Latest Posts

အင်္ဂါဂြိုလ်ပျံသန်းမည့် နာဆာစီမံကိန်းတစ်ခုမှာ ဦးဆောင်သူ မြန်မာအမျိုးသမီး မီမီအောင် ကို အားပေးဝန်းရံလိုက်တဲ့ ဇဏ်ခီ

နိုင္ငံေက်ာ္ မင္းသားတစ္လက္ျဖစ္တဲ့ ဇဏ္ခီကေတာ့ နာဆာရဲ့ (၂၀၂၀) အဂၤါၿဂိဳလ္ခရီးစဥ္စီမံကိန္းတစ္ခုကို ဦးေဆာင္ေနတဲ့ ျမန္မာအမ်ိဳးသမီး တစ္ဦးကို အားေပးဝန္းရံထားပါတယ္။အဲဒီအမ်ိဳးသမီးကေတာ့ အေမရိကန္ျပည္ေထာင္စု၊ဝါရွင္တန္ဒီစီ တြင္အေျခစိုက္ထားတဲ့ အမ်ိဳးသား အာကာသႏွင့္ ေလေၾကာင္း ဦးစီးဌာန (National Aeronautics and Space Administration, NASA) ရဲ့ ဂ်က္တြန္းအားဓာတ္ခြဲခန္းမွ အဂၤါၿဂိဳလ္ရဟတ္ယာဥ္ဆိုင္ရာစီမံကိန္း မန္ေနဂ်ာအျဖစ္ ေဆာင္ရြက္ေနသူကေတာ့ မမီမီေအာင္ပဲျဖစ္ပါတယ္။
နာဆာရဲ့ သိပၸံနဲ႔အင္ဂ်င္နီယာဝန္ထမ္း (၃၀) ရာခိုင္ႏွုန္းဟာ အမ်ိဳးသမီးေတြျဖစ္ၿပီး မီမီေအာင္ကတစ္ေယာက္အပါအဝင္ပါပဲ။သူကေတာ့ သခၤ်ာဘာသာရပ္ဆိုင္ရာေဒါက္တာဘြဲ႕ရထားတဲ့ အေမရဲ့ က်ိဳးေၾကာင္းဆီေလ်ာ္စြာ ေတြးေခၚတတ္မွုရဲ့ အေရးပါမွုကို ငယ္ငယ္ေလးကတည္းက နားလည္တတ္ေျမာက္လာခဲ့တာပါလို့ သိရပါတယ္။အခုလို့ ပထမဆုံး စီမံကိန္းကို အုပ္စုနဲ႔အတူ ေဆာင္ရြက္ရတဲ့အခါ စိန္ေခၚမွုေတြၾကဳံရတတ္ၿပီး အေမဆီကသင္ယူခဲ့ရတဲ့အေတြ႕အၾကဳံေတြကို ျပန္အားကိုးနိုင္ခဲ့ပါတယ္လို့ ဆိုထားပါတယ္။


အခုလို့ ျမန္မာအမ်ိဳးသမီးတစ္ဦးက ကမၻာေက်ာ္ အမ်ိဳးသား အာကာသႏွင့္ ေလေၾကာင္း ဦးစီးဌာနရဲ့ အေရးႀကီးစီမံကိန္းတစ္ခုကို ဦးေဆာင္ေနရတာဟာ ဂုဏ္ယူစရာသတင္းတစ္ခုျဖစ္တာမို့ ဇဏ္ခီကေတာ့ အားေပးဂုဏ္ျပဳဝန္းရံေနတာလည္းျဖစ္ပါတယ္။ပရိသတ္ႀကီးေရ ဇဏ္ခီနဲ႔အတူ မမီမီေအာင္ဝန္းရံလိုက္ၾကရေအာင္ေနာ္။Credit-original
Unicode
နိုင်ငံကျော် မင်းသားတစ်လက်ဖြစ်တဲ့ ဇဏ်ခီကတော့ နာဆာရဲ့ (၂၀၂၀) အင်္ဂါဂြိုလ်ခရီးစဉ်စီမံကိန်းတစ်ခုကို ဦးဆောင်နေတဲ့ မြန်မာအမျိုးသမီး တစ်ဦးကို အားပေးဝန်းရံထားပါတယ်။အဲဒီအမျိုးသမီးကတော့ အမေရိကန်ပြည်ထောင်စု၊ဝါရှင်တန်ဒီစီ တွင်အခြေစိုက်ထားတဲ့ အမျိုးသား အာကာသနှင့် လေကြောင်း ဦးစီးဌာန (National Aeronautics and Space Administration, NASA) ရဲ့ ဂျက်တွန်းအားဓာတ်ခွဲခန်းမှ အင်္ဂါဂြိုလ်ရဟတ်ယာဉ်ဆိုင်ရာစီမံကိန်း မန်နေဂျာအဖြစ် ဆောင်ရွက်နေသူကတော့ မမီမီအောင်ပဲဖြစ်ပါတယ်။
နာဆာရဲ့ သိပ္ပံနဲ့အင်ဂျင်နီယာဝန်ထမ်း (၃၀) ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်ပြီး မီမီအောင်ကတစ်ယောက်အပါအဝင်ပါပဲ။သူကတော့ သင်္ချာဘာသာရပ်ဆိုင်ရာဒေါက်တာဘွဲ့ရထားတဲ့ အမေရဲ့ ကျိုးကြောင်းဆီလျော်စွာ တွေးခေါ်တတ်မှုရဲ့ အရေးပါမှုကို ငယ်ငယ်လေးကတည်းက နားလည်တတ်မြောက်လာခဲ့တာပါလို့ သိရပါတယ်။အခုလို့ ပထမဆုံး စီမံကိန်းကို အုပ်စုနဲ့အတူ ဆောင်ရွက်ရတဲ့အခါ စိန်ခေါ်မှုတွေကြုံရတတ်ပြီး အမေဆီကသင်ယူခဲ့ရတဲ့အတွေ့အကြုံတွေကို ပြန်အားကိုးနိုင်ခဲ့ပါတယ်လို့ ဆိုထားပါတယ်။အခုလို့ မြန်မာအမျိုးသမီးတစ်ဦးက ကမ္ဘာကျော် အမျိုးသား အာကာသနှင့် လေကြောင်း ဦးစီးဌာနရဲ့ အရေးကြီးစီမံကိန်းတစ်ခုကို ဦးဆောင်နေရတာဟာ ဂုဏ်ယူစရာသတင်းတစ်ခုဖြစ်တာမို့ ဇဏ်ခီကတော့ အားပေးဂုဏ်ပြုဝန်းရံနေတာလည်းဖြစ်ပါတယ်။ပရိသတ်ကြီးရေ ဇဏ်ခီနဲ့အတူ မမီမီအောင်ဝန်းရံလိုက်ကြရအောင်နော်။Credit-original