Latest Posts

မေမြင့်မိုရ်ကို သရဲဝင်ပူးတဲ့အကြောင်းပြောပြခဲ့တဲ့ ဦးကျော်သူ

ေစတနာ့ဝန္ထမ္းနာေရးကူညီမႈအသင္းရဲ႕ေခါင္းေဆာင္ဦးေက်ာ္သူဟာအခ်ိန္ေတြအၾကာၾကီးေအာင္ျမင္မႈကုိိထိန္းထားနုိင္ဆဲျဖစ္တဲ့ အနုပညာရွင္တစ္ဦးလည္းျဖစ္ပါတယ္။ ဦးေက်ာ္သူက နာေရးကူညီမႈေတြေန႔တိုင္းအျမဲတမ္းျပဳလုပ္တဲ့အေလ်ာက္ နာေရးကူညီမႈဆိုတာ လူ႔ဘံုေလာကနဲ႔ပရေလာကနဲ႔ၾကားက ဆက္ထားတဲ့အခ်ိန္ကုိ အျမဲတမ္းေတြ႕ေနရတဲ့ အလုပ္တစ္ခုလည္းျဖစ္တာေၾကာင့္ ပရေလာကသားေတြနဲ႔ ထိေတြ႕ရတဲ့အခ်ိန္ေတြလည္းခဏခဏရွိတယ္လုိ႔ိဆိုပါတယ္။ ဦးေက်ာ္သူက Myanmar Platform နဲ႔ Interview မွာ ပရေလာကသားေတြနဲ႔ေတြ႕ၾကံဳရပံုေတြအျပင္ သရုပ္ေဆာင္ေမျမင့္မုိရ္ကုိ သရဲဝင္စီးတာခံရေၾကာင္းပါ ေျပာျပထားခဲ့ပါတယ္။
ဦးေက်ာ္သူက ပရေလာကသားေတြ မကြ်တ္မလြတ္ေသးတဲ့လူေတြအတြက္လုပ္ေပးျဖစ္တာေတြကုိ “လူတစ္ေယာက္ကုိအသုဘခ်ေပးရံုနဲ႔ ကြ်န္ေတာ္တို႔တာဝန္ကမျပီးဘူး။ မကြ်တ္တဲ့ဘဝကေနျပီးကြ်တ္ေအာင္ဆိုျပီး သူတို႔အတြက္ကုသို္လ္ေကာင္းမႈေတြျပဳေပးတယ္။ အကြ်တ္အလြတ္အဓိဌာန္ဆိုျပီးဝင္တယ္”လို႔ေျပာျပေပးထားပါတယ္။
ဦးေက်ာ္သူက မကြ်တ္မလြတ္သူေတြနဲ႔ခဏခဏေတြ႕ၾကံဳရေၾကာင္းကုိ “ညဘက္ဆိုလာျပီ အရိပ္ေတြေတြ႕တယ္။တံခါးလာလႈပ္တယ္။ကုတင္လာလႈပ္တယ္။ ေစာင္လာဆြဲတယ္။ အိပ္မက္ထဲမွာျမင္တယ္။ သူတို႔ကေျခာက္တာမဟုတ္ဘူး။ အကူအညီေတာင္းတာ။ကြ်န္ေတာ္တို႔က ပုတီးစိပ္ျပီးအမွ်ေပးတယ္”လို႔ ေျပာျပထားပါတယ္။
ေမျမင့္မုိရ္ကုိ သရဲဝင္ပူးခဲ့တဲ့အေၾကာင္းကုိလည္း “ပုဂံျမိဳ႕သူ။ အဲဒါ ဂူထဲမွာရိုက္ေတာ့ ေမျမင့္မိုရ္နာမည္က အေစာ၊မေစာလွ။ပုဂံဝတ္စံုနဲ႔ လူဝင္စားဇာတ္ရိုက္မွာဆိုေတာ့ အဲဒါ ပြဲေတြဘာေတြသြားေပးဦး။အဲဒါေတြရွိေတာ့ သတိေတာ့ထားဆိုျပီးေတာ့။သူ ဖြားေစာေက်ာင္းမွာ ပြဲသြားေပးေတာ့ ဝင္ပူးျပီးငိုတယ္အဲဒါေတြသူ႔ဘာသာျဖစ္လာတယ္။ ေနာက္တစ္ခါ ပုဂံဝတ္စံုအျဖဴဝမ္းဆက္နဲ႔ ဝိညာဥ္လာတဲ့အခန္းရိုက္ေတာ့ သူ႔ကုိထပ္ျပီးဝင္ပူးတယ္”လို႔ ထိတ္လန္႔ဖြယ္ေျပာျပထားပါတယ္။
ေမျမင့္မုိရ္ကုိ ပုဂံက ဝိညာဥ္ေတြကဆြဲထားတဲ့အေၾကာင္းကုိလည္း “သူမရိုက္ခင္ရန္ကုန္မွာကတည္းက ပုဂံဝတ္စံုနဲ႔ အမ်ိဳးသားနွစ္ေယာက္က ဒီကုိလာရင္ေစာင့္ေနတယ္ဆိုျပီးေတာ့ ရန္ကုန္မွာကတည္းက အိပ္မက္ရတယ္တဲ့။ ရိုက္ျပီးေတာ့ ျပန္မယ္ဆိုေတာ့ သူ႔ကုိဆြဲထားလို႔ဆိုျပီးေတာ့ ကားေပၚတက္မရဘူး အဲ့လိုေတြလည္းျဖစ္တယ္”လုိ႔ေျခာက္ခ်ားဖြယ္ေျပာထားပါေသးတယ္။

႔ပရိသတ္ၾကီးေရာ ဘဝမွာသရဲပူးခံရဖူးလား။ သရဲပူးခံရတဲ့အေတြ႕အၾကံဳေတြအေၾကာင္းေရာ ၾကားဖူးတာေတြရွိလား။ ရွိရင္ Comment ထဲမွာ ေျပာျပခဲ့ေပးပါဦးCredit-aungparsay
Unicode
စေတနာ့ဝန်ထမ်းနာရေးကူညီမှုအသင်းရဲ့ခေါင်းဆောင်ဦးကျော်သူဟာအချိန်တွေအကြာကြီးအောင်မြင်မှုကိုထိန်းထားနိုင်ဆဲဖြစ်တဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ ဦးကျော်သူက နာရေးကူညီမှုတွေနေ့တိုင်းအမြဲတမ်းပြုလုပ်တဲ့အလျောက် နာရေးကူညီမှုဆိုတာ လူ့ဘုံလောကနဲ့ပရလောကနဲ့ကြားက ဆက်ထားတဲ့အချိန်ကို အမြဲတမ်းတွေ့နေရတဲ့ အလုပ်တစ်ခုလည်းဖြစ်တာကြောင့် ပရလောကသားတွေနဲ့ ထိတွေ့ရတဲ့အချိန်တွေလည်းခဏခဏရှိတယ်လို့ိဆိုပါတယ်။ ဦးကျော်သူက Myanmar Platform နဲ့ Interview မှာ ပရလောကသားတွေနဲ့တွေ့ကြုံရပုံတွေအပြင် သရုပ်ဆောင်မေမြင့်မိုရ်ကို သရဲဝင်စီးတာခံရကြောင်းပါ ပြောပြထားခဲ့ပါတယ်။

ဦးကျော်သူက ပရလောကသားတွေ မကျွတ်မလွတ်သေးတဲ့လူတွေအတွက်လုပ်ပေးဖြစ်တာတွေကို “လူတစ်ယောက်ကိုအသုဘချပေးရုံနဲ့ ကျွန်တော်တို့တာဝန်ကမပြီးဘူး။ မကျွတ်တဲ့ဘဝကနေပြီးကျွတ်အောင်ဆိုပြီး သူတို့အတွက်ကုသိုလ်ကောင်းမှုတွေပြုပေးတယ်။ အကျွတ်အလွတ်အဓိဌာန်ဆိုပြီးဝင်တယ်”လို့ပြောပြပေးထားပါတယ်။

ဦးကျော်သူက မကျွတ်မလွတ်သူတွေနဲ့ခဏခဏတွေ့ကြုံရကြောင်းကို “ညဘက်ဆိုလာပြီ အရိပ်တွေတွေ့တယ်။တံခါးလာလှုပ်တယ်။ကုတင်လာလှုပ်တယ်။ စောင်လာဆွဲတယ်။ အိပ်မက်ထဲမှာမြင်တယ်။ သူတို့ကခြောက်တာမဟုတ်ဘူး။ အကူအညီတောင်းတာ။ကျွန်တော်တို့က ပုတီးစိပ်ပြီးအမျှပေးတယ်”လို့ ပြောပြထားပါတယ်။

မေမြင့်မိုရ်ကို သရဲဝင်ပူးခဲ့တဲ့အကြောင်းကိုလည်း “ပုဂံမြို့သူ။ အဲဒါ ဂူထဲမှာရိုက်တော့ မေမြင့်မိုရ်နာမည်က အစော၊မစောလှ။ပုဂံဝတ်စုံနဲ့ လူဝင်စားဇာတ်ရိုက်မှာဆိုတော့ အဲဒါ ပွဲတွေဘာတွေသွားပေးဦး။အဲဒါတွေရှိတော့ သတိတော့ထားဆိုပြီးတော့။သူ ဖွားစောကျောင်းမှာ ပွဲသွားပေးတော့ ဝင်ပူးပြီးငိုတယ်အဲဒါတွေသူ့ဘာသာဖြစ်လာတယ်။ နောက်တစ်ခါ ပုဂံဝတ်စုံအဖြူဝမ်းဆက်နဲ့ ဝိညာဉ်လာတဲ့အခန်းရိုက်တော့ သူ့ကိုထပ်ပြီးဝင်ပူးတယ်”လို့ ထိတ်လန့်ဖွယ်ပြောပြထားပါတယ်။

မေမြင့်မိုရ်ကို ပုဂံက ဝိညာဉ်တွေကဆွဲထားတဲ့အကြောင်းကိုလည်း “သူမရိုက်ခင်ရန်ကုန်မှာကတည်းက ပုဂံဝတ်စုံနဲ့ အမျိုးသားနှစ်ယောက်က ဒီကိုလာရင်စောင့်နေတယ်ဆိုပြီးတော့ ရန်ကုန်မှာကတည်းက အိပ်မက်ရတယ်တဲ့။ ရိုက်ပြီးတော့ ပြန်မယ်ဆိုတော့ သူ့ကိုဆွဲထားလို့ဆိုပြီးတော့ ကားပေါ်တက်မရဘူး အဲ့လိုတွေလည်းဖြစ်တယ်”လို့ခြောက်ချားဖွယ်ပြောထားပါသေးတယ်။

့ပရိသတ်ကြီးရော ဘဝမှာသရဲပူးခံရဖူးလား။ သရဲပူးခံရတဲ့အတွေ့အကြုံတွေအကြောင်းရော ကြားဖူးတာတွေရှိလား။ ရှိရင် Comment ထဲမှာ ပြောပြခဲ့ပေးပါဦးCredit-aungparsay