Latest Posts

ေနျခည္ဦးရဲ႕ ႐ုပ္႐ွင္ကို သြားေရာက္အားေပးၿပီး ဂုဏ္ယူေၾကာင္းေျပာခဲ့တဲ့ ရည္းစားေဟာင္းျဖစ္သူ ေအာင္ေႏြဦး

တိုေတာင္းတဲ့ အခ်ိန္ကာလတစ္ခုအတြင္း ေအာင္ျမင္လာခဲ့တဲ့ ေနျခည္ဦးဟာ အခုဆိုရင္ ေခါင္းေဆာင္မင္းသမီးအျဖစ္ ႐ုပ္႐ွင္ဇာတ္ကားႀကီးေတြ အမ်ားအျပားကို ႐ိုက္ကူးေနရၿပီ ျဖစ္ပါတယ္။ ေနျခည္ဦးရဲ႕ သြက္လက္ခ်က္ခ်ာၿပီး ပြင့္လင္းတဲ့ ေျပာဆိုေနထိုင္မႈေၾကာင့္ ပရိသတ္ေတြက ပိုလို႔ေတာင္ သေဘာက်ၾကတာကို ေတြ႔ရပါတယ္။ ေနျခည္ဦးကလည္း ပရိသတ္ေတြနဲ႔ အထိအေတြ႔မပ်က္ေအာင္ အျမဲတမ္း ႀကိဳးစားေနတာပဲ ျဖစ္ပါတယ္။
ပရိသတ္ေတြက ေနျခည္ဦးရဲ႕ အႏုပညာလုပ္႐ွားမႈေတြကိုသာမက သူမရဲ႕ အျပင္က လူေနမႈပံုစံနဲ႔ အခ်စ္ေရးကိစၥကိုလည္း စိတ္ဝင္စားၾကတာ ျဖစ္ပါတယ္။ ေနျခည္ဦးက (၂)နွစ္တာနီးပါးလက္တြဲလာတဲ့ မႏၱေလးသားေလး ေအာင္ေႏြဦးနဲ႔ လမ္းခြဲျပတ္ဆဲၿပီး အခုဆိုရင္ တစ္ကိုယ္တည္း single အျဖစ္နဲ႔ အႏုပညာလုပ္ငန္းေတြကို လုပ္ကိုင္ေနလ်က္ရိွပါတယ္။
ေနျခည္ဦးနဲ႔ ေအာင္ေႏြဦးဟာ လမ္းခြဲလိုက္ၾကၿပီဆိုေပမယ့္ တစ္ေယာက္နဲ႔တစ္ေယာက္ အခင္အမင္မျပတ္ပဲ သူငယ္ခ်င္းေတြအျဖစ္ ေနထိုင္ၾကဆဲ ျဖစ္ပါတယ္။ ေအာင္ေႏြဦးကလည္း ေနျခည္ဦးရဲ႕ အႏုပညာလႈပ္႐ွားမႈေတြကို အျမဲမျပတ္ အားေပးေနဆဲ ျဖစ္ပါတယ္။
ေအာင္ေႏြဦးက ေနျခည္ဦး ေခါင္းေဆာင္မင္းသမီးအျဖစ္ ပထမဆံုးသ႐ုပ္ေဆာင္ထားတဲ့ “အခမ္းနားဆံုးေမတၱာ” ႐ုပ္႐ွင္ဇာတ္ကားႀကီးကို သြားေရာက္အားေပးခဲ့ၿပီး Congratulations ဆိုၿပီး ဝမ္းသာဂုဏ္ျပဳစကား ေျပာထားတာကို ေတြ႔ရပါတယ္။ ေနျခည္ဦးကလည္း ေအာင္ေႏြဦးရဲ႕ ဝမ္းသာစကားကို Thank You ပါ ဆိုၿပီး တံု႔ျပန္ထားပါတယ္။
လမ္းခြဲလိုက္ၾကတဲ့သူေတြျဖစ္ေပမယ့္ တစ္ေယာက္ကိုတစ္ေယာက္ အမုန္းမပြားပဲ ေမတၱာနဲ႔သာ ဆက္ဆံျခင္းက အင္မတန္ ေအးခ်မ္းစရာပါပဲ။ ပရိသတ္ႀကီးလည္း ေနျခည္ဦးရဲ႕ အႏုပညာလုပ္႐ွားမႈေတြကို ဆက္လက္အားေပးၾကပါဦးေနာ္။Credit-aungparsay
Unicode
တိုတောင်းတဲ့ အချိန်ကာလတစ်ခုအတွင်း အောင်မြင်လာခဲ့တဲ့ နေခြည်ဦးဟာ အခုဆိုရင် ခေါင်းဆောင်မင်းသမီးအဖြစ် ရုပ်ရှင်ဇာတ်ကားကြီးတွေ အများအပြားကို ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။ နေခြည်ဦးရဲ့ သွက်လက်ချက်ချာပြီး ပွင့်လင်းတဲ့ ပြောဆိုနေထိုင်မှုကြောင့် ပရိသတ်တွေက ပိုလို့တောင် သဘောကျကြတာကို တွေ့ရပါတယ်။ နေခြည်ဦးကလည်း ပရိသတ်တွေနဲ့ အထိအတွေ့မပျက်အောင် အမြဲတမ်း ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ပရိသတ်တွေက နေခြည်ဦးရဲ့ အနုပညာလုပ်ရှားမှုတွေကိုသာမက သူမရဲ့ အပြင်က လူနေမှုပုံစံနဲ့ အချစ်ရေးကိစ္စကိုလည်း စိတ်ဝင်စားကြတာ ဖြစ်ပါတယ်။ နေခြည်ဦးက (၂)နှစ်တာနီးပါးလက်တွဲလာတဲ့ မန္တလေးသားလေး အောင်နွေဦးနဲ့ လမ်းခွဲပြတ်ဆဲပြီး အခုဆိုရင် တစ်ကိုယ်တည်း single အဖြစ်နဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေလျက်ရှိပါတယ်။
နေခြည်ဦးနဲ့ အောင်နွေဦးဟာ လမ်းခွဲလိုက်ကြပြီဆိုပေမယ့် တစ်ယောက်နဲ့တစ်ယောက် အခင်အမင်မပြတ်ပဲ သူငယ်ချင်းတွေအဖြစ် နေထိုင်ကြဆဲ ဖြစ်ပါတယ်။ အောင်နွေဦးကလည်း နေခြည်ဦးရဲ့ အနုပညာလှုပ်ရှားမှုတွေကို အမြဲမပြတ် အားပေးနေဆဲ ဖြစ်ပါတယ်။
အောင်နွေဦးက နေခြည်ဦး ခေါင်းဆောင်မင်းသမီးအဖြစ် ပထမဆုံးသရုပ်ဆောင်ထားတဲ့ “အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ဇာတ်ကားကြီးကို သွားရောက်အားပေးခဲ့ပြီး Congratulations ဆိုပြီး ဝမ်းသာဂုဏ်ပြုစကား ပြောထားတာကို တွေ့ရပါတယ်။ နေခြည်ဦးကလည်း အောင်နွေဦးရဲ့ ဝမ်းသာစကားကို Thank You ပါ ဆိုပြီး တုံ့ပြန်ထားပါတယ်။
လမ်းခွဲလိုက်ကြတဲ့သူတွေဖြစ်ပေမယ့် တစ်ယောက်ကိုတစ်ယောက် အမုန်းမပွားပဲ မေတ္တာနဲ့သာ ဆက်ဆံခြင်းက အင်မတန် အေးချမ်းစရာပါပဲ။ ပရိသတ်ကြီးလည်း နေခြည်ဦးရဲ့ အနုပညာလုပ်ရှားမှုတွေကို ဆက်လက်အားပေးကြပါဦးနော်။Credit-aungparsay