ကိုအောင်ကြီး မောင်းတဲ့Wisdom Hill မူကြိုကျောင်းကားမှာ လူစီးအဖြစ် အသုံးပြုခွင့်မရှိတဲ့ လုပ်ငန်းသုံးယာဉ် (Delivery Van)အမျိုးအစားဖြစ်နေ
သံသယတရားခံကိုေအာင္ႀကီးကို ယာဥ္ေမာင္းအျဖစ္ ေမာင္းႏွင္ခိုင္းခဲ့တဲ့ Suzuki Every ေမာ္ေတာ္ယာဥ္ဟာ လူစီးအျဖစ္အသုံးျပဳခြင့္မရွိတဲ့ Delivery Van အမ်ိဳးအစားျဖစ္ေနတယ္လို႔ ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာန အခ်က္အလက္ေတြအရသိရပါတယ္။
ေဒၚဥမၼာလႈိင္ရဲ႕ ခင္ပြန္း ဦးရန္ေနာင္စိုးရဲ႕ထြက္ဆိုခ်က္အရ သူတို႔ အေနနဲ႔ အခုႏွစ္ ငါးလပိုင္းမွာ Suzuki Every Weagon ကားကိုေက်ာင္းကားအျဖစ္အသုံးျပဳဖို႔ဝယ္ယူခဲ့တာျဖစ္တယ္လို႔လည္းသိရပါတယ္။Delivery Van အမ်ိဳးအစား ေမာ္ေတာ္ယာဥ္ေတြအေနနဲ႔ စတင္တင္သြင္းစဥ္ကထဲက လုပ္ငန္းသုံးယာဥ္Delivery Van အမ်ိဳးအစားျဖစ္ေနတာေၾကာင့္ ယာဥ္ကို ေနာက္ခုံ တပ္ခြင့္မရွိသလို အေနာက္ဖက္ေဘးတံခါးေတြကိုလည္း သံျပားအေသပိတ္ၿပီး ကုန္ပစၥည္းမ်ားတင္ေဆာင္ရန္အတြက္သာ အသုံးျပဳႏိုင္မွာျဖစ္ပါတယ္။
လက္ရွိမွာေတာ့ Wisdom Hill ေက်ာင္းႀကီးၾကပ္ေရးမႉးေဒၚဥမၼာလႈိင္ရဲ႕ခင္ပြန္း တရား႐ုံးေတာ္မွာ ထြက္ဆိုခ်က္အရ ေက်ာင္းႀကိဳ/ပို႔ယာဥ္အျဖစ္အသုံးျပဳရန္ ေအာင္ႀကီးကိုဌားရမ္းခဲ့တယ္လို႔သိရပါတယ္။Delivery Van လုပ္ငန္းသုံးကားေတြကို လူစီးယာဥ္အျဖစ္ေျပာင္းလဲအသုံးျပဳခြင့္မေပးထားဘူးလို႔လည္း မႏၲေလးတိုင္း ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာန ၫႊန္ၾကားေရးမႉး ဦးမိုးျမင့္က အခုလိုေျပာျပပါတယ္။
“ ကြၽန္ေတာ္ တို႔ဆီမွာကေတာ့DV က DV ဘဲ။DeliveryVan ကေနလူစီးကေတာ့ေျပာင္းလို႔ကေတာ့မရဘူး။ လုပ္ငန္းသုံးယာဥ္ဘဲ။ ဒါကိုလူစီးယာဥ္အျဖစ္ မွတ္ပုံတင္ေျပာင္းလဲေပးတာမ်ိဳးမရွိဘူး။ ကနဦးစသြင္းလာကတည္းက Delivery Vanလို႔သြင္းထားရင္ Delivery ဘဲရမွာ။ လာျပရင္ကနဦးမွတ္တမ္းနဲ႔ဘဲ တိုက္စစ္ၿပီးမွန္တယ္ဆိုရင္ေပးမွာေပါ့”လို႔ ၫႊန္ၾကားေရးမႉး ဦးမိုးျမင့္ကေျပာပါတယ္။Credit-aungparsay
unicode
Wisdom Hill ကျောင်းကြီးကြပ်ရေးမှူးဒေါ်ဥမ္မာလှိုင်ရဲ့ ခင်ပွန်းဖြစ်သူက ကိုအောင်ကြီးကို တစ်လကို လစာ တစ်သိန်းသုံးသောင်းနဲ့ Suzuki Every Weagon ယာဉ်မောင်းအဖြစ် ကျောင်းကြိုပို့ရန် ခေါ်ယူခဲ့တယ်လို့ ဒီကနေ့ (၈)ကြိမ်မြောက်ရုံးချိန်းမှာ သက်သေထွက်ဆိုခဲ့ပါတယ်။
သံသယတရားခံကိုအောင်ကြီးကို ယာဉ်မောင်းအဖြစ် မောင်းနှင်ခိုင်းခဲ့တဲ့ Suzuki Every မော်တော်ယာဉ်ဟာ လူစီးအဖြစ်အသုံးပြုခွင့်မရှိတဲ့ Delivery Van အမျိုးအစားဖြစ်နေတယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အချက်အလက်တွေအရသိရပါတယ်။
ဒေါ်ဥမ္မာလှိုင်ရဲ့ ခင်ပွန်း ဦးရန်နောင်စိုးရဲ့ထွက်ဆိုချက်အရ သူတို့ အနေနဲ့ အခုနှစ် ငါးလပိုင်းမှာ Suzuki Every Weagon ကားကိုကျောင်းကားအဖြစ်အသုံးပြုဖို့ဝယ်ယူခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။Delivery Van အမျိုးအစား မော်တော်ယာဉ်တွေအနေနဲ့ စတင်တင်သွင်းစဉ်ကထဲက လုပ်ငန်းသုံးယာဉ်Delivery Van အမျိုးအစားဖြစ်နေတာကြောင့် ယာဉ်ကို နောက်ခုံ တပ်ခွင့်မရှိသလို အနောက်ဖက်ဘေးတံခါးတွေကိုလည်း သံပြားအသေပိတ်ပြီး ကုန်ပစ္စည်းများတင်ဆောင်ရန်အတွက်သာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
လက်ရှိမှာတော့ Wisdom Hill ကျောင်းကြီးကြပ်ရေးမှူးဒေါ်ဥမ္မာလှိုင်ရဲ့ခင်ပွန်း တရားရုံးတော်မှာ ထွက်ဆိုချက်အရ ကျောင်းကြို/ပို့ယာဉ်အဖြစ်အသုံးပြုရန် အောင်ကြီးကိုဌားရမ်းခဲ့တယ်လို့သိရပါတယ်။Delivery Van လုပ်ငန်းသုံးကားတွေကို လူစီးယာဉ်အဖြစ်ပြောင်းလဲအသုံးပြုခွင့်မပေးထားဘူးလို့လည်း မန္တလေးတိုင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမိုးမြင့်က အခုလိုပြောပြပါတယ်။
“ ကျွန်တော် တို့ဆီမှာကတော့DV က DV ဘဲ။DeliveryVan ကနေလူစီးကတော့ပြောင်းလို့ကတော့မရဘူး။ လုပ်ငန်းသုံးယာဉ်ဘဲ။ ဒါကိုလူစီးယာဉ်အဖြစ် မှတ်ပုံတင်ပြောင်းလဲပေးတာမျိုးမရှိဘူး။ ကနဦးစသွင်းလာကတည်းက Delivery Vanလို့သွင်းထားရင် Delivery ဘဲရမှာ။ လာပြရင်ကနဦးမှတ်တမ်းနဲ့ဘဲ တိုက်စစ်ပြီးမှန်တယ်ဆိုရင်ပေးမှာပေါ့”လို့ ညွှန်ကြားရေးမှူး ဦးမိုးမြင့်ကပြောပါတယ်။Credit-aungparsay




