မေမေ့ကို အားကျတယ်ဆိုတဲ့ ဆုနဒီ
ေမေမက အခုလို ပရိသတ္ေတြနဲ႔ အတူတူပြဲေတြလုပ္၊ ပြဲေတြ တက္ရေတာ့ အရမ္းအားက်တယ္။ ေမေမက တျခားသူေတြနဲ႔ စကားေျပာတာ ဆိုတာေတြကိုလည္း အားက်တယ္။ သမီးက အခုဆို အင္တာဗ်ဴးေတြလုပ္ေနရေတာ့ ျမန္မာစကားပိုေကာင္းလာၿပီ။ ဒါေပမယ့္ သိပ္ေတာ့ မကြၽမ္းေသးဘူး။ ေက်ာင္းမွာ ျမန္မာစကားသင္တယ္ ဘယ္လိုေရးရတယ္ဆိုတာေပါ့။ အခု စာဖတ္တာေတာ့ ကြၽမ္းေနၿပီ စကားေျပာတာေတာ့ မကြၽမ္းေသးဘူး’’ လို႔ သူကဆိုပါတယ္။
Portia က အခုဆိုရင္ ေမေမ့ရဲ႕ အႏုပညာအေမြကို ဆက္ခံမယ့္ သမီးတစ္ေယာက္ျဖစ္လို႔ေနပါၿပီ။ ေမေမ နဲ႔ အတူတူျဖစ္ေစ၊ သူမ တစ္ေယာက္တည္းျဖစ္ေစ အႏုပညာအလုပ္ေတြ စတင္ ေဆာင္႐ြက္ေနၿပီလို႔ ဆိုပါတယ္။အခုေတာ့ သမီး ဓာတ္ပုံေတြ႐ိုက္ေနရၿပီ။ ဝါသနာလည္းပါတယ္။ ဒါေတြကိုလည္း ဆက္လုပ္သြားမွာပါ။ ဒါေပမယ့္ သ႐ုပ္ေဆာင္အလုပ္ကိုေတာ့ မလုပ္ရေသးဘူး။ လုပ္လည္း လုပ္ခ်င္စိတ္ရွိတယ္။ ဒါေပမယ့္ ျမန္မာစကားေျပာရမွာဆိုေတာ့ ခက္ေတာ့ ခက္တယ္’’ ဆိုၿပီးေတာ့ ေအာက္တိုဘာလ ၁၂ရက္ေန႔က စမိုင္းလ္ရဲ႕ Fan Meeting မွာ ေျဖဆိုခဲ့တာပါ။
စမိုင္းလ္ရဲ႕ သမီးႏွစ္ေယာက္ကေတာ့ တစ္ေယာက္တစ္မ်ိဳးစီ ခ်စ္ဖို႔ေကာင္းေနၾကတဲ့ ကေလးႏွစ္ေယာက္ျဖစ္ပါတယ္။ သူတို႔ မိသားစုကို ခ်စ္ခင္ၾကတဲ့ ပရိသတ္ေတြကလည္း အမ်ားႀကီးပါပဲ။ သူမ်ားေတြေျပာတာေတာ့ သမီးက ေမေမ နဲ႔တူတယ္။ အငယ္ေလးက ေဖေဖ နဲ႔ တူတယ္ေပါ့။ သမီး ဓာတ္ပုံေတြ႐ိုက္တဲ့အခါက်ရင္ ႏႈတ္ခမ္းတို႔၊ မ်က္လုံးတို႔က ေမေမ နဲ႔ တူတယ္လို႔ေျပာၾကတယ္။ အငယ္ေလးက က်ေတာ့ ႏွာေခါင္းက ေဖေဖ နဲ႔တူတယ္။ သမီးတို႔ မိသားစုကို ခ်စ္ေပးၾကတဲ့ ပရိသတ္ေတြ အားလုံးကို ေက်းဇူးတင္ပါတယ္’’ လို႔ Portia Chloe က ဆက္လက္ေျပာျပခဲ့ၾကပါတယ္။
Portia Chloe (ခ) ဆုနဒီ ကိုေတာ့ ပရိသတ္ေတြက စမိုင္းလ္ရဲ႕ သမီးတစ္ေယာက္အျဖစ္ ပရိသတ္ေတြ စတင္သိရွိလာခဲ့တာျဖစ္ပါတယ္။ သူမဟာ အႏုပညာမ်ိဳး႐ိုးက ဆင္းသက္လာသူတစ္ေယာက္ဆိုရင္လည္း မမွားပါဘူး။ အဘြားျဖစ္သူ ေဒၚခင္ေလးေဆြကလည္း အျဖဴအမဲ႐ုပ္ရွင္ေခတ္က နာမည္ေက်ာ္မင္းသမီးႀကီးတစ္ေယာက္ျဖစ္ခဲ့သူပါ။ မိခင္ျဖစ္သူ စမိုင္းလ္ကလည္း တစ္ေခတ္တစ္ခါက တီဗီေၾကာ္ျငာေတြမွာ နာမည္ႀကီးခဲ့တဲ့ မင္းသမီးေခ်ာ တစ္ေယာက္ပါပဲ။Credit-original
Unicode
စမိုင်းလ်ရဲ့ အနုပညာအမွေကို ဆက်ခံမယ့်သူကတော့ သမီးကြီး Portia Chloe (ခ) ဆုနဒီဖြစ်ပါတယ်။ မေမေ့ကို အားကျမိတဲ့အကြောင်းတွေ ပြောပြလာခဲ့ပါတယ်။သရုပ်ဆောင် စမိုင်းလ်ရဲ့ သမီးကြီးဖြစ်သူ Portia Chloe (ခ) ဆုနဒီကတော့ မေမေဟာ အရမ်းကိုအားကျစရာကောင်းတဲ့သူတစ်ယောက်ပါလို့ ဆိုပါတယ်။ သူမကတော့ မြန်မာစကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်နေပြီလို့လည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။မေမေက အခုလို ပရိသတ်တွေနဲ့ အတူတူပွဲတွေလုပ်၊ ပွဲတွေ တက်ရတော့ အရမ်းအားကျတယ်။ မေမေက တခြားသူတွေနဲ့ စကားပြောတာ ဆိုတာတွေကိုလည်း အားကျတယ်။ သမီးက အခုဆို အင်တာဗျူးတွေလုပ်နေရတော့ မြန်မာစကားပိုကောင်းလာပြီ။ ဒါပေမယ့် သိပ်တော့ မကျွမ်းသေးဘူး။ ကျောင်းမှာ မြန်မာစကားသင်တယ် ဘယ်လိုရေးရတယ်ဆိုတာပေါ့။ အခု စာဖတ်တာတော့ ကျွမ်းနေပြီ စကားပြောတာတော့ မကျွမ်းသေးဘူး’’ လို့ သူကဆိုပါတယ်။
Portia က အခုဆိုရင် မေမေ့ရဲ့ အနုပညာအမွေကို ဆက်ခံမယ့် သမီးတစ်ယောက်ဖြစ်လို့နေပါပြီ။ မေမေ နဲ့ အတူတူဖြစ်စေ၊ သူမ တစ်ယောက်တည်းဖြစ်စေ အနုပညာအလုပ်တွေ စတင် ဆောင်ရွက်နေပြီလို့ ဆိုပါတယ်။အခုတော့ သမီး ဓာတ်ပုံတွေရိုက်နေရပြီ။ ဝါသနာလည်းပါတယ်။ ဒါတွေကိုလည်း ဆက်လုပ်သွားမှာပါ။ ဒါပေမယ့် သရုပ်ဆောင်အလုပ်ကိုတော့ မလုပ်ရသေးဘူး။ လုပ်လည်း လုပ်ချင်စိတ်ရှိတယ်။ ဒါပေမယ့် မြန်မာစကားပြောရမှာဆိုတော့ ခက်တော့ ခက်တယ်’’ ဆိုပြီးတော့ အောက်တိုဘာလ ၁၂ရက်နေ့က စမိုင်းလ်ရဲ့ Fan Meeting မှာ ဖြေဆိုခဲ့တာပါ။စမိုင်းလ်ရဲ့ သမီးနှစ်ယောက်ကတော့ တစ်ယောက်တစ်မျိုးစီ ချစ်ဖို့ကောင်းနေကြတဲ့ ကလေးနှစ်ယောက်ဖြစ်ပါတယ်။ သူတို့ မိသားစုကို ချစ်ခင်ကြတဲ့ ပရိသတ်တွေကလည်း အများကြီးပါပဲ။ သူများတွေပြောတာတော့ သမီးက မေမေ နဲ့တူတယ်။ အငယ်လေးက ဖေဖေ နဲ့ တူတယ်ပေါ့။ သမီး ဓာတ်ပုံတွေရိုက်တဲ့အခါကျရင် နှုတ်ခမ်းတို့၊ မျက်လုံးတို့က မေမေ နဲ့ တူတယ်လို့ပြောကြတယ်။ အငယ်လေးက ကျတော့ နှာခေါင်းက ဖေဖေ နဲ့တူတယ်။ သမီးတို့ မိသားစုကို ချစ်ပေးကြတဲ့ ပရိသတ်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်’’ လို့ Portia Chloe က ဆက်လက်ပြောပြခဲ့ကြပါတယ်။Portia Chloe (ခ) ဆုနဒီ ကိုတော့ ပရိသတ်တွေက စမိုင်းလ်ရဲ့ သမီးတစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိလာခဲ့တာဖြစ်ပါတယ်။ သူမဟာ အနုပညာမျိုးရိုးက ဆင်းသက်လာသူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ အဘွားဖြစ်သူ ဒေါ်ခင်လေးဆွေကလည်း အဖြူအမဲရုပ်ရှင်ခေတ်က နာမည်ကျော်မင်းသမီးကြီးတစ်ယောက်ဖြစ်ခဲ့သူပါ။ မိခင်ဖြစ်သူ စမိုင်းလ်ကလည်း တစ်ခေတ်တစ်ခါက တီဗီကြော်ငြာတွေမှာ နာမည်ကြီးခဲ့တဲ့ မင်းသမီးချော တစ်ယောက်ပါပဲ။Credit-original