Latest Posts

ဧရာဝတီတံတား (ရတနာပုံ) ပေါ်တွင် အမျိုးသားတစ်ဦး ဆယ်လ်ဖီဓာတ်ပုံရိုက်ရင်း ပြုတ်ကျမှုဖြစ်ပွား

ယဥ္မ်ိဳးသြယ္

စစ္ကိုင္းၿမိဳ့၊ ဧရာဝတီတံတား (ရတနာပုံ) ေပၚတြင္ ေအာက္တိုဘာလ၂၈ ရက္ နံနက္၂ နာရီခြဲခန႔္က အမ်ိဳးသားတစ္ဦး ဆယ္လ္ဖီဓာတ္ပုံရိုက္ရင္း ျပဳတ္က်မွု ျဖစ္ပြားခဲ့ၿပီး ေတြ႕ရွိျခင္း မရွိေသးေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ မႏၲေလးၿမိဳ့၊ ေအာင္ေျမသာစံၿမိဳ့နယ္ေန ရွိုင္းေမာင္ေမာင္၂၃ ႏွစ္ႏွင့္အတူ ျမင္းမူၿမိဳ့နယ္ေန နိုင္နိုင္ထြန္း ၂၀ ႏွစ္တို့ ႏွစ္ဦးသည္ ဆိုင္ကယ္ျဖင့္ ဧရာဝတီတံတား(ရတနာပုံ) သို့ နံနက္ ၂ နာရီခြဲခန႔္က သြားေရာက္ခဲ့ရာ တစ္ဦးမွာ တံတားေဘာင္ေပၚတြင္ ဆဲလ္ဖီဓာတ္ပုံရိုက္ကူးရန္ ျပဳလုပ္စဥ္ အရွိန္လြန္ ျပဳတ္က်ခဲ့ျခင္း ျဖစ္သည္ဟု သိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ အမရပူရ ၿမိဳ့မရဲစခန္းသို့ ဆက္သြယ္ေမးျမန္းခဲ့ရာ “တံတားေပၚကို လာတုန္းကေတာ့ ႏွစ္ေယာက္ေပါ့။ တစ္ေယာက္က ဓာတ္ပုံရိုက္မယ္ဆိုၿပီး တံတားေဘာင္ေပၚထိုင္ ဆယ္လ္ဖီဆြဲရင္း အရွိန္လြန္ျပဳတ္က် သြားတယ္လို့ သိရတယ္။ ရွာေဖြမွုေတြ ျပဳလုပ္ေနပါတယ္။ ခုထိေတာ့ ေတြ႕ရွိျခင္း မရွိေသးပါဘူး” ဟု စခန္းမွူး ဒုရဲမွူးဆန္းဝင္းက ေျပာၾကားခဲ့သည္။

ထိုကဲ့သို့ ဓာတ္ပုံရိုက္ကူးရင္း ေရထဲျပဳတ္က်သြားသူမွာ နိုင္နိုင္ထြန္းျဖစ္ၿပီး ၎ကိုျပန္လည္ေတြ႕ရွိရန္ သက္ဆိုင္ရာ လူမွုကူညီေရး အသင္းမ်ား၊ ေရေၾကာင္းရဲတပ္ဖြဲ႕၊ အမရပူရရဲတပ္ဖြဲ႕၊ ရပ္ကြက္အုပ္ခ်ဳပ္ေရး အဖြဲ႕တို့မွ ရွာေဖြမွုမ်ား ျပဳလုပ္ေနသည္ဟု သိရသည္။

ယခုႏွစ္အတြင္း စစ္ကိုင္း(အင္းဝ)တံတားႏွင့္ ဧရာဝတီတံတား (ရတနာပုံ) ေပၚမွ ဧရာဝတီျမစ္အတြင္း ခုန္ခ်မွုျဖစ္စဥ္ ၇ ႀကိမ္ျဖစ္ပြားခဲ့ေၾကာင္း သိရၿပီး စက္တင္ဘာလ ၃၀ ရက္ေန႔က ဧရာဝတီတံတား (ရတနာပုံ) စစ္ကိုင္းဘက္ျခမ္းမွ ခုန္ခ်ေသာ သီလရွင္ တစ္ပါးသာလၽွင္ အေရးေပၚ ကယ္ဆယ္ေရးအဖြဲ႕ (စစ္ကိုင္း) SERT ေရျပင္ကယ္ဆယ္ေရးအဖြဲ႕မွ ေတြ႕ရွိၿပီး အသက္ရွင္လ်က္ ကယ္ဆယ္နိုင္ခဲ့ေၾကာင္း သိရသည္။ပုံမွာ နမူနာသာျဖစ္သည္Credit-aungparsay
Unicode
ယဉ်မျိုးသွယ်
စစ်ကိုင်းမြို့၊ ဧရာဝတီတံတား (ရတနာပုံ) ပေါ်တွင် အောက်တိုဘာလ၂၈ ရက် နံနက်၂ နာရီခွဲခန့်က အမျိုးသားတစ်ဦး ဆယ်လ်ဖီဓာတ်ပုံရိုက်ရင်း ပြုတ်ကျမှု ဖြစ်ပွားခဲ့ပြီး တွေ့ရှိခြင်း မရှိသေးကြောင်း သိရသည်။
ဖြစ်စဉ်မှာ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်နေ ရှိုင်းမောင်မောင်၂၃ နှစ်နှင့်အတူ မြင်းမူမြို့နယ်နေ နိုင်နိုင်ထွန်း ၂၀ နှစ်တို့ နှစ်ဦးသည် ဆိုင်ကယ်ဖြင့် ဧရာဝတီတံတား(ရတနာပုံ) သို့ နံနက် ၂ နာရီခွဲခန့်က သွားရောက်ခဲ့ရာ တစ်ဦးမှာ တံတားဘောင်ပေါ်တွင် ဆဲလ်ဖီဓာတ်ပုံရိုက်ကူးရန် ပြုလုပ်စဉ် အရှိန်လွန် ပြုတ်ကျခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အမရပူရ မြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ “တံတားပေါ်ကို လာတုန်းကတော့ နှစ်ယောက်ပေါ့။ တစ်ယောက်က ဓာတ်ပုံရိုက်မယ်ဆိုပြီး တံတားဘောင်ပေါ်ထိုင် ဆယ်လ်ဖီဆွဲရင်း အရှိန်လွန်ပြုတ်ကျ သွားတယ်လို့ သိရတယ်။ ရှာဖွေမှုတွေ ပြုလုပ်နေပါတယ်။ ခုထိတော့ တွေ့ရှိခြင်း မရှိသေးပါဘူး” ဟု စခန်းမှူး ဒုရဲမှူးဆန်းဝင်းက ပြောကြားခဲ့သည်။
ထိုကဲ့သို့ ဓာတ်ပုံရိုက်ကူးရင်း ရေထဲပြုတ်ကျသွားသူမှာ နိုင်နိုင်ထွန်းဖြစ်ပြီး ၎င်းကိုပြန်လည်တွေ့ရှိရန် သက်ဆိုင်ရာ လူမှုကူညီရေး အသင်းများ၊ ရေကြောင်းရဲတပ်ဖွဲ့၊ အမရပူရရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့တို့မှ ရှာဖွေမှုများ ပြုလုပ်နေသည်ဟု သိရသည်။
ယခုနှစ်အတွင်း စစ်ကိုင်း(အင်းဝ)တံတားနှင့် ဧရာဝတီတံတား (ရတနာပုံ) ပေါ်မှ ဧရာဝတီမြစ်အတွင်း ခုန်ချမှုဖြစ်စဉ် ၇ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရပြီး စက်တင်ဘာလ ၃၀ ရက်နေ့က ဧရာဝတီတံတား (ရတနာပုံ) စစ်ကိုင်းဘက်ခြမ်းမှ ခုန်ချသော သီလရှင် တစ်ပါးသာလျှင် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း) SERT ရေပြင်ကယ်ဆယ်ရေးအဖွဲ့မှ တွေ့ရှိပြီး အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။ပုံမှာ နမူနာသာဖြစ်သည်Credit-aungparsay