နိုင်ငံတကာ သွင်းဂိုး ၉၉ဂိုးအထိ ရှိသွားတဲ့ ရော်နယ်လ်ဒို
Credit-burmese.asia
Unicode
လတ်ဇင်ဘတ် ဝ-၂ ပေါ်တူဂီ / ဆားဘီးယား ၂-၂ ယူကရိန်း / လက်ရှိ ချန်ပီယံ ပေါ်တူဂီကလည်း ခြေစစ်ပွဲ နောက်ဆုံးနေ့မှာ လတ်ဇင်ဘတ်ကို ၂ဂိုးပြတ်နဲ့နိုင်ပြီး ယူရို ၂၀၂၀ ပြိုင်ပွဲကြီးကို တက်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ နေးရှင်းလိဂ်မှာ ဗိုလ်စွဲထားပေမယ့် ခြေစစ်ပွဲ Play-Offs အဆင့်သာ တက်ခွင့်ရသေးတဲ့ ပေါ်တူဂီဟာ ဘရူနို ဖာနန်ဒတ်စ်၊ ရော်နယ်လ်ဒိုတို့ရဲ့ သွင်းဂိုးတွေနဲ့ ၂ဂိုးပြတ် နိုင်ခဲ့တာပါ။
တစ်ချိန်တည်း ကစားတဲ့ ဆားဘီးယားက ယူကရိန်းနဲ့ သရေကျခဲ့လို့ ပေါ်တူဂီဟာ သရေ တစ်မှတ်ရရုံနဲ့ ခြေစစ်ပွဲအောင်မှာဖြစ်ပေမယ့် အုပ်စု ဒုတိယရခဲ့တာပါ။ ခြေစစ်ပွဲ အောင်ပြီးသားဖြစ်တဲ့ ယူကရိန်းက ၈ပွဲအပြီးမှာ ရမှတ် ၂၀ အထိရခဲ့ပြီး ပထမ ရခဲ့သလို ယူရို ချန်ပီယံ ပေါ်တူဂီက ၁၇မှတ်နဲ့ ဒုတိယရခဲ့ပါတယ်။ ဆားဘီးယားကတော့ ၁၄မှတ်နဲ့ တတိယနေရာသာ ရခဲ့တာ ဖြစ်ပါတယ်။ ပွဲမှာ အနိုင်ဂိုး တစ်ဂိုး သွင်းခဲ့ပြန်တဲ့ ရော်နယ်လ်ဒိုဟာ သူ့ရဲ့ နိုင်ငံတကာ သွင်းဂိုး ၉၉ဂိုးကို သွင်းယူခဲ့တာ ဖြစ်ပါတယ်။
လစ်သူယေးနီးယားအသင်း နဲ့ ပွဲစဉ်တုန်းကလည်း ရော်နယ်လ်ဒိုသည် ၅၅ ကြိမ်မြောက် ဟတ်ထရစ် ရရှိခဲ့ပြီး ပေါ်တူဂီအတွက် ၉ ကြိမ် နဲ့ သွင်းဂိုးအရေအတွက် ၉၉ ဂိုးဖြစ်လာခဲ့ပြီး အီရန်နိုင်ငံ၏အလီဒေးယီး( Ali Daei ) အပြီး၌ သူ၏နိုင်ငံအတွက်ရာစုနှစ်တစ်ခုဂိုးသွင်းနိုင်သည့်ဒုတိယကစားသမားဖြစ်လာခဲ့သည်။Credit-burmese.asia