Latest Posts

နာမည္ႀကီး Rock အဆိုေတာ္မ်ားစြာပါဝင္သြားမယ့္ ေဆးေပါင္းခတဲ့ ရန္ကုန္ည

‘’ေဆးေပါင္းခတဲ့ ရန္ကုန္ည’’ ဂီတေဖ်ာ္ေျဖပြဲႀကီးကိုေတာ့ ႏိုဝင္ဘာလ ၁၁ ရက္ေန႔မွာ က်င္းပျပဳလုပ္သြားမွာျဖစ္ပါတယ္။ ေဖ်ာ္ေျဖပြဲအတြက္ လက္မွတ္ေတြကိုလည္း ဝယ္ယူရရွိႏိုင္ၿပီလို႔ သိရပါတယ္။ ေဆးေပါင္းခတဲ့ရန္ကုန္ည’’ ေဖ်ာ္ေျဖပြဲႀကီးလုပ္မယ့္ စာနယ္ဇင္းအသိေပးပြဲကိုေတာ့ ေအာက္တိုဘာလ ၂၉ ရက္ေန႔ က Yangon Gallery မွာ က်င္းပျပဳလုပ္ခဲ့ပါတယ္။ ဒီ ေဖ်ာ္ေျဖပြဲမွာ တက္သစ္စ လူငယ္အဆိုေတာ္ေတြလည္း ပါဝင္လာတဲ့အေပၚ ေဇာ္ဝင္းထြဋ္ရဲ႕ အျမင္ကို မီဒီယာ အင္တာဗ်ဴးေတြကေနတဆင့္ ေျဖဆိုခဲ့ပါတယ္။
‘’ သူတို႔က တကယ္ဆိုႏိုင္ၿပီးေတာ့၊ သူတို႔ရဲ႕ ပရိသတ္ေတြ အခိုင္အမာရွိတယ္။ သူတို႔ရဲ႕ ဆိုပုံေတြက တကယ္ အားနဲ႔မာန္နဲ႔ တက္လာတဲ့ကေလးေတြျဖစ္တဲ့အတြက္ သူတို႔ေတြနဲ႔ တြဲဆိုရတာ ကိုယ္လည္း ေနသာထိုင္သာရွိတယ္။ စိတ္ခ်လက္ခ်ရွိတယ္၊ ကြၽန္ေတာ္က ေနာက္ဆုံးမွဆိုမွာပါ။ ဥပမာ ၁၅ ပုဒ္ ေလာက္ဆိုေတာ့ ၁၂ နာရီေလာက္ ျဖစ္ရင္လည္း ျဖစ္သြားမွာပါ’’ လို႔ ဆိုပါတယ္။
အဲဒီေနာက္ Idiots အဖြဲ႕ဝင္ျဖစ္သူ ေရမြန္ကလည္း ‘’ေဆးေပါင္းခတဲ့ ရန္ကုန္ည’’ ေဖ်ာ္ေျဖပြဲမွာ ပါဝင္သီဆိုသြားမယ့္ အေၾကာင္းကို ေျပာျပလာပါတယ္။

‘’ ကြၽန္ေတာ္တို႔ကေတာ့ တစ္ပြဲနဲ႔ တစ္ပြဲ ပုံစံမတူတဲ့ တင္ဆက္မႈေတြ အၿမဲတမ္းလုပ္တယ္။ စင္ေပၚေရာက္မွ လုပ္တာမ်ိဳးေတြရွိတယ္။ ဘာမွ မတိုင္ပင္ပဲ လုပ္တာေတြလည္း မ်ားတယ္။ ဒီတစ္ေခါက္မွာေတာ့ ႀကိဳတင္ျပင္ဆင္ လုပ္ၿပီးေတာ့ ပရိသတ္ကို Mood အျပည့္ေပးခ်င္တယ္။ ေသေသခ်ာခ်ာေလးလုပ္မယ္လို႔ေတာ့ စိတ္ကူးထားတယ္’’ ဆိုၿပီးေတာ့ ေအာက္တိုဘာလ ၂၉ ရက္ေန႔က ‘’ေဆးေပါင္းခတဲ့ ရန္ကုန္ည’’ ေဖ်ာ္ေျဖပြဲ မိတ္ဆက္ပြဲမွာ ေျဖဆိုခဲ့တာပါ။

‘’ေဆးေပါင္းခတဲ့ ရန္ကုန္ည’’ ေဖ်ာ္ေျဖပြဲမွာေတာ့ အသက္အငယ္ဆုံးအဆိုရွင္အျဖစ္ ဟန္ေနတာကလည္း ပါဝင္သြားမွာျဖစ္ပါတယ္။ ဝါရင့္ Rock အဆိုေတာ္ႀကီးေတြနဲ႔ တြဲဖက္သီဆိုရမယ့္အေပၚ သူ႔ရဲ႕ ခံစားခ်က္ကို ေျပာျပလာပါတယ္။
‘’ ဒီအဖြဲ႕မွာ ကြၽန္ေတာ္က အငယ္ေတြျဖစ္ေနေတာ့ ကြၽန္ေတာ္တို႔ ပုံစံအတိုင္းသြားမယ္။ ဒါေပမယ့္ ဝါရင့္အဆိုေတာ္ႀကီးေတြနဲ႔ ဆိုမွာဆိုေတာ့ သူတို႔ ပုံစံမ်ိဳးလည္း ပါမွာေပါ့။ က်န္တာေတာ့ ေထြေထြထူးထူး သိပ္မရွိပါဘူး။ သီခ်င္းေတြပဲဆိုမွာပါ။ ဝါရင့္အဆိုေတာ္ႀကီးေတြနဲ႔ အတူတူဆိုရမွာဆိုေတာ့ ေပ်ာ္ပါတယ္’’ လို႔ သူကဆိုပါတယ္။

ေဆးေပါင္းခတဲ့ ရန္ကုန္ည ဂီတေဖ်ာ္ေျဖပြဲႀကီးကိုေတာ့ ႏိုဝင္ဘာလ ၁၁ ရက္ေန႔ည ၆ နာရီ သုဝဏၰဘူမိမွာ က်င္းပျပဳလုပ္သြားမယ္လို႔ သိရပါတယ္။ ဒီ ဂီတေဖ်ာ္ေျဖပြဲမွာေတာ့ ေဇာ္ဝင္းထြဋ္၊ ေဂ်ေမာင္ေမာင္၊ ရင္ဂို၊ BigBag ၊ Idiots ၊ ေဝလ၊ Eternal gosh ၊ Extant အဖြဲ႕ တို႔က ပါဝင္သီဆိုေဖ်ာ္ေျဖသြားမယ္လို႔ သိရပါတယ္။ လက္မွတ္ေဈးႏႈန္းေတြကိုေတာ့ GA ၁ ေသာင္းက်ပ္၊ VIP (1) ၅ေသာင္းက်ပ္၊ VIP(2) ၃ ေသာင္းက်ပ္၊ VIP (1A) ၇ ေသာင္းက်ပ္တို႔ျဖင့္ မန္းသီရိေတးသံသြင္း၊ Myanpwal Online Ticketing ၊ MMTIX ၊ Latmat Ticketing Servises တို႔မွာ ဝယ္ယူရရွိႏိုင္မွာျဖစ္ပါတယ္။ VIP လက္မွတ္ အသီးသီးကိုေတာ့ Stellar Seven Entertainment ကေန ဝယ္ယူရရွိႏိုင္တယ္လို႔ သိရပါတယ္။Credit-originl
Unicode
‘’ဆေးပေါင်းခတဲ့ ရန်ကုန်ည’’ ဂီတဖျော်ဖြေပွဲကြီးကိုတော့ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ဖျော်ဖြေပွဲအတွက် လက်မှတ်တွေကိုလည်း ဝယ်ယူရရှိနိုင်ပြီလို့ သိရပါတယ်။ ဆေးပေါင်းခတဲ့ရန်ကုန်ည’’ ဖျော်ဖြေပွဲကြီးလုပ်မယ့် စာနယ်ဇင်းအသိပေးပွဲကိုတော့ အောက်တိုဘာလ ၂၉ ရက်နေ့ က Yangon Gallery မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီ ဖျော်ဖြေပွဲမှာ တက်သစ်စ လူငယ်အဆိုတော်တွေလည်း ပါဝင်လာတဲ့အပေါ် ဇော်ဝင်းထွဋ်ရဲ့ အမြင်ကို မီဒီယာ အင်တာဗျူးတွေကနေတဆင့် ဖြေဆိုခဲ့ပါတယ်။
‘’ သူတို့က တကယ်ဆိုနိုင်ပြီးတော့၊ သူတို့ရဲ့ ပရိသတ်တွေ အခိုင်အမာရှိတယ်။ သူတို့ရဲ့ ဆိုပုံတွေက တကယ် အားနဲ့မာန်နဲ့ တက်လာတဲ့ကလေးတွေဖြစ်တဲ့အတွက် သူတို့တွေနဲ့ တွဲဆိုရတာ ကိုယ်လည်း နေသာထိုင်သာရှိတယ်။ စိတ်ချလက်ချရှိတယ်၊ ကျွန်တော်က နောက်ဆုံးမှဆိုမှာပါ။ ဥပမာ ၁၅ ပုဒ် လောက်ဆိုတော့ ၁၂ နာရီလောက် ဖြစ်ရင်လည်း ဖြစ်သွားမှာပါ’’ လို့ ဆိုပါတယ်။
အဲဒီနောက် Idiots အဖွဲ့ဝင်ဖြစ်သူ ရေမွန်ကလည်း ‘’ဆေးပေါင်းခတဲ့ ရန်ကုန်ည’’ ဖျော်ဖြေပွဲမှာ ပါဝင်သီဆိုသွားမယ့် အကြောင်းကို ပြောပြလာပါတယ်။
‘’ ကျွန်တော်တို့ကတော့ တစ်ပွဲနဲ့ တစ်ပွဲ ပုံစံမတူတဲ့ တင်ဆက်မှုတွေ အမြဲတမ်းလုပ်တယ်။ စင်ပေါ်ရောက်မှ လုပ်တာမျိုးတွေရှိတယ်။ ဘာမှ မတိုင်ပင်ပဲ လုပ်တာတွေလည်း များတယ်။ ဒီတစ်ခေါက်မှာတော့ ကြိုတင်ပြင်ဆင် လုပ်ပြီးတော့ ပရိသတ်ကို Mood အပြည့်ပေးချင်တယ်။ သေသေချာချာလေးလုပ်မယ်လို့တော့ စိတ်ကူးထားတယ်’’ ဆိုပြီးတော့ အောက်တိုဘာလ ၂၉ ရက်နေ့က ‘’ဆေးပေါင်းခတဲ့ ရန်ကုန်ည’’ ဖျော်ဖြေပွဲ မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။
‘’ဆေးပေါင်းခတဲ့ ရန်ကုန်ည’’ ဖျော်ဖြေပွဲမှာတော့ အသက်အငယ်ဆုံးအဆိုရှင်အဖြစ် ဟန်နေတာကလည်း ပါဝင်သွားမှာဖြစ်ပါတယ်။ ဝါရင့် Rock အဆိုတော်ကြီးတွေနဲ့ တွဲဖက်သီဆိုရမယ့်အပေါ် သူ့ရဲ့ ခံစားချက်ကို ပြောပြလာပါတယ်။
‘’ ဒီအဖွဲ့မှာ ကျွန်တော်က အငယ်တွေဖြစ်နေတော့ ကျွန်တော်တို့ ပုံစံအတိုင်းသွားမယ်။ ဒါပေမယ့် ဝါရင့်အဆိုတော်ကြီးတွေနဲ့ ဆိုမှာဆိုတော့ သူတို့ ပုံစံမျိုးလည်း ပါမှာပေါ့။ ကျန်တာတော့ ထွေထွေထူးထူး သိပ်မရှိပါဘူး။ သီချင်းတွေပဲဆိုမှာပါ။ ဝါရင့်အဆိုတော်ကြီးတွေနဲ့ အတူတူဆိုရမှာဆိုတော့ ပျော်ပါတယ်’’ လို့ သူကဆိုပါတယ်။
ဆေးပေါင်းခတဲ့ ရန်ကုန်ည ဂီတဖျော်ဖြေပွဲကြီးကိုတော့ နိုဝင်ဘာလ ၁၁ ရက်နေ့ည ၆ နာရီ သုဝဏ္ဏဘူမိမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဒီ ဂီတဖျော်ဖြေပွဲမှာတော့ ဇော်ဝင်းထွဋ်၊ ဂျေမောင်မောင်၊ ရင်ဂို၊ BigBag ၊ Idiots ၊ ဝေလ၊ Eternal gosh ၊ Extant အဖွဲ့ တို့က ပါဝင်သီဆိုဖျော်ဖြေသွားမယ်လို့ သိရပါတယ်။ လက်မှတ်ဈေးနှုန်းတွေကိုတော့ GA ၁ သောင်းကျပ်၊ VIP (1) ၅သောင်းကျပ်၊ VIP(2) ၃ သောင်းကျပ်၊ VIP (1A) ၇ သောင်းကျပ်တို့ဖြင့် မန်းသီရိတေးသံသွင်း၊ Myanpwal Online Ticketing ၊ MMTIX ၊ Latmat Ticketing Servises တို့မှာ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ VIP လက်မှတ် အသီးသီးကိုတော့ Stellar Seven Entertainment ကနေ ဝယ်ယူရရှိနိုင်တယ်လို့ သိရပါတယ်။Credit-originl