Latest Posts

လက်ပံတန်းမြို့ပေါ်ရှိ ခွေးလေခွေးလွင့်များကို စည်ပင်မှ အဆိပ်ချသုတ်သင်ရှင်းလင်းရာ ခွေကောင်ရေ ၄၈ကောင်သေဆုံးခဲ့

လက္ပံတန္းၿမိဳ့ေပၚရွိ ေခြးေလေခြးလြင့္မ်ားကို လက္ပံတန္းၿမိဳ့နယ္စည္ပင္သာယာ‌‌ေရးအဖြဲ႕ မွ အဆိပ္ခ် သုတ္သင္ရွင္းလင္းသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားၿပီးေနာက္ ေအာက္တိုဘာလ ၂၇ရက္ေန႔ ည‌၉နာရီအခ်ိန္မွ စ၍ ေခြးမ်ားကို သုတ္သင္ရွင္းလင္းခဲ့သည္တြင္ ေခြးေကာင္ေရ ၄၈ေကာင္ေသဆုံး ခဲ့သည္ဟုထုတ္ျပန္ခဲ့သည္တြင္ ေခြးမ၅ေကာင္ပါရွိကာ အထီး ၄၃ေကာင္ေသဆုံးခဲ့ေၾကာင္း သတင္းရရွိ‌သည္။
အမ်ားျပည္သူအသက္ အႏၲရာယ္မထိခိုက္‌ေစေရးႏွင့္ ေခြးေလေခြးလင့္မ်ား တိုးပြားလာမွု မရွိေစေရးတို့အတြက္‌ေဆာင္ ‌‌ရြက္ခဲ့ရာတြင္ ၿမိဳ့ေပၚ (၄)ရပ္ကြက္ျဖစ္ေသာ မအူကုန္ရပ္ကြက္၊ ဘီးလင္းတန္းရပ္ကြက္၊ ၿမိဳ့မရပ္ကြက္၊ မင္းရပ္ရပ္ကြက္တို့ကို အ‌ေျချပဳကာ လုပ္ငန္းေဆာင္ရြက္ရာတြင္ သက္ဆိုင္ရာစည္ပင္ဌာနႏွင့္အတူ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွူးမ်ား၊လက္ပံတန္းၿမိဳ့နယ္ရဲတပ္ဖြဲ႕တို့မွ ပူးေပါင္း‌ေဆာင္ရြက္ခဲ့ၾကတယ္လို့လည္း ၿမိဳ့နယ္စည္ပင္ဌာနမွ သိရသည္။
ေသဆုံးခဲ့ေသာ ေခြးမ်ားကို လက္ပံတန္းၿမိဳ့အေနာက္သုတ္သာန္တြင္ ေအာက္တိုဘာလ ၂၈ရက္ေန႔ နံနက္ပိုင္း၌ ေျမျမဳပ္ေပးခဲ့ၾကၿပီး အျခားအႏၲာရယ္ကင္းရွင္းစြာ ၿပီးစီးခဲ့‌ေပမယ့္ ေခြးခ်စ္သူမ်ားအတြက္ေတာ့ စိတ္မေကာင္းစရာ ညတစ္ညသလို ေခြးပိုင္ရွင္မ်ားအေနျဖင့္ မိမိတို့ရဲ့ ေခြးေတြနဲ႔အတူ စည္ပင္ကအဆိပ္ခ်မယ့္ ညတစ္ညကို စိတ္မေကာင္းစြာ ျဖတ္သန္းခဲ့ရတယ္လို့ ေခြးပိုင္ရွင္တစ္ဉီးမွ ဆိုပါတယ္။

လမ္း‌ေခြး၊ ေဈးေခြး၊ ေခြးေလ ေခြးလင့္မ်ားရွိသလို အိမ္ေမြးေခြးမ်ားကို ေရွးယခင္ကတည္းကအိမ္ေမြး၊ ၿခံေစာင့္၊ အိမ္ေစာင့္အျဖစ္ေမြးျမဴခဲ့ၾကကာယခုအခ်ိန္တြင္ ‌လမ္းမ်ားေပၚရွိ ေခြးေလေခြးလြင့္အေကာင္ေရ တစ္ရာေက်ာ္ရွိၿပီး ေခြးကိုက္ခံရမွုမ်ားျပားလာတာေၾကာင့္ ေခြးကိုက္ခံရသည့္လူနာမ်ားအား‌ေခြး႐ူးျပန္ကာကြယ္ေဆးထိုးရန္
ကုသသည့္စရိတ္ႀကီးျမင့္မွုမ်ားရွိေနတာျဖစ္ၿပီးယင္း ေနာက္ပိုင္းတြင္ ၿမိဳ့နယ္စည္ပင္သာယာေရးအဖြဲ႕မွ ပိုင္ရွင္မဲ့ေခြးေလေခြးလင့္ေတြကို အဆိပ္ခ်နည္းလမ္းျဖင့္ သုတ္သင္ရန္ စီမံခ်က္ခ်၍ တစ္ႏွစ္လၽွင္ႏွစ္ႀကိမ္ေဆာင္ရြက္မည္ျဖစ္ေသာ္လည္း ယင္းကဲ့သို့လုပ္ေဆာင္မွု အေပၚအား‌ေပးေထာက္ခံသူမ်ားရွိသလို တစ္ဖက္မွာေတာ့တိရိစၧာန္အခြင့္အေရးရွု့ေထာင့္မွေဝဖန္ေထာက္ျပသူမ်ားလည္း အမ်ားအျပား ရွိလာခဲ့သည္။Credit-burmese.asia
Unicode
လက်ပံတန်းမြို့ပေါ်ရှိ ခွေးလေခွေးလွင့်များကို လက်ပံတန်းမြို့နယ်စည်ပင်သာယာ‌‌ရေးအဖွဲ့ မှ အဆိပ်ချ သုတ်သင်ရှင်းလင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီးနောက် အောက်တိုဘာလ ၂၇ရက်နေ့ ည‌၉နာရီအချိန်မှ စ၍ ခွေးများကို သုတ်သင်ရှင်းလင်းခဲ့သည်တွင် ခွေးကောင်ရေ ၄၈ကောင်သေဆုံး ခဲ့သည်ဟုထုတ်ပြန်ခဲ့သည်တွင် ခွေးမ၅ကောင်ပါရှိကာ အထီး ၄၃ကောင်သေဆုံးခဲ့ကြောင်း သတင်းရရှိ‌သည်။
အများပြည်သူအသက် အန္တရာယ်မထိခိုက်‌စေရေးနှင့် ခွေးလေခွေးလင့်များ တိုးပွားလာမှု မရှိစေရေးတို့အတွက်‌ဆောင် ‌‌ရွက်ခဲ့ရာတွင် မြို့ပေါ် (၄)ရပ်ကွက်ဖြစ်သော မအူကုန်ရပ်ကွက်၊ ဘီးလင်းတန်းရပ်ကွက်၊ မြို့မရပ်ကွက်၊ မင်းရပ်ရပ်ကွက်တို့ကို အ‌ခြေပြုကာ လုပ်ငန်းဆောင်ရွက်ရာတွင် သက်ဆိုင်ရာစည်ပင်ဌာနနှင့်အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊လက်ပံတန်းမြို့နယ်ရဲတပ်ဖွဲ့တို့မှ ပူးပေါင်း‌ဆောင်ရွက်ခဲ့ကြတယ်လို့လည်း မြို့နယ်စည်ပင်ဌာနမှ သိရသည်။
သေဆုံးခဲ့သော ခွေးများကို လက်ပံတန်းမြို့အနောက်သုတ်သာန်တွင် အောက်တိုဘာလ ၂၈ရက်နေ့ နံနက်ပိုင်း၌ မြေမြုပ်ပေးခဲ့ကြပြီး အခြားအန္တာရယ်ကင်းရှင်းစွာ ပြီးစီးခဲ့‌ပေမယ့် ခွေးချစ်သူများအတွက်တော့ စိတ်မကောင်းစရာ ညတစ်ညသလို ခွေးပိုင်ရှင်များအနေဖြင့် မိမိတို့ရဲ့ ခွေးတွေနဲ့အတူ စည်ပင်ကအဆိပ်ချမယ့် ညတစ်ညကို စိတ်မကောင်းစွာ ဖြတ်သန်းခဲ့ရတယ်လို့ ခွေးပိုင်ရှင်တစ်ဉီးမှ ဆိုပါတယ်။
လမ်း‌ခွေး၊ ဈေးခွေး၊ ခွေးလေ ခွေးလင့်များရှိသလို အိမ်မွေးခွေးများကို ရှေးယခင်ကတည်းကအိမ်မွေး၊ ခြံစောင့်၊ အိမ်စောင့်အဖြစ်မွေးမြူခဲ့ကြကာယခုအချိန်တွင် ‌လမ်းများပေါ်ရှိ ခွေးလေခွေးလွင့်အကောင်ရေ တစ်ရာကျော်ရှိပြီး ခွေးကိုက်ခံရမှုများပြားလာတာကြောင့် ခွေးကိုက်ခံရသည့်လူနာများအား‌ခွေးရူးပြန်ကာကွယ်ဆေးထိုးရန်
ကုသသည့်စရိတ်ကြီးမြင့်မှုများရှိနေတာဖြစ်ပြီးယင်း နောက်ပိုင်းတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပိုင်ရှင်မဲ့ခွေးလေခွေးလင့်တွေကို အဆိပ်ချနည်းလမ်းဖြင့် သုတ်သင်ရန် စီမံချက်ချ၍ တစ်နှစ်လျှင်နှစ်ကြိမ်ဆောင်ရွက်မည်ဖြစ်သော်လည်း ယင်းကဲ့သို့လုပ်ဆောင်မှု အပေါ်အား‌ပေးထောက်ခံသူများရှိသလို တစ်ဖက်မှာတော့တိရိစ္ဆာန်အခွင့်အရေးရှု့ထောင့်မှဝေဖန်ထောက်ပြသူများလည်း အများအပြား ရှိလာခဲ့သည်။Credit-burmese.asia