ျမန္မာနိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံးရဲ့ ဥကၠဌ အျဖစ္ လ်ာထားျခင္းခံရတဲ့ ညီညီထြန္းလြင္
ဦးဇင္ဝိုင္း ဥကၠဌ ရာထူးက ႏုတ္ထြက္စာတင္ၿပီးေနာက္ ဥကၠဌရာထူးအတြက္႐ုပ္ရွင္အစည္းအ႐ုံးက တာဝန္ရွိသူမ်ား ဝိုင္းဝန္းေဆြးေႏြးတဲ့အခ်ိန္မွာ အတြင္းေရးမွုးျဖစ္သူ ဒါရိုက္တာ ညီညီထြန္းလြင္ကို ဥကၠဌအျဖစ္ ေပးအပ္ဖို့အတြက္ ဝိုင္းဝန္းတိုက္တြန္းခဲ့ၾကတယ္လို့ သိရပါတယ္။
ဒါေပမယ့္လည္း ဥကၠဌရာထူးနဲ႔ ပတ္သက္ၿပီး နိုဝင္ဘာ(၆)ရက္ေန႔တြင္ ႐ုပ္ရွင္အစည္းအ႐ုံး နာယကႀကီးမ်ား အစည္းအေဝးလုပ္ၿပီးခ်ိန္မွ တိတိက်က် အေျဖေပးနိုင္မယ္လို့ အတြင္းေရးမွူး ဒါရိုက္တာ ညီညီထြန္းလြင္ကဆိုပါတယ္။
“အခုက ဥကၠဌရာထူးလစ္လပ္သြားတဲ့ အဲဒီေနရာမွ ဘယ္သူကို ေပးမလဲဆိုတာမ်ိဳး ဝိုင္းစဥ္းစားေနတုန္းေပ့ါ။ နာယကႀကီးေတြနဲ႔ အဂၤါေန႔မွာ အစည္းအေဝးလုပ္ၿပီးမွ ဘယ္သူဆိုတာ တိတိက်က် ေျပာလို့ရမယ္။ ေလာေလာဆယ္ေတာ့ အားလုံးက ဦးညီကို လုပ္ေစခ်င္လို့ ဝိုင္းၿပီး congratulation လုပ္တဲ့သေဘာပါ။ ေသခ်ာေတာ့ ေျပာလို့မရေသးဘူး” လို့ ေျပာပါတယ္။
ဒါရိုက္တာ ညီညီထြန္းလြင္ကို ဥကၠဌ ရာထူးေပးအပ္ဖို့အတြက္ လ်ာထားတဲ့အခ်ိန္မွာလည္း အႏုပညာေလာက သားမ်ားအားလုံးက ဝမ္းေျမာက္ ဂုဏ္ယူလို့ေနၾကပါတယ္။ ႐ုပ္ရွင္ေလာကသားေတြရဲ့ အက်ိဳးကို သယ္ပိုးနိုင္မယ့္ သူတစ္ေယာက္ အျဖစ္ ျမင္ေတြ႕ခ်င္တယ္ဆိုတဲ့ မွတ္ခ်က္ေတြလည္း ေပးထားၾကတာ ေတြ႕ရပါတယ္။Credit-aungparsay
Unicode
မြန်မာနိုင်ငံရဲ့ ဥက္ကဌ ဦးဇင်ဝိုင်းက နိုဝင်ဘာ(၁) ရက်နေ့က ရုပ်ရှင်အစည်းအရုံးဥက္ကဌရာထူးကနေ နုတ်ထွက်စာ တင်ခဲ့တာ ဖြစ်ပါတယ်။
ဦးဇင်ဝိုင်း ဥက္ကဌ ရာထူးက နုတ်ထွက်စာတင်ပြီးနောက် ဥက္ကဌရာထူးအတွက်ရုပ်ရှင်အစည်းအရုံးက တာဝန်ရှိသူများ ဝိုင်းဝန်းဆွေးနွေးတဲ့အချိန်မှာ အတွင်းရေးမှုးဖြစ်သူ ဒါရိုက်တာ ညီညီထွန်းလွင်ကို ဥက္ကဌအဖြစ် ပေးအပ်ဖို့အတွက် ဝိုင်းဝန်းတိုက်တွန်းခဲ့ကြတယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း ဥက္ကဌရာထူးနဲ့ ပတ်သက်ပြီး နိုဝင်ဘာ(၆)ရက်နေ့တွင် ရုပ်ရှင်အစည်းအရုံး နာယကကြီးများ အစည်းအဝေးလုပ်ပြီးချိန်မှ တိတိကျကျ အဖြေပေးနိုင်မယ်လို့ အတွင်းရေးမှူး ဒါရိုက်တာ ညီညီထွန်းလွင်ကဆိုပါတယ်။
“အခုက ဥက္ကဌရာထူးလစ်လပ်သွားတဲ့ အဲဒီနေရာမှ ဘယ်သူကို ပေးမလဲဆိုတာမျိုး ဝိုင်းစဉ်းစားနေတုန်းပေ့ါ။ နာယကကြီးတွေနဲ့ အင်္ဂါနေ့မှာ အစည်းအဝေးလုပ်ပြီးမှ ဘယ်သူဆိုတာ တိတိကျကျ ပြောလို့ရမယ်။ လောလောဆယ်တော့ အားလုံးက ဦးညီကို လုပ်စေချင်လို့ ဝိုင်းပြီး congratulation လုပ်တဲ့သဘောပါ။ သေချာတော့ ပြောလို့မရသေးဘူး” လို့ ပြောပါတယ်။
ဒါရိုက်တာ ညီညီထွန်းလွင်ကို ဥက္ကဌ ရာထူးပေးအပ်ဖို့အတွက် လျာထားတဲ့အချိန်မှာလည်း အနုပညာလောက သားများအားလုံးက ဝမ်းမြောက် ဂုဏ်ယူလို့နေကြပါတယ်။ ရုပ်ရှင်လောကသားတွေရဲ့ အကျိုးကို သယ်ပိုးနိုင်မယ့် သူတစ်ယောက် အဖြစ် မြင်တွေ့ချင်တယ်ဆိုတဲ့ မှတ်ချက်တွေလည်း ပေးထားကြတာ တွေ့ရပါတယ်။Credit-aungparsay

