“တတ်သိနားလည်တဲ့ လူကြီးတွေကို ပစ်ပယ်ပြီး ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးနေတဲ့အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်လိုက်တဲ့ ဝါရင့်အနုပညာရှင် မောင်မောင်မြင့်”
လတ္တေလာမွာေတာ့ ျမန္မာႏိုင္ငံရဲ႕ ဖခင္ႀကီးလို႔ တင္စားေခၚေဝၚရတဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ ဘဝဇာတ္ေၾကာင္းကို ပုံေဖာ္ထားတဲ့ ဗိုလ္ခ်ဳပ္႐ုပ္ရွင္ကေတာ့ ၿပီးခဲ့တဲ့ စက္တင္ဘာလ (၃၀)ရက္ေန႔ကစလို႔ အမ်ိဳးသားျပတိုက္မွာ စတင္႐ိုက္ကူးေနတာ ပရိသတ္ေတြ သိရွိၿပီးသား ျဖစ္မွာပါ။
ဗိုလ္ခ်ဳပ္႐ုပ္ရွင္ ႐ိုက္ကူးမႈနဲ႔ ပတ္သက္လို႔ တခ်ိဳ႕ေသာ ကိစၥေတြမွာ လြဲေခ်ာ္မႈေတြ ရွိေနတာေၾကာင့္ ေဝဖန္မႈေတြဟာလည္း ရွိေနၿပီး ဒီလို ေဝဖန္ၾကတဲ့ အထဲမွာ ျမန္မာႏိုင္ငံရဲ႕ ဝါရင့္ဒါ႐ိုက္တာ တစ္ဦးျဖစ္တဲ့ ဒါ႐ိုက္တာ ေမာင္ေမာင္ျမင့္ကလည္း အပါအဝင္ပဲျဖစ္ပါတယ္။
ဒါ႐ိုက္တာ ေမာင္ေမာင္ျမင့္ကေတာ့ ဒီလိုႏိုင္ငံရဲ႕ အေရးႀကီးလွတဲ့ သမိုင္း ဇာတ္လမ္းတစ္ခုကို ႐ိုက္ကူးတဲ့ေနရာမွာ လူငယ္ေတြခ်ည္း ႐ိုက္ကူးေနတဲ့ အေပၚကို “အခု ဗိုလ္ခ်ဳပ္႐ုပ္ရွင္ ႐ိုက္တယ္။
အဲ့ဒီ႐ိုက္ၾကမယ့္ အဖြဲ႕အကုန္လုံးကို ၾကည့္လိုက္တဲ့ အခါက်ေတာ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းကို မွီတဲ့သူလည္း တစ္ေယာက္မွမပါဘူး။ ဒါျဖင့္ရင္ ငါတို႔ ဝင္းေဖႀကီးတို႔လို တကယ့္ အဂၤလိပ္လက္ထက္က လူျဖစ္လာတယ္။ မွီလိုက္႐ုံတင္ ဘယ္ကမလဲ ခင္ခဲ့မင္ခဲ့ အတူတူသြားလာခဲ့တယ္။
အလုပ္ လုပ္ခဲ့တာေတြ ရွိတယ္။ ဘာျဖစ္လို႔ ဒီလူေတြကို ေမ့ၿပီးေတာ့ ပစ္ထားသလဲ။ ဒါမွမဟုတ္ရင္ တမင္ အသက္အ႐ြယ္ေတြႀကီးလို႔ ႐ြဲကုန္ၾကပါၿပီဆိုၿပီး ဖယ္ထားသလား”ဆိုၿပီး ေမးခြန္းထုတ္လာတာပဲျဖစ္ပါတယ္။
တတ္သိနားလည္တဲ့ လူႀကီးေတြကို ပစ္ကာ ဗိုလ္ခ်ဳပ္႐ုပ္ရွင္ကို ႐ိုက္ကူးေနၾကၿပီး လြဲေခ်ာ္မႈေတြ ရွိေနတယ္လို႔ ေဝဖန္ခံေနရတဲ့ အေပၚကိုလည္း “အဲ့လို လြဲေခ်ာ္ေနရတဲ့ အေၾကာင္းေတြက ဘာေတြလဲဆိုလို႔ ရွိရင္ တကယ္ကေတာ့ တတ္သိနားလည္တဲ့ သူေတြကို ပစ္ထားတဲ့ အတြက္ေၾကာင့္မို႔လို႔ လြဲေခ်ာ္ေနတာ။
ထားပါေတာ့ (၁၉၄၂)ခုႏွစ္တုန္းက သစ္ပုတ္ပင္ႀကီးရဲ႕ အေျခေနကဘယ္လိုေနလဲလို႔ေမးရင္ ကြၽန္ေတာ္ေျပာမွာေပါ့။ တကယ္လို႔ အဲ့လိုဟာမ်ိဳးေလး တစ္ခုရလိုက္တဲ့ အခါက်ေတာ့ အခ်က္တစ္ခ်က္ပိုျပည့္စုံ မသြားဘူးလား”လို႔လည္း ေျဖၾကားသြားတာပဲ ျဖစ္ပါတယ္။ ဝါရင့္ ဒါ႐ိုက္တာ ဦးေမာင္ေမာင္ျမင့္ ေျဖၾကားထားတဲ့ အင္တာဗ်ဴး ဗီဒီယိုေလးကိုလည္း မွ်ေဝေပးလိုက္ပါတယ္။
Credit – CeleGabar
Unicode
“တတ်သိနားလည်တဲ့ လူကြီးတွေကို ပစ်ပယ်ပြီး ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးနေတဲ့အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်လိုက်တဲ့ ဝါရင့်အနုပညာရှင် မောင်မောင်မြင့်”လတ်တလောမှာတော့ မြန်မာနိုင်ငံရဲ့ ဖခင်ကြီးလို့ တင်စားခေါ်ဝေါ်ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘဝဇာတ်ကြောင်းကို ပုံဖော်ထားတဲ့ ဗိုလ်ချုပ်ရုပ်ရှင်ကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ (၃၀)ရက်နေ့ကစလို့ အမျိုးသားပြတိုက်မှာ စတင်ရိုက်ကူးနေတာ ပရိသတ်တွေ သိရှိပြီးသား ဖြစ်မှာပါ။
ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးမှုနဲ့ ပတ်သက်လို့ တချို့သော ကိစ္စတွေမှာ လွဲချော်မှုတွေ ရှိနေတာကြောင့် ဝေဖန်မှုတွေဟာလည်း ရှိနေပြီး ဒီလို ဝေဖန်ကြတဲ့ အထဲမှာ မြန်မာနိုင်ငံရဲ့ ဝါရင့်ဒါရိုက်တာ တစ်ဦးဖြစ်တဲ့ ဒါရိုက်တာ မောင်မောင်မြင့်ကလည်း အပါအဝင်ပဲဖြစ်ပါတယ်။
ဒါရိုက်တာ မောင်မောင်မြင့်ကတော့ ဒီလိုနိုင်ငံရဲ့ အရေးကြီးလှတဲ့ သမိုင်း ဇာတ်လမ်းတစ်ခုကို ရိုက်ကူးတဲ့နေရာမှာ လူငယ်တွေချည်း ရိုက်ကူးနေတဲ့ အပေါ်ကို “အခု ဗိုလ်ချုပ်ရုပ်ရှင် ရိုက်တယ်။
အဲ့ဒီရိုက်ကြမယ့် အဖွဲ့အကုန်လုံးကို ကြည့်လိုက်တဲ့ အခါကျတော့ ဗိုလ်ချုပ်အောင်ဆန်းကို မှီတဲ့သူလည်း တစ်ယောက်မှမပါဘူး။ ဒါဖြင့်ရင် ငါတို့ ဝင်းဖေကြီးတို့လို တကယ့် အင်္ဂလိပ်လက်ထက်က လူဖြစ်လာတယ်။ မှီလိုက်ရုံတင် ဘယ်ကမလဲ ခင်ခဲ့မင်ခဲ့ အတူတူသွားလာခဲ့တယ်။
အလုပ် လုပ်ခဲ့တာတွေ ရှိတယ်။ ဘာဖြစ်လို့ ဒီလူတွေကို မေ့ပြီးတော့ ပစ်ထားသလဲ။ ဒါမှမဟုတ်ရင် တမင် အသက်အရွယ်တွေကြီးလို့ ရွဲကုန်ကြပါပြီဆိုပြီး ဖယ်ထားသလား”ဆိုပြီး မေးခွန်းထုတ်လာတာပဲဖြစ်ပါတယ်။တတ်သိနားလည်တဲ့ လူကြီးတွေကို ပစ်ကာ ဗိုလ်ချုပ်ရုပ်ရှင်ကို ရိုက်ကူးနေကြပြီး လွဲချော်မှုတွေ ရှိနေတယ်လို့ ဝေဖန်ခံနေရတဲ့ အပေါ်ကိုလည်း “အဲ့လို လွဲချော်နေရတဲ့ အကြောင်းတွေက ဘာတွေလဲဆိုလို့ ရှိရင် တကယ်ကတော့ တတ်သိနားလည်တဲ့ သူတွေကို ပစ်ထားတဲ့ အတွက်ကြောင့်မို့လို့ လွဲချော်နေတာ။ထားပါတော့ (၁၉၄၂)ခုနှစ်တုန်းက သစ်ပုတ်ပင်ကြီးရဲ့ အခြေနေကဘယ်လိုနေလဲလို့မေးရင် ကျွန်တော်ပြောမှာပေါ့။ တကယ်လို့ အဲ့လိုဟာမျိုးလေး တစ်ခုရလိုက်တဲ့ အခါကျတော့ အချက်တစ်ချက်ပိုပြည့်စုံ မသွားဘူးလား”လို့လည်း ဖြေကြားသွားတာပဲ ဖြစ်ပါတယ်။ ဝါရင့် ဒါရိုက်တာ ဦးမောင်မောင်မြင့် ဖြေကြားထားတဲ့ အင်တာဗျူး ဗီဒီယိုလေးကိုလည်း မျှဝေပေးလိုက်ပါတယ်။Credit – CeleGabar