Latest Posts

” အမေဒေါ်အောင်ဆန်းစုကြည့်နဲ့ကိုယ်ရံတော်မလေး ချယ်ရီထက်ကို စာအုပ်နဲ့ သီချင်းခွေ လက်ဆောင်ပေးလိုက်တဲ့ ဇဏ်ခီ “


Credit-aungparsay
Unicode
လက်ရှိပြသနေဆဲဖြစ်တဲ့ ” ထာဝရနှောင်ကြိုး”ရုပ်ရှင်ဇာတ်ကားမှာ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ ဇဏ်ခီကတော့ သရုပ်ဆောင်တစ်ယောက်သာမက စာရေးကောင်းတဲ့ စာရေးဆရာတစ်ယောက်အဖြစ်ပါ ပရိသတ်ရဲ့လက်ခံအားပေးမှုကိုရရှိထားပါတယ်။ဇဏ်ခီဟာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည့်နဲ့ကိုယ်ရံတော်မလေး ချယ်ရီထက်ကို သူကိုယ်တိုင်ရေးသားထားတဲ့ “ကိုယ်တိုင်သိရှိသွားမှု ” စာအုပ်နဲ့ ” ထာဝရနှောင်ကြိုး”ရုပ်ရှင်ဇာတ်ကားကြီးရဲ့ဇာတ်ဝင်တေး သီချင်းခွေ လက်ဆောင်ပေးခဲ့တာလည်းဖြစ်ပါတယ်။

“မုဒြာခေါ်သံ”၊”ဥပါယ်တံမျဉ်”ရုပ်ရှင်ဇာတ်ကားတွေမှာထဲ ပရိသတ်တွေကို ထူးခြားတဲ့ အနုပညာစွမ်းရည်တွေချပြခဲ့တဲ့ ဇဏ်ခီဟာ ” ထာဝရနှောင်ကြိုး”ဇာတ်ကားမှာဆိုရင် နောက်ခံသီချင်းကို ရေးသားသီဆိုထားသလို ဇာတ်လမ်းရဲ့ဇာတ်ညွှန်းကိုလည်းရေးသားထားပြီး သူကိုယ်တိုင်ရေးသားထားတဲ့ စာအုပ်ဖြစ်တဲ့ “ကိုယ်တိုင်သိရှိသွားမှု” ဟာလည်းထွက်ရှိထားပါသေးတယ်။ဒါကြောင့်လည်း သူဟာသရုပ်ဆောင်တစ်ယောက်အပြင် အခြားသောအနုပညာစွမ်းရည်များစွာပြည့်ဝတဲ့သူတစ်ယောက်လို့ဆိုရမှာပါ။

ပရိသတ်ကြီးရေ ဇဏ်ခီးကတော့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည့်နဲ့ကိုယ်ရံတော်မလေး ချယ်ရီထက်ကို သူကိုယ်တိုင်ရေးသားထားတဲ့ “ကိုယ်တိုင်သိရှိသွားမှု ” စာအုပ်နဲ့ ” ထာဝရနှောင်ကြိုး”ရုပ်ရှင်ဇာတ်ကားကြီးရဲ့ဇာတ်ဝင်တေး သီချင်းခွေ လက်ဆောင်ပေးခဲ့တာတဲ့နော်။Credit-aungparsay