နယ်မင်းသားတစ်ယောက်ဖြစ်လို့မြို့မင်းသားတွေကြားမှာ သိမ်ငယ်ရတယ်ဆိုတဲ့ နေထက်လင်း
Unicode
ရုပ်ရှင်နဲ့ ဗွီဒီယိုသရုပ်ဆောင် နေထက်လင်းဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးခြင်းခံရတဲ့ အက်ရှင်မင်းသားတစ်ယောက်ပါ။သူ့ရဲ့ပြောင်မြောက်လှတဲ့ သရုပ်ဆောက်ချက်တွေကြောင့်ပရိသတ်အခိုင်အမာရရှိထားသူဝါရင့်သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ဗွီဒီယိုခေတ်ကတည်းက နာမည်ကြီး လူကြိုက်များခဲ့တဲ့ မင်းသားတစ်လက်ဆိုလည်း မှားမယ် မထင်ပါဘူး။ နယ်ပရိသတ်တွေအများစုက လည်း နေထက်လင်းရဲ့ပ ရိသတ်တွေဖြစ်ပြီး သူ့ရဲ့ဇာတ်ကားတွေကို မလွတ်တမ်းကြည့်ရှုကြတဲ့ အမာခံဖန်တွေဆိုလည်း
မမှားပါဘူးနော်၊ နယ်ကြိုက်မင်းသားတစ်ယောက်ဖြစ်ပေမယ့် ဒွေးတို့ ကျော်ဟိန်းတို့ကိုယ်တိုင်က မြို့ပရိသတ်မရှိပေမယ့် ဆယ်မိုင်ကုန်းကျော်ရင်တော့နေထက်လင်း ပရိသတ်တွေကြီးပဲလို့ ပြောခဲ့ဖူးလို့ ဒီစကားလေးတွေကြောင့် ဂုဏ်ယူရတယ်လို့ နေထက်လင်းက ပြောပြလာခဲ့ပါတယ်။
ဒါပေမယ့် မြို့မင်းသား မင်းသမီးတွေကြားမှာ ကိုယ့်ကိုယ်ကို သိမ်ငယ်ပြီး လူတောမတိုးရဲဘူးဖြစ်နေတယ်လို့လည်း သူ့ရဲ့ခံစားချက်တွေကို ဖွင့်ဟလာခဲ့ပါတယ်။ နယ်မင်းသားဖြစ်တဲ့အတွက် ပွဲတွေဘာတွေလဲ မတက်ရဲသလို အင်တာဗျူးတွေတောင် မဖြေရဲဘဲသိမ်ငယ်ခဲ့ရတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် နေထက်လင်းရဲ့ နယ်ပရိသတ်တွေကတော့ခုချိန်ထိ သူ့ကိုအားပေးချစ်ခင်နေကြဆဲပါပဲပရိသတ်ကြီးရေ။ နေထက်လင်းကို ချစ်တဲ့ ပရိသတ်ကြီးကလည်း နယ်မင်းသားဖြစ်လို့ သိမ်ငယ်နေရတဲ့ နေထက်လင်းအတွက်အားပေးစကားလေးတွေ ပြောပေးခဲ့ပါဦးနော်။ ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။Credit-aungparsay