Latest Posts
အစိုးရထောက်ပံ့မှု့ဘာမျှမရခဲ့ပဲ ကိုယ့်စားရိတ်ကိုယ်သုံး နိုင်ငံဂုဏ်ဆောင်ကျသူများ
၃။သက်ထားသူဇာ
Unicode
အစိုးရထောက်ပံ့မှု့ဘာမျှမရခဲ့ပဲ ကိုယ့်စားရိတ်ကိုယ်သုံး နိုင်ငံဂုဏ်ဆောင်ကျသူများကျွန်တော်တို့နိုင်ငံမှာထူးချွန်သူမြောက်များစွာဟာအခုနောက်ပိုင်းမှာတော့ကမ္ဘာမှမြန်မာလို့ဆိုပြီးလက်မထောင်နိုင်အောင်ကြိုးစားနေသူတွေမြောက်များစွာပေါ်ထွက်လာတာကိုတွေ့ရပါတယ်။ရှေးယခင်ကတည်းကကမ္ဘာ့ထိတ်သီးရာထူးနေရာတွေကိုမြန်မာလူမျိုးတော်တော်များများကသိမ်းပိုက်ထားကျပါတယ်။ဥပမာပြောရရင်တော့ကုလသမဂ္ဂအထွေေထွေအတွင်းရေးမှု့ဦးသန့်လို ကမ္ဘာပထမဦးဆုံးအတွင်းရေးမှုးလည်းဖြစ်သလို တတိယကမ္ဘာစစ်ကို တားနိုင်ခဲ့တဲ့ တစ်ဦးတည်းသောသူရဲကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။
ဒီတစ်ခေါက်မှာပရိပ်သတ်ကြီးအတွက်တင်ဆက်ပေးမှာကတော့နိုင်ငံတော်ကထောက်ပံ့မှု့မပေးပဲကိုယ့်စားရိတ်ကိုယ်သုံးကြီးကမ္ဘာ့အလည်မှာမြန်မာဟေ့ဆိုပြီးလက်မထောင်နိုင်အောင်ကြိုးစားပေးနေတဲ့သူတို့အကြောင်းပဲဖြစ်ပါတယ်။
၁။ဝင်းထွန်း(ကမ္ဘာ့စစ်တုရင်ချန်ပီယံ)
အီတလီနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော ၂၀၁၇ ခုနှစ် ကမ္ဘာ့အပျော်တမ်း စစ်တုရင်ပြိုင်ပွဲတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၇ နိုင်ငံမှ စစ်တုရင်ကစားသမားများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ မြန်မာနိုင်ငံ ကိုယ်စားပြု ကိုဝင်းထွန်းမှ ပြိုင်ဘက် ၆၃ ဦးကို ယှဉ်ပြိုင်အနိုင်ရခဲ့ပြီး စစ်တုရင်ချန်ပီယံဆုကို မြန်မာနိုင်ငံအတွက် ပထမဦးဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ဒါပေမယ့်စိတ်မကောင်းစရာတစ်ခုကတော့သူ့ရဲ့အိမ်အပြန်လမ်းဟာခြောက်ကပ်နေခဲ့ပြီးကြိုဆိုမယ့်သူဆိုလို့သူ့မိသားစုဝင်တွေပဲရှိခဲ့ပါတယ်။
၂။အောင်လအန်ဆန်း(MMA Fighter)
အောင်လအန်ဆန်း (အင်္ဂလိပ်: Aung La Nsang)သည် အမေရိကန်နိုင်ငံ၊ အသုံးချ ကိုယ်ခံပညာ တိုက်ခိုက်ရေးလောက ပညာရှင်များသာ ယှဉ်ပြိုင်သည့် ပွဲစဉ်များတွင် မြန်မာ့စပါးအုံးမြွေ (Burmese Python) ဟု တင်စားခေါ်ဝေါ်ခြင်းခံရသော မြန်မာနိုင်ငံသားကချင်‌လူမျိုး၊ အမေရိကန်နိုင်ငံသား ကိုယ်ခံပညာသိုင်းပေါင်းစုံတိုက်ခိုက်ရေးသမားတစ်ဦး ဖြစ်သည်။ အရပ် ၆ ပေ ၁ လက်မနှင့် ခန္ဓာကိုယ် အလေးချိန် ၁၈၅ ပေါင်ရှိပြီး ကျောပြင်ပုခုံးနေရာတွင် “Jinghpaw” ဟု တက်တူးရေးထိုးထားသော MMA မက်ဒယ်လ်ဝိတ်တန်းရှင် ဖြစ်သည်။ စင်္ကာပူအခြေစိုက် ဝမ်းချန်ပီယံရှစ် (ONE Championship) အဖွဲ့အစည်းက ကျင်းပသည့် ဝမ်းချန်ပီယံရှစ်ခါးပတ်လုပွဲများတွင် မစ်ဒယ်ဝိတ် နှင့် လိုက်ဟဲဗီးဝိတ်တန်းများတွင် နှစ်ထပ်ကွမ်းချန်ပီယံဖြစ်သည်။သူလည်းထိုနည်းအတူပါပဲယခုအချိန်ထိနိုင်ငံ့ဂုဏ်ဆောင်နေခဲ့ပေမယ့်အစိုးရရဲ့ဂုဏ်ပြုလက်မှတ်တစ်ခုအပြင်ဘာမှအပိုအထောက်အပံ့ဆိုတာမရရှိပါဘူး။
၃။သက်ထားသူဇာ
မြန်မာ့အားကစားသမား ကြက်တောင်မယ်တစ်ဦးဖြစ်သည်။၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုများ ဆက်တိုက်ရရှိလာခဲ့သူဖြစ်သည်။သက်ထားသူဇာဆိုတာကိုအင်တာနက်စာမျက်နှာပေါ်အရမ်းဆူနေတော့မှအစိုးရကအနည်းအကျဉ်းထောက်ပံ့ပေးလာတာကိုတွေ့ရပါတယ်။ဒါတောင်Sea Gameပြိုင်ပွဲဝင်ခွင့်ရဖို့တစ်ကိုယ်တည်းရုံးကန်နေရတဲ့အခြေအနေပါ။
၄။Team Cyanide (Esports Gaming)
Esportsအဖွဲ့ချုပ်ကိုမြန်မာနိုင်ငံမှာဟိုနေ့ထောင်မယ်ဒီနေ့ထောင်မယ်ပြောနေပြေီးမကြာသေးခင်ကတော့အဖွဲ့ဖွဲ့ပြီးပြီလို့သိရပါတယ်။ဒါပေမယ့်လည်းTeam Cyanideကတော့ ဖီလစ်ပိုင်မှာကျင်းပခဲ့တဲ့WESG 2019ကို ကိုယ့်စားရိတ်ကိုယ်စားယှဉ်ပြိုင်ခဲ့ပြီးနိုင်ငံ့ဂုဏ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။
၅။ Burmese Ghouls (Esports Gaming)
BGလို့လူသိများတဲ့Burmese Ghoulsအသင်းဟာလည်းTeam Cyanideကဲ့သို့ပါပဲ။မကြာခဏနိုင်ငံရပ်ခြားအထိမြန်မာကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်နေပေမယ့်အစိုးရရဲ့အထောက်အပံ့ကိုမရရှိတဲ့အသင်းထဲကတစ်ခုဖြစ်ပါတယ်။မကြာသေးမီရက်ပိုင်းကမလေးရှားနိုင်ငံမှာကျင်းပနေတဲ့MLBB World Championship 2019ကို(3rd Runner Up)အနေနဲ့ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပေမယ့်အခုချိန်အထိတော့အစိုးရကဂုဏ်ပြုစာတစ်ကြောင်းတောင်မပေးရသေးပါဘူး။Credit-;Aung Zaw Linn(Aungparsay.co)