Latest Posts

အပီအပြင်အနမ်းခန်းတွေနဲ့ သားသားရဲ့ ဂျင်းနီ ရဲ့သီချင်း

Credit-burmese.asia
Unicode
ပရိသတ်တွေကြားမှာ နာမည်ကြီးနဲ့ အပီအပြင်အနမ်းခန်းတွေနဲ့ သားသားရဲ့ ဂျင်းနီ ရဲ့သီချင်းကတော့ (၂၀၁၈)ခုနှစ်အောက်တိုဘာလ(၂၁)ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ ထက်ယံနဲ့သားသားတို့ရဲ့ “ရှေ့မှီနောက်မှီ” တေးစီရီးထဲမှာ ပါဝင်ခဲ့တဲ့ “ပို့သသောမေတ္တာ” သီချင်းရဲ့ (Official Music Video)ပဲဖြစ်ပါတယ်။အဆိုတော်သားသားနဲ့ ဂျင်းနီတို့ရဲ့ ”ပို့သသောမေတ္တာ” (Official Music Video) ထွက်ရှိလာခဲ့ပြီး ဒီသီချင်းလေးကတော့ ချစ်ရသူ စိုးရိမ်တစ်ကြီးနဲ့ အလွမ်းသယ်ကာ မှာတမ်းခြွေနေတဲ့ အလွမ်းသီချင်းလေးပဲဖြစ်ပါတယ်။
နိုင်ငံကျော် အဆိုတော်တစ်ယောက်ဖြစ်ပြီး ပျိုမေတွေအသည်းစွဲ အဆိုတော်သာသားကတော့ အလွမ်းသီချင်းလေးတွေ သီဆိုလေ့ရှိပြီး ပရိသတိအခိုင်အမာရရှိထားသူပဲဖြစ်ပါတယ်။သူကတော့ အခုနောက်ပိုင်းမှာ တကိုယ်တော်အခွေ ထွက်ဖို့အတွက် အခက်အခဲ ရှိတာကြောင့် မထွက်ဖြစ်ဘဲ တခြားအနုပညာရှင်တွေအတွက်သာ သီချင်းများ ဖန်တီးပေးနေရပြီး သူရဲ့ဖန်တီးထားတဲ့သီချင်းတွေက လူငယ်အကြိုက် သီချင်းတွေများဖြစ်ပါတယ်။
အဆိုကောင်း အကကောင်းလို့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုအခိုင်အမာရရှိထားတဲ့ ဂျင်းနီကတော့ ဆွဲဆောင်မှုရှိသည့် ကိုယ်ခန္ဓာအချိုးအစား ပိုင်ဆိုင်ထားပြီး ငယ်စဉ်ကတည်းက မြန်မာအကကို ဝါသနာပါတဲ့သူလည်းဖြစ်ပါတယ်။ပရိသတ်ကြီးအတွက် အပီအပြင်အနမ်းခန်းတွေပါဝင်တဲ့ သားသားနဲ့ ဂျင်နီတို့ရဲ့ “ပို့သသောမေတ္တာ” သီချင်းရဲ့ (Official Music Video) ကိုမျှဝေလိုက်ပါတယ်။Credit-burmese.asia