Latest Posts

ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့ ဘားအံမြို့ က ၆ တန်းကျောင်း သူလေးရဲ့ ရင်နင့်စရာ အဖြစ်ဆိုး

ျမန္မာႏိုင္ငံမွာ အ႐ိုးစြဲေနတဲ့ အက်င့္တစ္ခု ရွိပါတယ္။ အဲ့တာကေတာ့ မိဘသည္သာအၿမဲတမ္း အမွန္ျဖစ္တယ္ဆိုတဲ့ အခ်က္ပါပဲ။ အထူးသျဖင့္ မိဘကို သက္ရွိဘုရားလို တန္ဖိုးထားတတ္တဲ့ ျမန္မာေတြရဲ႕ ေကာင္းေသာအက်င့္တစ္ခုေၾကာင့္ ဆိုရင္လည္းမမွားပါဘူး။ ဒီလိုေျပာလို႔ မိဘ စကားနားမေထာင္ခိုင္းတာ မဟုတ္ပါဘူး။ မိဘဆိုတာကကိုယ့္ထက္ အေတြ႕အႀကဳံရွိတယ္ ၊ ကိုယ့္ေဘးကို မလိုလားသူ ၊ ကိုယ့္ဒုကၡကို ခံစားသူေတြ ျဖစ္တယ္ဆိုတာေတာ့ လုံးဝယုံမွား သံသယမရွိပါနဲ႔ေနာ္။
အခု သတင္းေလး တစ္ခုအေၾကာင္းေျပာျပခ်င္ပါတယ္။ အဲ့တာကေတာ့ ကရင္ျပည္နယ္ဘားအံၿမိဳ႕နယ္က နတ္ထိပ္ေက်း႐ြာအုပ္စုထဲက တမိုစိန္ ေက်း႐ြာမွာ ျဖစ္ပြားခဲ့တာပါ။ဆဌမတန္းေက်ာင္းသူ အမ်ိဳးသမီးငယ္ေလး တစ္ဦး မိမိကိုယ္ကို ႀကိဳးဆြဲခ်ၿပီး သတ္ေသခဲ့တာျဖစ္ပါတယ္။ လက္ရွိသိရွိရတဲ့ အေၾကာင္းအရေတာ့ သူမဟာ မိဘေတြနဲ႔ အတူေနထိုင္သူမဟုတ္ပဲနဲ႔ အဖြားနဲ႔သာ ေနရသူပါ။ မိဘေတြက ထိုင္းမွာ အလုပ္လုပ္ပါတယ္။ သူမကို ေမြးၿပီးေတာ့ အဖြားနဲ႔ လာထားတာပါ။ကေလးမေလးက မေသဆုံးခင္ တစ္လေလာက္ အလိုကတည္းက မိဘေတြကို ေတြ႕ခ်င္ေၾကာင္း သတိရေၾကာင္း အၿမဲေျပာေနခဲ့တယ္လို႔ သိရပါတယ္။ အခုေတာ့ သူမဟာ မိဘေတြသူ႔ကိုမခ်စ္တဲ့ဖူးဆိုတဲ့ အသိနဲ႔ စိတ္ဖိစီးၿပီး ကိုယ့္ကိုကိုယ္ အဆုံးဆီရင္လိုက္တယ္လို႔ အၾကမ္းဖ်ဥ္း သုံးသပ္ေနၾကပါတယ္။

ဒါေပမယ့္ မသကၤာစရာ တစ္ခုလည္း ရွိေနပါတယ္။ ဒါကေတာ့ ကေလးမဟာ ႀကိဳးဆြဲခ်ေသဆုံးသူတို႔မွာ ရွိရမယ့္ လကၡဏာေတြ ျဖစ္တဲ့ ၊ မ်က္လုံးျပဴးျခင္း ၊ လက္သီးဆုပ္ျခင္း ၊ သြားရည္ေတြက်ေနျခင္းေတြ ရွိမေနဘူးဆိုတဲ့ အခ်က္ပါပဲ။ ဒါေၾကာင့္ သူမကို သတ္ျဖတ္ၿပီးမွ အမႈကို သက္ေသသလို ျဖစ္ေအာင္ စီစဥ္ထားတာလားဆိုၿပီးေတာ့လည္း သက္ဆိုင္သူေတြက သံသယရွိၿပီး စစ္းေဆးေနၾကပါတယ္။

ဘာပဲျဖစ္ျဖစ္ မိဘနဲ႔ သားသမီးအၾကားက အျပန္အလွန္နားလည္မႈေလး ၊ တစ္ဖက္နဲ႔တစ္ဖက္ ခံစားခ်က္ေလးေတြကို ေဝမွ်မခံစားႏိုင္ခဲ့တာေၾကာင့္ မိဘေတြလည္း ရင္က်ိဳးရသလို ၊ ရခဲလွတဲ့ လူ႔ဘဝေလးလည္း ဆိတ္သုန္းလိုက္ရပါတယ္။ ဒါေၾကာင့္ မိဘေတြအေနနဲ႔ သားသမီးေတြရဲ႕ ခံစားခ်က္ ေလးေတြကို အေလးျပဳနားေထာင္ႏိုင္ၾကပါေစ ။ သား သမီးေတြကလည္း မိဘေတြရဲ႕ စိုးရိမ္မႈ ခံစားခ်က္ေလးေတြကို အသိအမွတ္ျပဳႏိုင္ၾကပါေစလို႔ ဆုေတာင္းရင္း အားလုံး သတိထားေစဖို႔ မွ်ေဝေပးလိုက္ပါတယ္ေနာ္။Credit-burmese.asia
Unicode
မြန်မာနိုင်ငံမှာ အရိုးစွဲနေတဲ့ အကျင့်တစ်ခု ရှိပါတယ်။ အဲ့တာကတော့ မိဘသည်သာအမြဲတမ်း အမှန်ဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။ အထူးသဖြင့် မိဘကို သက်ရှိဘုရားလို တန်ဖိုးထားတတ်တဲ့ မြန်မာတွေရဲ့ ကောင်းသောအကျင့်တစ်ခုကြောင့် ဆိုရင်လည်းမမှားပါဘူး။ ဒီလိုပြောလို့ မိဘ စကားနားမထောင်ခိုင်းတာ မဟုတ်ပါဘူး။ မိဘဆိုတာကကိုယ့်ထက် အတွေ့အကြုံရှိတယ် ၊ ကိုယ့်ဘေးကို မလိုလားသူ ၊ ကိုယ့်ဒုက္ခကို ခံစားသူတွေ ဖြစ်တယ်ဆိုတာတော့ လုံးဝယုံမှား သံသယမရှိပါနဲ့နော်။

အခု သတင်းလေး တစ်ခုအကြောင်းပြောပြချင်ပါတယ်။ အဲ့တာကတော့ ကရင်ပြည်နယ်ဘားအံမြို့နယ်က နတ်ထိပ်ကျေးရွာအုပ်စုထဲက တမိုစိန် ကျေးရွာမှာ ဖြစ်ပွားခဲ့တာပါ။ဆဌမတန်းကျောင်းသူ အမျိုးသမီးငယ်လေး တစ်ဦး မိမိကိုယ်ကို ကြိုးဆွဲချပြီး သတ်သေခဲ့တာဖြစ်ပါတယ်။ လက်ရှိသိရှိရတဲ့ အကြောင်းအရတော့ သူမဟာ မိဘတွေနဲ့ အတူနေထိုင်သူမဟုတ်ပဲနဲ့ အဖွားနဲ့သာ နေရသူပါ။ မိဘတွေက ထိုင်းမှာ အလုပ်လုပ်ပါတယ်။ သူမကို မွေးပြီးတော့ အဖွားနဲ့ လာထားတာပါ။ကလေးမလေးက မသေဆုံးခင် တစ်လလောက် အလိုကတည်းက မိဘတွေကို တွေ့ချင်ကြောင်း သတိရကြောင်း အမြဲပြောနေခဲ့တယ်လို့ သိရပါတယ်။ အခုတော့ သူမဟာ မိဘတွေသူ့ကိုမချစ်တဲ့ဖူးဆိုတဲ့ အသိနဲ့ စိတ်ဖိစီးပြီး ကိုယ့်ကိုကိုယ် အဆုံးဆီရင်လိုက်တယ်လို့ အကြမ်းဖျဉ်း သုံးသပ်နေကြပါတယ်။

ဒါပေမယ့် မသင်္ကာစရာ တစ်ခုလည်း ရှိနေပါတယ်။ ဒါကတော့ ကလေးမဟာ ကြိုးဆွဲချသေဆုံးသူတို့မှာ ရှိရမယ့် လက္ခဏာတွေ ဖြစ်တဲ့ ၊ မျက်လုံးပြူးခြင်း ၊ လက်သီးဆုပ်ခြင်း ၊ သွားရည်တွေကျနေခြင်းတွေ ရှိမနေဘူးဆိုတဲ့ အချက်ပါပဲ။ ဒါကြောင့် သူမကို သတ်ဖြတ်ပြီးမှ အမှုကို သက်သေသလို ဖြစ်အောင် စီစဉ်ထားတာလားဆိုပြီးတော့လည်း သက်ဆိုင်သူတွေက သံသယရှိပြီး စစ်းဆေးနေကြပါတယ်။

ဘာပဲဖြစ်ဖြစ် မိဘနဲ့ သားသမီးအကြားက အပြန်အလှန်နားလည်မှုလေး ၊ တစ်ဖက်နဲ့တစ်ဖက် ခံစားချက်လေးတွေကို ဝေမျှမခံစားနိုင်ခဲ့တာကြောင့် မိဘတွေလည်း ရင်ကျိုးရသလို ၊ ရခဲလှတဲ့ လူ့ဘဝလေးလည်း ဆိတ်သုန်းလိုက်ရပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ သားသမီးတွေရဲ့ ခံစားချက် လေးတွေကို အလေးပြုနားထောင်နိုင်ကြပါစေ ။ သား သမီးတွေကလည်း မိဘတွေရဲ့ စိုးရိမ်မှု ခံစားချက်လေးတွေကို အသိအမှတ်ပြုနိုင်ကြပါစေလို့ ဆုတောင်းရင်း အားလုံး သတိထားစေဖို့ မျှဝေပေးလိုက်ပါတယ်နော်။Credit-burmese.asia