Latest Posts
အိမ်ထောင်ရေးအဆင်ပြေပေမယ့် ကိုယ့်အလုပ်ကဒီမှာမို့သာ မိသားစုနဲ့ခွဲနေရတော့ ကလေးတွေက တဖြေးဖြေးနဲ့ တစိမ်းဆန်လာတာ မခံစားနိုင်တော့ဘူးဆိုတဲ့ နိုင်းနိုင်း
Unicode
သား၊ သမီးများနှင့် အနေဝေးသောကြောင့် အတူနေ သည့်အချိန်တွင် ရင်းနှီးမှုရရန် နေဖြစ်ကြောင်း နိုင်းနိုင်းက ပြော သည်။‘‘မိသားစုဆီကိုသွားရင် ကလေးတွေနဲ့မစိမ်းအောင် ရင်း နှီးမှုယူတယ်။ ဗီဒီယိုလေးတွေရိုက် တယ်။ ဂိမ်းဆော့တယ်’’ ဟု နိုင်း နိုင်းက ပြောသည်။
ကလေးများနှင့် ခွဲခွာနေချိန် ကြာပါက ပြန်လည်ဆုံသည့်အ ချိန်တွင် သူစိမ်းကဲ့သို့ဖြစ်နေသည် ကို သမီးအကြီးဆုံးဆီ ပြန်သည့် အချိန် ကြုံခဲ့ရသဖြင့် ရင်သွေး များထပ်မံရလာချိန်၌ ကလေး များထံ သွားသည့်အချိန်တိုင်း ရင်းနှီးမှုရအောင်နေဖြစ်ကြောင်း ၎င်းကဆိုသည်။
အောက်တိုဘာ ၁၇ ရက် တွင် ရုံတင်ပြသမည့် ကမ္ဘာ နှစ်ထပ် ရုပ်ရှင်သည် ၎င်းနှင့်သမီး အကြီးကြား အနေစိမ်းသည့်အ ကြောင်းအရာများကို ပြောကြား ရာမှ ဖြစ်လာသည့်ဇာတ်လမ်းဖြစ် ကြောင်း နိုင်းနိုင်းက ဆိုသည်။
‘‘အစ်ကိုတို့ကတော့ အိမ် ထောင်ရေး အဆင်မပြေလို့ မဟုတ်ဘူး။ အစ်ကိုက ဒီမှာအ လုပ်လုပ်ရတယ်။ သမီးအကြီး ဆုံးက ဒီမှာခေါ်ထားပေမယ့် ဟို မှာကြီးသလိုဖြစ်သွားတော့ ဟိုကို ရောက်ရင် တအားစိမ်းတယ်။ သူ့ ကို ကိုင်ရင်ပဲ သူစိမ်းကိုင်သလို။ သူ့အနားကို ကပ်ရင်တောင် မကြိုက်ဘူး’’ ဟု နိုင်းနိုင်းက ပြော သည်။
ထို့အပြင် ယခုနောက်ပိုင်း မြန်မာနိုင်ငံသို့ ပြန်လာချိန်တွင် ကလေးများနှင့် ခွဲရသည်ကို မခံ စားနိုင်သဖြင့် လေယာဉ်ကွင်းကို လိုက်၍ မပို့ခိုင်းတော့ကြောင်း ၎င်းကဆိုသည်။ထို့အပြင် မိသားစုထံ ရောက်ရှိချိန်တိုင်း ၎င်း၏ လှုပ် ရှားမှုများကို သိရှိနိုင်ရန် Actor 99 ပေ့ချ်ကို သုံးခြင်းဖြစ်ပြီး ၎င်း ၏ မိသားစုနေထိုင်သည့်ပုံစံများ ကို ဗီဒီယိုဖိုင်များ တင်ပေးခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။Credit-aungparsay