Latest Posts

ကမ္ဘာပတ်ပြီးမောင်းလာတဲ့ ပြင်သစ်ဆိုင်ကယ်သမားကြီးမြန်မာပြည်က ဂျိမ်းစဘွန်းကားဆရာတွေနဲ့ တွေ့တော့မှဘဝပြောင်း

ကမၻာပတ္ၿပီးေမာင္းလာတဲ့ ျပင္သစ္ဆိုင္ကယ္သမားႀကီးလည္း ျမန္မာျပည္က ဂ်ိမ္းစဘြန္းကားဆရာေတြနဲ႔ ေတြ႕ေတာ့မွ ဘဝေျပာင္းသြားရွာတယ္။

နိုဝင္ဘာ ၁၆ -၂၀၁၉၊ စစ္ကိုင္းခရိုင္၊ျမင္းမူၿမိဳ႕နယ္၊ေဂြးပင္ေတာေက်းရြာမွာ နိုဝင္ဘာလ ဒီေန႔မနက္ ၁၁ နာရီေက်ာ္ ေလာက္က ျပင္သစ္နိုင္ငံသားတစ္ဦး ကားတိုက္ခံရၿပီး ေသဆုံးသြားခဲ့ပါတယ္။

ျပင္သစ္နိုင္ငံ၊ Lyon ၿမိဳ႕မွာေနတဲ့ Mr.Duvernay Roger Francois (၇၆) အပါအဝင္ ျပင္သစ္နိုင္ငံသား ေလးဦးက စစ္ကိုင္းကေန မုံရြာၿမိဳ႕ကို ဆိုင္ကယ္ေလးစီးနဲ႔ စီးနင္းေမာင္းႏွင္းလာရာ မ်က္ႏွာခ်င္ဆိုင္က အရာေတာ္ၿမိဳ႕နယ္၊ သလဲပါေက်းရြာေန ေက်ာ္ရဲေအာင္ (၃၁)ႏွစ္ ေမာင္းႏွင္းလာတဲ့ ယာဥ္အမွတ္ 5H/×××× KLUGER အျဖဴေရာင္ယာဥ္က သူ႔ရဲ့ေရွ႕က ကားႏွစ္စီးကို ေက်ာ္တက္တာမွာ တဖက္ယာဥ္ေၾကာကို ေရာက္သြားၿပီး ျပင္သစ္နိုင္ငံ သားေလးဦးအနက္ အေရွ႕ဆုံးက စီးနင္းေမာင္းႏွင္တဲ့ Mr.Duvernay Roger Francois ရဲ့ HONDA CRF အျဖဴေရာင္ဆိုင္ကယ္ကို မ်က္ႏွာခ်င္ဆိုင္ ဝင္ေရာက္တိုက္မိခဲ့တာပါ လို႔ တပ္ၾကပ္ႀကီး ဦးေမာင္ေမာင္သန္းက ေျပာပါတယ္။

ဝင္ေရာက္တိုက္မိခဲ့သည့္ အတြက္ Mr.Duvernay Roger Francois တြင္ ညာဘက္ဝမ္းဗိုက္သုံးလက္မေလာက္ ျပတ္ရွဒဏ္ရာတစ္ခ်က္၊ ဘယ္ဘက္လက္ဖမိုး ပြန္းပဲဒဏ္ရာ၊မ်က္ႏွာစုတ္ျပဲဏ္ရာ၊ဦးေခါင္းေႂကြမြဒဏ္ရာ၊ဝဲေျခက်င္းဝတ္ေပါက္ျပဲဒဏ္ရာမ်ားရရွိၿပီး အခင္းျဖစ္ပြားရာေနရာမွာတင္ပဲ ေသဆုံးသြားတယ္လို႔ တပ္ၾကပ္ႀကီး ဦးေမာင္ေမာင္သန္းက ေျပာပါတယ္။

ေသဆုံးသြားတဲ့ ျပင္သစ္နိုင္ငံသားရဲ့ ႐ုပ္အေလာင္းကို ျမင္းမူေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကာ အဲ့ဒီကတစ္ဆင့္ မႏၲေလးျပည္သူေဆး႐ုံကို ပို႔ေဆာင္ထားေၾကာင္းနဲ႔ ယာဥ္ေမာင္း ေက်ာ္ရဲေအာင္ ကို ျမင္းမူၿမိဳ႕မရဲစခန္းက ယာဥ္(ပ)၅၁/၂၀၁၉ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၄-က အရ အမႈဖြင့္ဖမ္းဆီးထိန္းသိမ္းထားပါတယ္။Credit-burmese.asia
Unicode
ကမ္ဘာပတ်ပြီးမောင်းလာတဲ့ ပြင်သစ်ဆိုင်ကယ်သမားကြီးလည်း မြန်မာပြည်က ဂျိမ်းစဘွန်းကားဆရာတွေနဲ့ တွေ့တော့မှ ဘဝပြောင်းသွားရှာတယ်။

နိုဝင်ဘာ ၁၆ -၂၀၁၉၊ စစ်ကိုင်းခရိုင်၊မြင်းမူမြို့နယ်၊ဂွေးပင်တောကျေးရွာမှာ နိုဝင်ဘာလ ဒီနေ့မနက် ၁၁ နာရီကျော် လောက်က ပြင်သစ်နိုင်ငံသားတစ်ဦး ကားတိုက်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။

ပြင်သစ်နိုင်ငံ၊ Lyon မြို့မှာနေတဲ့ Mr.Duvernay Roger Francois (၇၆) အပါအဝင် ပြင်သစ်နိုင်ငံသား လေးဦးက စစ်ကိုင်းကနေ မုံရွာမြို့ကို ဆိုင်ကယ်လေးစီးနဲ့ စီးနင်းမောင်းနှင်းလာရာ မျက်နှာချင်ဆိုင်က အရာတော်မြို့နယ်၊ သလဲပါကျေးရွာနေ ကျော်ရဲအောင် (၃၁)နှစ် မောင်းနှင်းလာတဲ့ ယာဉ်အမှတ် 5H/×××× KLUGER အဖြူရောင်ယာဉ်က သူ့ရဲ့ရှေ့က ကားနှစ်စီးကို ကျော်တက်တာမှာ တဖက်ယာဉ်ကြောကို ရောက်သွားပြီး ပြင်သစ်နိုင်ငံ သားလေးဦးအနက် အရှေ့ဆုံးက စီးနင်းမောင်းနှင်တဲ့ Mr.Duvernay Roger Francois ရဲ့ HONDA CRF အဖြူရောင်ဆိုင်ကယ်ကို မျက်နှာချင်ဆိုင် ဝင်ရောက်တိုက်မိခဲ့တာပါ လို့ တပ်ကြပ်ကြီး ဦးမောင်မောင်သန်းက ပြောပါတယ်။

ဝင်ရောက်တိုက်မိခဲ့သည့် အတွက် Mr.Duvernay Roger Francois တွင် ညာဘက်ဝမ်းဗိုက်သုံးလက်မလောက် ပြတ်ရှဒဏ်ရာတစ်ချက်၊ ဘယ်ဘက်လက်ဖမိုး ပွန်းပဲဒဏ်ရာ၊မျက်နှာစုတ်ပြဲဏ်ရာ၊ဦးခေါင်းကြွေမွဒဏ်ရာ၊ဝဲခြေကျင်းဝတ်ပေါက်ပြဲဒဏ်ရာများရရှိပြီး အခင်းဖြစ်ပွားရာနေရာမှာတင်ပဲ သေဆုံးသွားတယ်လို့ တပ်ကြပ်ကြီး ဦးမောင်မောင်သန်းက ပြောပါတယ်။

သေဆုံးသွားတဲ့ ပြင်သစ်နိုင်ငံသားရဲ့ ရုပ်အလောင်းကို မြင်းမူဆေးရုံကြီးသို့ ပို့ဆောင်ကာ အဲ့ဒီကတစ်ဆင့် မန္တလေးပြည်သူဆေးရုံကို ပို့ဆောင်ထားကြောင်းနဲ့ ယာဉ်မောင်း ကျော်ရဲအောင် ကို မြင်းမူမြို့မရဲစခန်းက ယာဉ်(ပ)၅၁/၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က အရ အမှုဖွင့်ဖမ်းဆီးထိန်းသိမ်းထားပါတယ်။Credit-burmese.asia