Latest Posts

အစ်ကိုက ဗန်ဒါသီးလေးတွေထု ညီက ရောင်းပေးတဲ့ တာမွေက ညီအစ်ကိုလေးရဲ့ သမ္မာအာဇီဝ



ဈေးဝယ်​​တော့လည်းချိုချိုသာသာနဲ့​ရောင်းတယ်​ အ​အေး​သောက်​မလား​မေး​တော့ က​လေး​လေးကရပါတယ်​တဲ့ ​သောက်​ပါလို့​ပြော​တော့ နည်းနည်း​သောက်​ပြီး ပြန်​​ပေးတယ်​ ရတယ်​ သား ​သောက်​ဖို့ တိုက်​တာဆို​တော့​ ​ပျော်​​နေတယ်
Unicode
ဒီနေ့ အလုပ်သွားရင်း တာမွေ Ocean ရှေ့နားမှာ အမှတ်မထင်တွေ့လိုက်ရတော့ စိတ်ထဲတစ်မျိုးလေးဖြစ်သွားတယ် ညီ်အစ်ကို ၂ယောက်တက်ညီလက်ညီနဲ့ ဈေးရောင်းနေကြတာ အစ်ကိုက ဗန်ဒါသီးလေးတွေထုတယ် ညီက ရောင်းပေးတယ်

ကြည်နူးဖို့လည်းကောင်းသလို သနားဖို့လည်းကောင်းတယ်..လေးစားအားကျဖို့လည်းကောင်းတယ် တစ်ခြားကလေးတွေ ဟိုလူ့လိုက်တောင်း ဒီလူ့လိုက်တောင်းနဲ့ သူတို့ကတော့ ပြုံးပြုံးလေးပဲ ကြိုးစားနေကြတာ

ဈေးဝယ်တော့လည်းချိုချိူသာသာနဲ့ရောင်းတယ် အအေးသောက်မလားမေးတော့ ကလေးလေးကရပါတယ်တဲ့ သောက်ပါလို့ပြောတော့ နည်းနည်းသောက်ပြီး ပြန်ပေးတယ် ရတယ် သား သောက်ဖို့ တိုက်တာဆိုတော့ ပျော်နေတယ်

ဘာပဲဖစ်ဖစ် ဒီအရွယ်နဲ့လောကဓံကို အံတုနေတဲ့သူတို့၂ယောက်စိတ်ဓာတ်ကိုတော့ တကယ်လေးစားတယ် အဲ့နားရောက်ဖစ်ရင်လည်း အားပေးလိုက်ကြပါဦး…ကိုယ်အတွက်အပန်းမကြီးပေမယ့် သူတို့အတွက်တော့ ထမင်းဖိုးလေးဖြစ်နိုင်တယ်Credit-aungparsay