အဖွား(၂)ယောက်ကို ကန်တော့ပြီး ပီတိဖြစ်နေတဲ့ မြေးအလိမ္မာလေး သူရိယ
Credit-original
Unicode
သူရိယကတော့ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာလောကမှာ ရပ်တည်နေတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ငယ်စဉ်ကတည်းက မိသားစု စီးပွားရေးလုပ်ငန်းဖြစ်တဲ့ “စိန်ဘယက်”ဆေးကြော်ငြာထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည်အဝရရှိထားတဲ့ သူတစ်ယောက်ပါ။လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားပေါင်းမြောက်မြားစွာကို ပါဝင်ရိုက်ကူးနေတဲ့ မင်းသားတစ်လက်လည်းဖြစ်ပါတယ်။မကြာသေးမီကလည်း မြန်မာနိုင်ငံ တိုင်းရင်းဆေး သံတမန်အဖြစ် ခန့်အပ်ခြင်းကို ခံခဲ့ရပါသေးတယ်။လတ်တလောမှာတော့ သူရိယက သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အဖွား(၂)ယောက်ကို သီတင်းကျွတ်ကန်တော့ခဲ့တဲ့အကြောင်းကို ဖော်ပြထားတာပဲဖြစ်ပါတယ်။ဝါလကင်းလွတ် သီတင်းကျွတ်အချိန်အခါကိုရောက်လာပြီဆိုရင် မြန်မာလူမျိုးတို့ရဲ့ ဓလေ့ရိုးရာတစ်ခုဖြစ်တဲ့ လူကြီးသူမတွေကို ကန်တော့တဲ့ အလေ့အထလေးကတော့ ချစ်စရာကောင်းတဲ့ ဓလေ့လေးတစ်ခုပဲဖြစ်ပါတယ်။ဒီလို ကန်တော့ကြပြီဆိုရင်လည်း ကန်တော့ခံလူကြီးသူမတွေက မုန့်ဖိုးပြန်ပေးကြတာလည်း သီတင်းကျွတ်လရဲ့ ဝါကျွတ်ကာလ ပြယုဂ်လေးတစ်ခုပါ။
သူရိယကတော့ အဖွားနှစ်ယောက်ကို သီတင်းကျွတ်မှာ ကန်တော့ရတဲ့အတွက် ပီတိဖြစ်ခဲ့ရပြီး အဖွားနှစ်ယောက်က ဆုတွေအများကြီးပေးခဲ့တာကြောင့် ပျော်ရွှင်နေတဲ့အကြောင်းကို ဗီဒီယိုလေးနဲ့အတူဖော်ပြထားတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးရေ သူရိယတစ်ယောက် အဖွား(၂)ယောက်ကို သီတင်းကျွတ်ကန်တော့ပြီး ပီတိဖြာနေတဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။Credit-original