Latest Posts

ချစ်ဇနီးလေးနဲ့ အင်းလေးမှာ သာသာယာယာ အနားယူနေတဲ့ ရွှေထူး

တစ်ယောက်ကိုတစ်ယောက်ကြင်နာတတ်လွန်းတဲ့ ကြည်နူးဖွယ်အပြုအမူလေးတွေကြောင့် ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ရွှေထူးနဲ့ရွှေမှုံရတီတို့ ဇနီးမောင်နှံကတော့ အချစ်တွေအပြည့်နဲ့ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတာပါ။ လတ်တလောမှာတော့ ရွှေထူးက အင်းလေးမှာ အနားယူနေကြတဲ့ သူတို့ဇနီးမောင်နှံရဲ့Romantic ဆန်ဆန် ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ထုတ်ပြလာတာ တွေ့ရပါတယ်။ လေတိုက်တိုင်း စိတ်တွေကောက်တတ်တဲ့ ရွှေမှုံနဲ့ ချော့နိုင်လွန်းသူကြီး ရွှေထူး သူတို့နှစ်ဉီးရဲ့ ကြည်နူးစရာ အပြုအမူလေးတွေကတော့ ပရိသတ်ကိုပာ ပြုံးမိသွားစေပါတယ်နော်။

ချစ်ပရိသတ်တွေအတွက် အရမ်းကို ကြည်နူးဖို့ကောင်းတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံရဲ့ ခရီးသွားပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

အဆိုတော် ရွှေထူးကတော့ “ရေသူမနဲ့ ဆုံတွေ့” ဆိုပြီး ချစ်ရတဲ့ ဇနီးလေးကို ရေသူမလေးနဲ့တင်စားပြီး သူတို့ဇနီးမောင်နှံရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ သီချင်းတွေကို ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ဆိုတဲ့ ရွှေထူးကတော့ ချစ်ဇနီးလေးအတွက်လည်း သီချင်းတွေရေးပေးပြီး၊ နှစ်ယောက်စုံတွဲသီချင်းတွေလည်း ဖန်တီးလေ့ရှိပါတယ်။

ရွှေမှုံရတီကတော့ သရုပ်ဆောင်ပိုင်းမှာ မခေသလို၊ အဆိုပိုင်းမှာလည်း ထူးချွန်သူတစ်ဦးဖြစ်ကြောင်းကို သူမရဲ့သီချင်းတွေမှာပြသနိုင်ခဲ့သူလေးပါ။ လက်ရှိမှာတော့ရွှေမှုံလေးက ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးဖြစ်နေပြီး ပွဲတွေလည်း တက်ဖြစ်နေတာတွေ့ရပါတယ်။ ချစ်ပရိသတ်တွေလည်း အရမ်းကို Romantic ဆန်လွန်းတဲ့ ရွှေနှစ်ရွှေမောင်နှံလေးကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။Credit-Myint Myat;Source: Shwe Mhone Yati’s Facebook
Zawgyi