ခင်ပွန်းဖြစ်သူရွှေထူးကတောင် ရွှေငါးလေးလို့တင်စားရလောက်တဲ့အထိ လှနေတဲ့ ရွှေမှုံရတီ
Unicode
ရွှေမှုံရတီဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေတာဖြစ်ပြီး လက်ရှိမှာ “ငရဲဆိုတာ ချိုနဲ့လား”ဆိုတဲ့ ဇာတ်ကားကြီးကိုရိုက်ကူးနေတာဖြစ်ပါတယ်။ ဒါ့အပြင် မကြာခင် ရုံတင်ပြသတော့မှာဖြစ်တဲ့ “ကျော်ကြားနှင့်အမွှေစိန်ဝိညာဉ်” ဇာတ်ကားမှာ ယောကျ်ားလျာအဖြစ်သရုပ်ဆောင်ထားတာကို ရွှေမှုံရဲ့ပရိသတ်တွေမြင်တွေ့ခံစားရတော့မှာ ဖြစ်ပါတယ်။
မနေ့က နိုဝင်ဘာလ (၁၆) ရက်နေ့က လည်း ပွဲအခမ်းအနားတစ်ခုကို တက်ရောက်ပေးခဲ့ပါတယ်။ရွှေမှုံရတီက ရန်ကုန်မြို့ Juction City မှာ ကျင်းပပြုလုပ်တဲ့ Lux Myanmar Yuzu Blossom Product Lunch Event ပွဲလေးကို အဝါရောင်ဝတ်စုံလေးနဲ့ တက်ရောက်ခဲ့ပါတယ်။
ရွှေမှုံရတီက အဝါရောင်ဝတ်စုံလေးနဲ့ အရမ်းကိုလှနေတာဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ ရွှေထူးကတောင် “ရွှေငါး” လို့ တင်စားထားတာ ဖြစ်ပါတယ်။
ရွှေမှုံရတီကတော့ ပရိသတ်တွေ ယစ်မူးသွားအောင် သူမရဲ့ အလှတွေနဲ့ ဖမ်းစားထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရွှေမှုံရတီရဲ့ အမိုက်စားပုံရိပ်တွေကို သဘောကျရင် Like and Share လုပ်ဖို့ မမေ့ပါနဲ့နော်။Credit-burmese.asia