Latest Posts

“ခီမောင်နှံဆီက ဟာသကားတစ်ကားကို စောင့်မျှော်နေတဲ့ ပရိသတ်အတွက် အဖြေပြန်ပေးခဲ့တဲ့ ဇဏ်ခီ”

ခီေမာင္ႏွံ။ အခ်ိန္အေတာ္ၾကာ ေခါက္ရိုးက်ိဳး အသားက်ေနတဲ့ ျမန္မာ့ရုပ္ရွင္ ေလာကကို တစ္ေခတ္ ေျပာင္းလဲေစခဲ့တဲ့ ေမာင္ႏွံလို႔ ေျပာရင္ မမွားပါဘူး။
ဖန္တီးမွု လက္ရာေတြ ေျပာင္ေျမာက္ခဲ့သလားဆုိတာ မုျဒာေခၚသံ၊ ဥပါယ္တံမ်ဥ္ ရုပ္ရွင္ဇာတ္ကားေတြက ေရွ႕မွာ သက္ေသျပခဲ့ျပီး ျဖစ္ပါတယ္။
ျမန္မာပရိသတ္ေတြ ျငီးေငြ႕ေနတဲ့ ျမန္မာ့ရုပ္ရွင္ဇာတ္ကားေတြထဲကေန ကြဲထြက္လာခဲ့တဲ့ ဒီဇာတ္ကား ၂ ကားဟာ ပရိသတ္ေတြ အၾကိဳက္နဲ႔ ထပ္တူက်ခဲ့ပါတယ္။
ရုပ္ရွင္တစ္ကားကို ရိုက္ကူးမယ့္ အခ်ိန္ကစျပီး အေသးစိတ္ထိ ဂရုတစိုက္နဲ႔ အခ်ိန္ေပးခဲ့တာေတြေၾကာင့္လည္း အႏုပညာေပၚကို တန္ဖိုးထားတတ္မွုေတြ ေပၚလြင္ေနခဲ့ျပန္ပါတယ္။
ေအာက္တိုဘာလ ၃၁ ရက္ေန႔မွာ စတင္ျပသမယ့္ ထာဝရေႏွာင္ၾကိဳး ရုပ္ရွင္ကားၾကီးကို စတင္ရိုက္ကူးမယ့္အခ်ိန္ကစျပီး ပရိသတ္ေတြရဲ႕ စိတ္ဝင္စားမွုကို ရရွိခဲ့တာျဖစ္ပါတယ္။
Red Carpet Show ျပဳလုပ္ျပီးခ်ိန္မွာေတာ့ လာေရာက္ၾကည့္ရွုသူေတြရဲ႕ ၁၀၀ ရာခိုင္ႏွုန္းေသာ ေထာက္ခံမွုေတြကို ရရွိခဲ့တာေၾကာင့္ ၾကိဳတင္လက္မွတ္ေတြ ရံုအခ်ိဳ႕မွာပါ ျပတ္လပ္တဲ့အထိ ေရာင္းခ်ႏိုင္ခဲ့တာျဖစ္ပါတယ္။
ယေန႔မွာ ခီေမာင္ႏွံ ၂ ဦးဟာ ပရိသတ္ေတြအတြက္ အခ်ိန္ေပး Live လႊင့္ခဲ့ျပီး အေမး၊ အေျဖေတြျပဳလုပ္ေပးခဲ့ပါတယ္။ အခ်ိန္အေတာ္ၾကာ ဟာသကားေတြနဲ႔ လႊမ္းမိုးထားခဲ့တဲ့ ျမန္မာ့ရုပ္ရွင္ေလာကမွာ ခီေမာင္ႏွံဆီက ဟာသကားတစ္ကားကို ေတာင္းဆိုခဲ့တဲ့ ပရိသတ္တစ္ဦးလည္း ရွိခဲ့တာကို ထို Live မွာေတြ႔ရပါတယ္။
အသက္ရွင္စဥ္ ကာလအတြင္းမွာ ဇာတ္ကား (၁၀) ကားျပည့္ေအာင္ ရိုက္ရရင္ ေက်နပ္ပါျပီလို႔ ေျပာခဲ့ဖူးတဲ့ ခရစၥတီးနားခီဟာ ထိုပရိသတ္ရဲ႕ ေတာင္းဆိုမွုကို ရိုက္ခ်င္တဲ့အေၾကာင္း ေျပာခဲ့ပါတယ္။
သို႔ေသာ္လည္း ဇဏ္ခီကေတာ့ ဟာသကားတစ္ကား ရိုက္ဖို႔ဆိုတာ အေတာ္ခက္ခဲတဲ့အေၾကာင္း ေျပာခဲ့ပါတယ္။ ဟာသကား အျပင္ Musical လည္း ခက္ခဲတယ္လို႔ Live ကတဆင့္ ဆုိခဲ့ပါေသးတယ္။
ခီေမာင္ႏွံ ရိုက္ျဖစ္ခ်င္ ရိုက္ျဖစ္လာမယ့္ ဇာတ္ကားေတြထဲမွာ ဟာသကားစစ္စစ္ တစ္ကားဟာ ပါေကာင္းပါလာႏိုင္ပါတယ္။ ဒီလိုဖန္တီးဖို႔ ခက္ခဲတဲ့ ဟာသကားတစ္ကားကို ခီေမာင္ႏွံ ဘယ္လိုဖန္တီးျဖစ္မလဲ ဆိုတာကလည္း စိတ္ဝင္စားစရာ တစ္ခုပါပဲေနာ္။
Credit-Cele Star
Unicode
ခီမောင်နှံ။ အချိန်အတော်ကြာ ခေါက်ရိုးကျိုး အသားကျနေတဲ့ မြန်မာ့ရုပ်ရှင် လောကကို တစ်ခေတ် ပြောင်းလဲစေခဲ့တဲ့ မောင်နှံလို့ ပြောရင် မမှားပါဘူး။
ဖန်တီးမှု လက်ရာတွေ ပြောင်မြောက်ခဲ့သလားဆိုတာ မုဒြာခေါ်သံ၊ ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားတွေက ရှေ့မှာ သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။
မြန်မာပရိသတ်တွေ ငြီးငွေ့နေတဲ့ မြန်မာ့ရုပ်ရှင်ဇာတ်ကားတွေထဲကနေ ကွဲထွက်လာခဲ့တဲ့ ဒီဇာတ်ကား ၂ ကားဟာ ပရိသတ်တွေ အကြိုက်နဲ့ ထပ်တူကျခဲ့ပါတယ်။
ရုပ်ရှင်တစ်ကားကို ရိုက်ကူးမယ့် အချိန်ကစပြီး အသေးစိတ်ထိ ဂရုတစိုက်နဲ့ အချိန်ပေးခဲ့တာတွေကြောင့်လည်း အနုပညာပေါ်ကို တန်ဖိုးထားတတ်မှုတွေ ပေါ်လွင်နေခဲ့ပြန်ပါတယ်။အောက်တိုဘာလ ၃၁ ရက်နေ့မှာ စတင်ပြသမယ့် ထာဝရနှောင်ကြိုး ရုပ်ရှင်ကားကြီးကို စတင်ရိုက်ကူးမယ့်အချိန်ကစပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့တာဖြစ်ပါတယ်
Red Carpet Show ပြုလုပ်ပြီးချိန်မှာတော့ လာရောက်ကြည့်ရှုသူတွေရဲ့ ၁၀၀ ရာခိုင်နှုန်းသော ထောက်ခံမှုတွေကို ရရှိခဲ့တာကြောင့် ကြိုတင်လက်မှတ်တွေ ရုံအချို့မှာပါ ပြတ်လပ်တဲ့အထိ ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။ယနေ့မှာ ခီမောင်နှံ ၂ ဦးဟာ ပရိသတ်တွေအတွက် အချိန်ပေး Live လွှင့်ခဲ့ပြီး အမေး၊ အဖြေတွေပြုလုပ်ပေးခဲ့ပါတယ်။ အချိန်အတော်ကြာ ဟာသကားတွေနဲ့ လွှမ်းမိုးထားခဲ့တဲ့ မြန်မာ့ရုပ်ရှင်လောကမှာ ခီမောင်နှံဆီက ဟာသကားတစ်ကားကို တောင်းဆိုခဲ့တဲ့ ပရိသတ်တစ်ဦးလည်း ရှိခဲ့တာကို ထို Live မှာတွေ့ရပါတယ်။
အသက်ရှင်စဉ် ကာလအတွင်းမှာ ဇာတ်ကား (၁၀) ကားပြည့်အောင် ရိုက်ရရင် ကျေနပ်ပါပြီလို့ ပြောခဲ့ဖူးတဲ့ ခရစ္စတီးနားခီဟာ ထိုပရိသတ်ရဲ့ တောင်းဆိုမှုကို ရိုက်ချင်တဲ့အကြောင်း ပြောခဲ့ပါတယ်။
သို့သော်လည်း ဇဏ်ခီကတော့ ဟာသကားတစ်ကား ရိုက်ဖို့ဆိုတာ အတော်ခက်ခဲတဲ့အကြောင်း ပြောခဲ့ပါတယ်။ ဟာသကား အပြင် Musical လည်း ခက်ခဲတယ်လို့ Live ကတဆင့် ဆိုခဲ့ပါသေးတယ်။
ခီမောင်နှံ ရိုက်ဖြစ်ချင် ရိုက်ဖြစ်လာမယ့် ဇာတ်ကားတွေထဲမှာ ဟာသကားစစ်စစ် တစ်ကားဟာ ပါကောင်းပါလာနိုင်ပါတယ်။ ဒီလိုဖန်တီးဖို့ ခက်ခဲတဲ့ ဟာသကားတစ်ကားကို ခီမောင်နှံ ဘယ်လိုဖန်တီးဖြစ်မလဲ ဆိုတာကလည်း စိတ်ဝင်စားစရာ တစ်ခုပါပဲနော်။Credit-Cele Star