ဘယ်ပန်းချီရေးလို့မမီ (သို့) ဆက်ဆိုဖုန်းဖြင့် လမ်းမပေါ် ဖျော်ဖြေနေရသည့် မန္တလေးက အဘိုးအို (ရုပ်သံ)
ခု႐ုပ္သံဗြီဒီယိုဖိုင္ထဲမွာေတာ့ အသက္အ႐ြယ္ရေနၿပီျဖစ္ေပမယ့္ ဘဝကို အရႈံးမေပးဘဲ ဆက္ဆိုဖုန္းနဲ႔ လမ္းမအလယ္ ေဖ်ာ္ေျဖေနသူ အဘိုးအိုတဉီးကို ေတြ႕ၾကရမွာ ျဖစ္ပါတယ္။ သူဟာ ျမန္မာပုဆိုးနဲ႔ ရွပ္အက်ႌလက္ရွည္အျဖဴနဲ႔ အနီေရာင္ဦးထုပ္တလုံးကို ေဆာင္းထားခဲ့ၿပီး ဆက္ဆိုဖုန္းကို ကြၽမ္းကြၽမ္းက်င္က်င္ တီးမႈတ္ကာ သီခ်င္းေတးသြားနဲ႔အတူ လမ္းသြားလမ္းလာေတြ ၾကားမွာ ေဖ်ာ္ေျဖေနခဲ့တာပါ။
မိဘေမတၱာဘြဲ႕ နာမည္ေက်ာ္ ေတးသီခ်င္းတပုဒ္ျဖစ္တဲ့ “ဘယ္ပန္းခ်ီေရးလို႔မမီ”သီ ခ်င္းနဲ႔ က႐ုဏာသက္ဖြယ္ေဖ်ာ္ေျဖေနတဲ့ အဘိုးအိုရဲ႕ အလႉခံပလိုင္းထဲကိုေတာ့ လမ္းသြား လမ္းလာ တခ်ိဳ႕က ေငြစကၠဴေတြ ထည့္ေပးသြားၾကတာေတြကိုလည္း ေတြ႕ရပါတယ္။ ရုပ္သံဗြီဒီယိုဖိုင္ကိုေတာ့ Comte de Saint-Germain အမည္နဲ႔ ေဖ့စ္ဘြတ္ခ္ အသုံးျပဳသူတဦးက မွတ္တမ္းတင္ကာ ျပန္လည္မွ်ေဝထားခဲ့တာပါ။ မွတ္ခ်က္ေပးသူတေယာက္က ဘယ္ေနရာမွာလဲဆိုတဲ့ အေမးကိုေတာ့ မႏၲေလးၿမိဳ႕မွာ ျဖစ္ၿပီး ဝမ္းနည္းစရာေကာင္းေပမယ့္ အဘိုးအိုရဲ႕ အႏုပညာကိုေတာ့ တကယ္ႏွစ္သက္မိေၾကာင္း ျပန္ေျဖထားခဲ့တာကို ေတြ႕ရပါတယ္။ လတ္တေလာမွာေတာ့ ဒီ႐ုပ္သံဗြီဒီယိုဖိုင္ဟာ အင္တာနက္လူမႈကြန္ရက္စာမ်က္ႏွာ ေပၚမွာ ေရပန္းစားေနခဲ့ၿပီး နာရီပိုင္းအတြင္း ဝင္ေရာက္ၾကည့္ရႈၾကတဲ့ အႀကိမ္ေရ တသိန္းေက်ာ္ရွိေနခဲ့ၿပီ ျဖစ္ပါတယ္။
( ရုပ္သံျကည့္ရန္ )
Credit-original
Unicode
ဆင်းရဲချမ်းသာ ကွာဟမှုတွေ ပိုမိုများပြားလာတဲ့ ဒီကနေ့ခေတ်မှာ လူသားတွေရဲ့ ရပ်တည်နေထိုင်မှုအတွက် ရုန်းကန်နေရတဲ့ အခြေအနေတွေဟာ တကယ့်ကို မလွယ်ကူလှပါဘူး။ ဝင်ငွေရရှိနိုင်ဖို့ အလွယ်လမ်းကို မလိုက်ပဲ ကိုယ်တတ်ကျွမ်းတဲ့ အသိပညာ၊ အတတ်ပညာ တခုခုကို အခြေပြုပြီး ရှင်သန်နေကြသူတွေကိုတော့ လူမှုပတ်ဝန်းကျင်မှာ သမာအာဇီဝကျကျ အသက်မွေးမှုကြောင့် ချီးကျူးထိုက်သူတွေလို့ တင်စားပြောဆိုလေ့ ရှိကြပါတယ်။
ခုရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အသက်အရွယ်ရနေပြီဖြစ်ပေမယ့် ဘဝကို အရှုံးမပေးဘဲ ဆက်ဆိုဖုန်းနဲ့ လမ်းမအလယ် ဖျော်ဖြေနေသူ အဘိုးအိုတဉီးကို တွေ့ကြရမှာ ဖြစ်ပါတယ်။ သူဟာ မြန်မာပုဆိုးနဲ့ ရှပ်အင်္ကျီလက်ရှည်အဖြူနဲ့ အနီရောင်ဦးထုပ်တလုံးကို ဆောင်းထားခဲ့ပြီး ဆက်ဆိုဖုန်းကို ကျွမ်းကျွမ်းကျင်ကျင် တီးမှုတ်ကာ သီချင်းတေးသွားနဲ့အတူ လမ်းသွားလမ်းလာတွေ ကြားမှာ ဖျော်ဖြေနေခဲ့တာပါ။
မိဘမေတ္တာဘွဲ့ နာမည်ကျော် တေးသီချင်းတပုဒ်ဖြစ်တဲ့ “ဘယ်ပန်းချီရေးလို့မမီ”သီ ချင်းနဲ့ ကရုဏာသက်ဖွယ်ဖျော်ဖြေနေတဲ့ အဘိုးအိုရဲ့ အလှူခံပလိုင်းထဲကိုတော့ လမ်းသွား လမ်းလာ တချို့က ငွေစက္ကူတွေ ထည့်ပေးသွားကြတာတွေကိုလည်း တွေ့ရပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ကိုတော့ Comte de Saint-Germain အမည်နဲ့ ဖေ့စ်ဘွတ်ခ် အသုံးပြုသူတဦးက မှတ်တမ်းတင်ကာ ပြန်လည်မျှဝေထားခဲ့တာပါ။ မှတ်ချက်ပေးသူတယောက်က ဘယ်နေရာမှာလဲဆိုတဲ့ အမေးကိုတော့ မန္တလေးမြို့မှာ ဖြစ်ပြီး ဝမ်းနည်းစရာကောင်းပေမယ့် အဘိုးအိုရဲ့ အနုပညာကိုတော့ တကယ်နှစ်သက်မိကြောင်း ပြန်ဖြေထားခဲ့တာကို တွေ့ရပါတယ်။ လတ်တလောမှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်လူမှုကွန်ရက်စာမျက်နှာ ပေါ်မှာ ရေပန်းစားနေခဲ့ပြီး နာရီပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ တသိန်းကျော်ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
( ရုပ်သံကြည့်ရန် )
Credit-original


