Latest Posts

အနုပညာမောင်နှမတွေနဲ့အတူ မင်္ဂလာညစာစားပွဲကို ဆင်နွဲခဲ့တဲ့ ချစ်စနိုးဦးတို့စုံတွဲ

ကိုယ္ခ်စ္တဲ့သူနဲ႔ ႏွစ္ေယာက္တစ္ဘဝထူေထာင္ခြင့္ရတာေလာက္ ေပ်ာ္စရာေကာင္းတာ မရွိပါဘူး။သ႐ုပ္ေဆာင္ ခ်စ္စႏိုးဦးတို႔ စုံတြဲကေတာ့ ႏိုဝင္ဘာ(၂) ရက္ေန႔ညက The One Entertainment Park မွာ အႏုပညာေမာင္ႏွမေတြနဲ႔အတူ မဂၤလာညစာစားပြဲႀကီးကို ခမ္းနားစြာ ျပဳလုပ္ခဲ့ပါတယ္။ ႏွစ္ေယာက္သား မ်က္ႏွာမွာ အၿပဳံးေတြကိုယ္စီနဲ႔ မဂၤလာညစာစားပြဲႀကီးကို ေပ်ာ္႐ႊင္စြာ ဆင္ႏႊဲခဲ့ၾကတာကလည္း ၾကည့္ရတဲ့ ပရိသတ္ေတြအဖို႔ ၾကည္ႏူးဖို႔ ေကာင္းလွပါတယ္။ ခ်စ္စႏိုးဦးရဲ႕ သူငယ္ခ်င္းေတြ၊ အႏုပညာေမာင္ႏွမေတြကလည္း ခ်စ္ရတဲ့သူနဲ႔အတူ လက္တြဲခြင့္ရတဲ့ သူမဖို႔ ဝမ္းသာလို႔ ေနၾကပါတယ္။
သူတို႔စုံတြဲေလးဟာ ေအာက္တိုဘာ(၂၀) ရက္ေန႔က အလံျပဘုရားေက်ာင္းမွာ မဂၤလာဦးဆြမ္းေကြၽး ျပဳလုပ္ခဲ့သလို ေအာက္တိုဘာ(၁၆) ရက္ေန႔မွာ ႏွစ္ဖက္မိသားစု စုံစုံလင္လင္နဲ႔ lotte Hotel တြင္ မဂၤလာေမာ္ကြန္းတင္ လက္မွတ္ေရးထိုးပြဲကို ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။စုလ်ားရစ္ပတ္ထိမ္းျမားမဂၤလာကိုေတာ့ ေအာက္တိုဘာ(၂၆) ရက္ေန႔က ႏိုဗိုတယ္ဟိုတယ္မွာ ျပဳလုပ္ခဲ့တာပါ။

သူတို႔ႏွစ္ဦးကေတာ့ ခ်စ္သူသက္တမ္း(၆)ႏွစ္ေက်ာ္မွာ ေ႐ႊလက္တြဲခဲ့တာ ျဖစ္ပါတယ္။ ခ်စ္စႏိုးဦးရဲ႕ ခ်စ္သူကေတာ့ အဆိုေတာ္တစ္ဦးအျဖစ္ ဂီတေလာကမွာ ရပ္တည္ေနၿပီး ပရိသတ္ေတြသိတဲ့ အဆိုေတာ္တစ္ဦးလည္း ျဖစ္ပါတယ္။ခ်စ္စႏိုးဦးကိုေတာ့ သ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္ ပရိသတ္ေတြ စတင္သိရွိလာတာ ျဖစ္ပါတယ္။ အခုခ်ိန္မွာေတာ့ သူမဟာ ဂီတအလုပ္ကိုပဲ တစိုက္မတ္မတ္ ေဆာင္႐ြက္ေနသူပါ။Credit-burmese.asia
Unicode
ကိုယ်ချစ်တဲ့သူနဲ့ နှစ်ယောက်တစ်ဘဝထူထောင်ခွင့်ရတာလောက် ပျော်စရာကောင်းတာ မရှိပါဘူး။သရုပ်ဆောင် ချစ်စနိုးဦးတို့ စုံတွဲကတော့ နိုဝင်ဘာ(၂) ရက်နေ့ညက The One Entertainment Park မှာ အနုပညာမောင်နှမတွေနဲ့အတူ မင်္ဂလာညစာစားပွဲကြီးကို ခမ်းနားစွာ ပြုလုပ်ခဲ့ပါတယ်။ နှစ်ယောက်သား မျက်နှာမှာ အပြုံးတွေကိုယ်စီနဲ့ မင်္ဂလာညစာစားပွဲကြီးကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြတာကလည်း ကြည့်ရတဲ့ ပရိသတ်တွေအဖို့ ကြည်နူးဖို့ ကောင်းလှပါတယ်။ ချစ်စနိုးဦးရဲ့ သူငယ်ချင်းတွေ၊ အနုပညာမောင်နှမတွေကလည်း ချစ်ရတဲ့သူနဲ့အတူ လက်တွဲခွင့်ရတဲ့ သူမဖို့ ဝမ်းသာလို့ နေကြပါတယ်။
သူတို့စုံတွဲလေးဟာ အောက်တိုဘာ(၂၀) ရက်နေ့က အလံပြဘုရားကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး ပြုလုပ်ခဲ့သလို အောက်တိုဘာ(၁၆) ရက်နေ့မှာ နှစ်ဖက်မိသားစု စုံစုံလင်လင်နဲ့ lotte Hotel တွင် မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။စုလျားရစ်ပတ်ထိမ်းမြားမင်္ဂလာကိုတော့ အောက်တိုဘာ(၂၆) ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်ခဲ့တာပါ။
သူတို့နှစ်ဦးကတော့ ချစ်သူသက်တမ်း(၆)နှစ်ကျော်မှာ ရွှေလက်တွဲခဲ့တာ ဖြစ်ပါတယ်။ ချစ်စနိုးဦးရဲ့ ချစ်သူကတော့ အဆိုတော်တစ်ဦးအဖြစ် ဂီတလောကမှာ ရပ်တည်နေပြီး ပရိသတ်တွေသိတဲ့ အဆိုတော်တစ်ဦးလည်း ဖြစ်ပါတယ်။ချစ်စနိုးဦးကိုတော့ သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိလာတာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ သူမဟာ ဂီတအလုပ်ကိုပဲ တစိုက်မတ်မတ် ဆောင်ရွက်နေသူပါ။Credit-burmese.asia