ရုပ်ချင်းဆင်တဲ့သူတွေက အချစ်ရေးပိုအဆင်ပြေပြီး ရေရှည်ခိုင်မြဲကြကြောင်း လေ့လာတွေ့ရှိ
ကံတရားဆိုတာ ခန္႕မွန္းလို႕မရသလို အခ်စ္ေရးကံဆိုတာလည္း ဘယ္လိုမွ မွန္းဆလို႕မရပါဘူး။ ဒါေပမယ့္ ဖူးစာဆိုတာကိုေတာ့ လက္မခံလို႕မရပါဘူး။
ျပီးေတာ့ လူေတြဟာ ကိုယ့္ရဲ႕ဖူးစာရွင္နဲ႕ရုပ္ခ်င္းတူၾကတယ္၊ ရုပ္ခ်င္းဆင္တဲ့သူေတြက အခ်စ္ေရးမွာ ပိုျပီးခိုင္ျမဲၾကတယ္ဆိုတဲ့ အယူအဆေလးလည္း ၾကားဖူးပါတယ္။
ဒီအယူအဆေလးမွန္လားလို႕ တကၠသိုလ္တစ္ခုရဲ႕ စိတ္ပညာဆိုင္ရာ ပညာရွင္ေတြျဖစ္ၾကတဲ့ Dr. Jitka Lindová နဲ႕အဖြဲ႕သားမ်ားက ေလ့လာမႈေတြလုပ္လိုက္တဲ့အခါ ဒီလိုမ်ိဳးေတြ႕ရွိခဲ့ၾကပါတယ္။
ပထမဆံုးအခ်က္က လူေတြရဲ႕ မူလစိတ္ခံစားခ်က္အရ ကိုယ့္ကိုယ္ကို သေဘာက်တဲ့စိတ္ရွိတာေၾကာင့္ လက္တြဲေဖာ္ရွာတဲ့အခါ မသိစိတ္ကေန ကိုယ္နဲ႕ ရုပ္ခ်င္းဆင္တဲ့သူကို ရွာတတ္ျပီး၊
ကိုယ္နဲ႕ ရုပ္ခ်င္းဆင္တဲ့သူနဲ႕ေတြ႕တဲ့အခါ သေဘာက်တဲ့စိတ္ျမန္ျမန္ျဖစ္သြားတတ္တာေၾကာင့္ပါ။
ေနာက္တစ္ခ်က္ကေတာ့ ေယဘုယ်အားျဖင့္ ရုပ္ခ်င္းဆင္တဲ့သူေတြဟာ အက်င့္စရိုက္ခ်င္း၊ အၾကိဳက္ခ်င္းလည္း နီးစပ္မႈရွိတတ္ပါတယ္။ ဒါေၾကာင့္ သူတို႕ေတြတြဲၾကတဲ့အခါ ပိုအဆင္ေျပျပီး အေပးအယူပိုမွ်နိုင္ပါတယ္။
ဆန္႕က်င္မႈေတြက ဆြဲေဆာင္တတ္တဲ့ သေဘာရွိတယ္လို႕ဆိုၾကေပမယ့္ အခ်စ္ေရးမွာေတာ့ ရုပ္ခ်င္းတူတာက ပိုျပီးဆြဲေဆာင္မႈရွိပါတယ္။ ရုပ္ရည္ခ်င္းဆင္တူေနတာက စိတ္ခံစားခ်က္ခ်င္းလည္းနီးစပ္မႈရွိနိုင္ျပီး အျပန္အလွန္ နားလည္နိုင္စြမ္းလည္း ပိုျမင့္ပါတယ္။ ဒီအေၾကာင္းအရာနဲ႕ပတ္သက္လို႕ ပ်ိဳေမတို႕ေရာဘယ္လိုထင္လဲ၊ ရုပ္ခ်င္းဆင္တဲ့သူေတြက အခ်စ္ေရးမွာပိုခိုင္ျမဲတယ္ဆိုတာကို လက္ခံလား ။Credit-original
Unicode
ရုပ်ချင်းဆင်တဲ့သူတွေက အချစ်ရေးပိုအဆင်ပြေပြီး ရေရှည်ခိုင်မြဲကြကြောင်း လေ့လာတွေ့ရှိ
ကံတရားဆိုတာ ခန့်မှန်းလို့မရသလို အချစ်ရေးကံဆိုတာလည်း ဘယ်လိုမှ မှန်းဆလို့မရပါဘူး။ ဒါပေမယ့် ဖူးစာဆိုတာကိုတော့ လက်မခံလို့မရပါဘူး။
ပြီးတော့ လူတွေဟာ ကိုယ့်ရဲ့ဖူးစာရှင်နဲ့ရုပ်ချင်းတူကြတယ်၊ ရုပ်ချင်းဆင်တဲ့သူတွေက အချစ်ရေးမှာ ပိုပြီးခိုင်မြဲကြတယ်ဆိုတဲ့ အယူအဆလေးလည်း ကြားဖူးပါတယ်။
ဒီအယူအဆလေးမှန်လားလို့ တက္ကသိုလ်တစ်ခုရဲ့ စိတ်ပညာဆိုင်ရာ ပညာရှင်တွေဖြစ်ကြတဲ့ Dr. Jitka Lindová နဲ့အဖွဲ့သားများက လေ့လာမှုတွေလုပ်လိုက်တဲ့အခါ ဒီလိုမျိုးတွေ့ရှိခဲ့ကြပါတယ်။
ပထမဆုံးအချက်က လူတွေရဲ့ မူလစိတ်ခံစားချက်အရ ကိုယ့်ကိုယ်ကို သဘောကျတဲ့စိတ်ရှိတာကြောင့် လက်တွဲဖော်ရှာတဲ့အခါ မသိစိတ်ကနေ ကိုယ်နဲ့ ရုပ်ချင်းဆင်တဲ့သူကို ရှာတတ်ပြီး၊
ကိုယ်နဲ့ ရုပ်ချင်းဆင်တဲ့သူနဲ့တွေ့တဲ့အခါ သဘောကျတဲ့စိတ်မြန်မြန်ဖြစ်သွားတတ်တာကြောင့်ပါ။
နောက်တစ်ချက်ကတော့ ယေဘုယျအားဖြင့် ရုပ်ချင်းဆင်တဲ့သူတွေဟာ အကျင့်စရိုက်ချင်း၊ အကြိုက်ချင်းလည်း နီးစပ်မှုရှိတတ်ပါတယ်။ ဒါကြောင့် သူတို့တွေတွဲကြတဲ့အခါ ပိုအဆင်ပြေပြီး အပေးအယူပိုမျှနိုင်ပါတယ်။
ဆန့်ကျင်မှုတွေက ဆွဲဆောင်တတ်တဲ့ သဘောရှိတယ်လို့ဆိုကြပေမယ့် အချစ်ရေးမှာတော့ ရုပ်ချင်းတူတာက ပိုပြီးဆွဲဆောင်မှုရှိပါတယ်။ ရုပ်ရည်ချင်းဆင်တူနေတာက စိတ်ခံစားချက်ချင်းလည်း
နီးစပ်မှုရှိနိုင်ပြီး အပြန်အလှန် နားလည်နိုင်စွမ်းလည်း ပိုမြင့်ပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်လို့ ပျိုမေတို့ရောဘယ်လိုထင်လဲ၊ ရုပ်ချင်းဆင်တဲ့သူတွေက အချစ်ရေးမှာပိုခိုင်မြဲတယ်ဆိုတာကို လက်ခံလား ။Credit-original



