Latest Posts

ေနတိုးတို႔သားအမိဆီက လွဴခ်င္တာလွဴဒါန္းႏိုင္ဖို႔ မုန္႔ဖိုးျပန္ရခဲ့တဲ့ ဒီဇိုင္နာမင္းသက္စံ

အႏုပညာကေဝႀကီးလို႔ ပရိသတ္ေတြက တင္စားၾကတဲ့ အကယ္ဒမီမင္းသား ေနတိုးက ဒီဘက္ေခတ္ရဲ႕ အေအာင္ျမင္ဆံုး မင္းသားတစ္လက္ပါပဲ။ ေနတိုးဟာ ႐ုပ္႐ွင္ဇာတ္ကားေတြမ်ားစြာမွာ သ႐ုပ္ေဆာင္ခဲ့ၿပီး ပရိသတ္ေတြကို မတူညီတဲ့ ခံစားမႈရသေတြကို ေပးစြမ္းေနသူပဲ ျဖစ္ပါတယ္။ ေနတိုးက အခုဆိုရင္ အသက္(၄၀) နီးပါးေရာက္သည့္တိုင္ ေခါင္းေဆာင္မင္းသားအျဖစ္ ႐ုပ္႐ွင္ဇာတ္ကားႀကီးေတြ ႐ိုက္ကူးေနဆဲပါ။
ေနတိုးဟာ အႏုပညာေလာကမွာ နာမည္ႀကီးသလို လူခ်စ္လူခင္ေပါမ်ားသူတစ္ေယာက္လည္း ျဖစ္ပါတယ္။ ဒီတစ္ေခါက္မွာေတာ့ ဒီဇိုင္နာ မင္းသက္စံက ေက်းဇူးရွင္အစ္ကိုႀကီး ေနတိုးကို သြားေရာက္ကန္ေတာ့ခဲ့တဲ့ အေၾကာင္းကို အခုလိုပဲ ေျပာျပလာပါတယ္။
“ကၽြန္ေတာ့ရဲ႕အစ္ကို ကိုသီတင္းကၽြတ္သြားကန္ေတာ့တာ။ အစ္ကိုက လႉခ်င္တာလႉဖို႔ဆိုၿပီး မုန္႔ဖိုး တစ္သိန္းျပန္ေပးလိုက္တယ္။ အေမ (အရီး) ကိုလည္း ကန္ေတာ့တယ္  မုန္႔ဖိုးတစ္သိန္း ထပ္ရတယ္။ မုန္႔ဖိုးအမ်ားႀကီး ရတယ္။” ဆိုၿပီး ပီတိေတြနဲ႔ မ်ွေဝထားပါတယ္။
ဒီဇိုင္နာ မင္းသက္စံနဲ႔ ေနတိုးဟာ ညီအစ္ကိုအရင္းေတြလို ရင္းႏွီးကြၽမ္းဝင္ၾကသူေတြျဖစ္ၿပီး ေနတိုးရဲ႕ ပြဲတက္ဝတ္စံုအမ်ားစုကိုလည္း မင္းသက္စံက ခ်ဳပ္ေပးရတာ ျဖစ္ပါတယ္။ မင္းသက္စံအေနနဲ႔လည္း သူ႔ရဲ႕ ေက်းဇူး႐ွင္အစ္ကိုႀကီးေနတိုးကို ႏွစ္စဥ္ႏွစ္တိုင္း သြားေရာက္ကန္ေတာ့ေလ့ရိွတာပဲ ျဖစ္ပါတယ္။
မင္းသားနဲ႔ ဒီဇိုင္နာတို႔ရဲ႕ တစ္ေယာက္ကိုတစ္ေယာက္ အျပန္အလွန္ ေလးစားတန္ဖိုးထားမႈကေတာ့ အင္မတန္ ၾကည္ႏူးဖို႔ေကာင္းပါတယ္။ အခ်ိန္ေပးၿပီး ဖတ္႐ႈေပးတဲ့ ပရိသတ္ႀကီးကို ေက်းဇူးအထူးတင္ရိွပါတယ္။Credit-burmese.asia
Unicode
အနုပညာကဝေကြီးလို့ ပရိသတ်တွေက တင်စားကြတဲ့ အကယ်ဒမီမင်းသား နေတိုးက ဒီဘက်ခေတ်ရဲ့ အအောင်မြင်ဆုံး မင်းသားတစ်လက်ပါပဲ။ နေတိုးဟာ ရုပ်ရှင်ဇာတ်ကားတွေများစွာမှာ သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေကို မတူညီတဲ့ ခံစားမှုရသတွေကို ပေးစွမ်းနေသူပဲ ဖြစ်ပါတယ်။ နေတိုးက အခုဆိုရင် အသက်(၄၀) နီးပါးရောက်သည့်တိုင် ခေါင်းဆောင်မင်းသားအဖြစ် ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေဆဲပါ။
နေတိုးဟာ အနုပညာလောကမှာ နာမည်ကြီးသလို လူချစ်လူခင်ပေါများသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဒီဇိုင်နာ မင်းသက်စံက ကျေးဇူးရှင်အစ်ကိုကြီး နေတိုးကို သွားရောက်ကန်တော့ခဲ့တဲ့ အကြောင်းကို အခုလိုပဲ ပြောပြလာပါတယ်။
“ကျွန်တော့ရဲ့အစ်ကို ကိုသီတင်းကျွတ်သွားကန်တော့တာ။ အစ်ကိုက လှူချင်တာလှူဖို့ဆိုပြီး မုန့်ဖိုး တစ်သိန်းပြန်ပေးလိုက်တယ်။ အမေ (အရီး) ကိုလည်း ကန်တော့တယ်  မုန့်ဖိုးတစ်သိန်း ထပ်ရတယ်။ မုန့်ဖိုးအများကြီး ရတယ်။” ဆိုပြီး ပီတိတွေနဲ့ မျှဝေထားပါတယ်။
ဒီဇိုင်နာ မင်းသက်စံနဲ့ နေတိုးဟာ ညီအစ်ကိုအရင်းတွေလို ရင်းနှီးကျွမ်းဝင်ကြသူတွေဖြစ်ပြီး နေတိုးရဲ့ ပွဲတက်ဝတ်စုံအများစုကိုလည်း မင်းသက်စံက ချုပ်ပေးရတာ ဖြစ်ပါတယ်။ မင်းသက်စံအနေနဲ့လည်း သူ့ရဲ့ ကျေးဇူးရှင်အစ်ကိုကြီးနေတိုးကို နှစ်စဉ်နှစ်တိုင်း သွားရောက်ကန်တော့လေ့ရှိတာပဲ ဖြစ်ပါတယ်။
မင်းသားနဲ့ ဒီဇိုင်နာတို့ရဲ့ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် လေးစားတန်ဖိုးထားမှုကတော့ အင်မတန် ကြည်နူးဖို့ကောင်းပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။Credit-burmese.asia