Latest Posts

မွေးနေ့မှာ ဖခင်ကို သိန်း ၁၀၀၀ ကန်တော့ပြီး အရမ်းကို ပီတိဖြစ်နေတဲ့ အထူးကုဆရာဝန်လေး

ေမြးေန႕မွာ အေဖ့ကို သိန္း ၁၀၀၀ ပုံၿပီးကန္ေတာ့တဲ့ မႏၱေလးက အလွအပဆိုင္ရာ အထူးကု ဆရာဝန္ေလး ေအာင္သီဟရဲ႕ ပို႔စ္ကို ျပန္လည္ ေဖာ္ျပလိုက္ပါတယ္။ အထူးကုဆရာဝန္ေလးဟာ ႐ုပ္ရည္ေခ်ာေမာလွပၿပီး ဖိုတိုေမာ္ဒယ္အလုပ္ကိုလည္း ဝါသနာ အရလုပ္ကိုင္ေလ့ ရွိပါတယ္။
ေမြးေန႕မွာ လိုခ်င္ေနတဲ့ ကားကိုမလဲဘဲ အေဖ့ကို သိန္း ၁၀၀၀ ပုံ ကန္ေတာ့တာ ၾကားရသူတိုင္း ဝမ္းသာပီတိ ျဖစ္မိပါတယ္။ မိဘေက်းဇူး သိတတ္တဲ့ သားလိမၼာေလး တစ္ဦး ျဖစ္တာေၾကာင့္ ဘဝ ခရီးလမ္း တေလွ်ာက္ ယခုထက္ ပိုၿပီးတိုးတက္ေအာင္ျမင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။ မူရင္းပို႔စ္ကို ေအာက္မွာ ေဖာ္ျပ လိုက္ပါတယ္။
တကယ္ေတာ့ ေမြးေန႕အမွတ္တရဆိုၿပီး ကားလဲ ဖို႔ အတြက္ ကိုယ့္ရဲ႕လုပ္အားခထဲက ဖယ္ၿပီးစုထားတဲ့ ေငြသိန္း ၁၀၀၀ ပါ။
ေမြးေန႕နားလည္း နီးလာေရာ စိတ္ထဲမွာ အေဖ့ကိုပဲ ကန္ေတာ့ခ်င္စိတ္အလိုလိုျဖစ္လာလို႔.ကားမလဲ ျဖစ္ေတာ့ ပဲ အေဖ လိုရာသုံးဖို႔ အေဖ့အတြက္ ဒီေငြ သိန္းတစ္ေထာင္ နဲ႕ ကန္ေတာ့အပ္ပါတယ္.ေမြးေန႕မွာ ဇိမ္ခံကားတစ္စီးရလို႔ ေပ်ာ္႐ႊင္ရတာထက္…မိဘရဲ႕စိတ္ခ်မ္းသာမူ႕ေၾကာင့္ တန္ျပန္ရရွိတဲ့ ပီတိက ဘာနဲ႕မွလဲလို႔ရမတဲ့ ေမြးေန႕အမွတ္တရ ေပ်ာ္႐ႊင္မူ႕ပါ။Credit-aungparsy
Unicode
မွေးနေ့မှာ အဖေ့ကို သိန်း ၁၀၀၀ ပုံပြီးကန်တော့တဲ့ မန္တလေးက အလှအပဆိုင်ရာ အထူးကု ဆရာဝန်လေး အောင်သီဟရဲ့ ပို့စ်ကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ အထူးကုဆရာဝန်လေးဟာ ရုပ်ရည်ချောမောလှပပြီး ဖိုတိုမော်ဒယ်အလုပ်ကိုလည်း ဝါသနာ အရလုပ်ကိုင်လေ့ ရှိပါတယ်။
မွေးနေ့မှာ လိုချင်နေတဲ့ ကားကိုမလဲဘဲ အဖေ့ကို သိန်း ၁၀၀၀ ပုံ ကန်တော့တာ ကြားရသူတိုင်း ဝမ်းသာပီတိ ဖြစ်မိပါတယ်။ မိဘကျေးဇူး သိတတ်တဲ့ သားလိမ္မာလေး တစ်ဦး ဖြစ်တာကြောင့် ဘဝ ခရီးလမ်း တလျှောက် ယခုထက် ပိုပြီးတိုးတက်အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ မူရင်းပို့စ်ကို အောက်မှာ ဖော်ပြ လိုက်ပါတယ်။
တကယ်တော့ မွေးနေ့အမှတ်တရဆိုပြီး ကားလဲ ဖို့ အတွက် ကိုယ့်ရဲ့လုပ်အားခထဲက ဖယ်ပြီးစုထားတဲ့ ငွေသိန်း ၁၀၀၀ ပါ။မွေးနေ့နားလည်း နီးလာရော စိတ်ထဲမှာ အဖေ့ကိုပဲ ကန်တော့ချင်စိတ်အလိုလိုဖြစ်လာလို့.ကားမလဲ ဖြစ်တော့ ပဲ အဖေ လိုရာသုံးဖို့ အဖေ့အတွက် ဒီငွေ သိန်းတစ်ထောင် နဲ့ ကန်တော့အပ်ပါတယ်.မွေးနေ့မှာ ဇိမ်ခံကားတစ်စီးရလို့ ပျော်ရွှင်ရတာထက်…မိဘရဲ့စိတ်ချမ်းသာမူ့ကြောင့် တန်ပြန်ရရှိတဲ့ ပီတိက ဘာနဲ့မှလဲလို့ရမတဲ့ မွေးနေ့အမှတ်တရ ပျော်ရွှင်မူ့ပါ။Credit-aungparsy