗိုက်ကဆာနေသည် ပိုက်ဆံရဖို့ အရေးကြီးသည်ဟုတွေးကာ နောက်ဆုံးတကောက်ကောက်နဲ့လိုက်ရာ တံတားအစွန်းနားတွင်မိသွားခဲ့သည်။ လက်ထဲတွင်မိနေသော စာရွက်လေးအား ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားရင်း ထမင်းစားဖို့ ၅၀၀တန်လေးဖြစ်ပါစေဆုတောင်းရင်း လက်ကိုဖြည်ကြည့်မိခိုက်သော အခါ ထီလက်မှတ်လေးတစ်ရွက် ဖြစ်နေသည်။
နောက်ဆုံး မျှော်လင့်သမျှ ကွဲကြေ ပစ်ထိုင်ချလိုက်မိတယ်ဗျာ အကိုတို့သာ စဉ်းစားကြည့်ဗျာ ပုဆိုးကွဲက ကျွတ်ကျန်ခဲ့တယ် ကိုယ်တုံးလုံးကြီးနဲ့ ဒီလောက်ပူကျက်နေတဲ့ နေရောင်အောက် ပူခြင်းများစွာရှိနေတဲ့ ထိုင်ချလိုက်မိတဲ့ ကျနော့်အဖြစ်လေ ဥ၂လုံးကျက်လုမခန်းဖြစ်သွားတယ် အကိုတို့ရယ်ဟု ကျနော်တို့ Funny Media ဌာနသို့ ငိုကြီးချက်မဖြင့်ပြောလာခဲ့သည်။
ဆက်လက်ပြီးတော့ ထီလက်မှတ်လေးကို ဖြန့်ကြည့်လိုက်တော့ မထွက်ရသေးသော ထီလတ်မှတ်လေးဖြစ်နေသည်။ထီလတ်မှတ်လေးကို သိမ်းထားရင် သူ့အတွက် အကျိုးရှိနိုင်သည်ဟု တွေးမိပြီး သိမ်းထားခဲ့သည်ဟု ပြောပြလာခဲ့သည်။ သူစာဖတ်တတ်လာသည်မှာ အခြောက်မများ၏ ကျေးဇူးကြောင့်ဟု သူက ပြောပြခဲ့သေးသည်။သူငယ်ဘဝတွင် အခြောက်မများနှင့် အတူပေါင်းသင်းနေထိုင် အသုံးတော်ခံခဲ့ရသည်။ အခြောက်မများမှ သေစာရှင်စာဖတ်တတ်အောင် သင်ပေးခဲ့သည်ဟု ဆိုလာခဲ့သည်။
အခြောက်မများ၏ ကျေးဇူးကြောင့် စာဖတ်တတ်၍ ထီပေါက်ခဲ့ရခြင်းဖြစ်သောကြောင့် အခြောက်ဂေဟာတစ်ခုတည်ထောင်ပြီး မာမီခေါင်ချုပ်ကြီးလုပ်ကာ အခြောက်ဘဝတွင် ပျော်ရွှင်စွာနေထိုင်သွားတော့မည်ဟု ဆိုလာခဲ့သည်။Credit-aungparsay