Latest Posts

“နှုတ်ခမ်းမွှေးတွေရှကုန်အောင် အနမ်းတွေကြမ်းခဲ့တဲ့ ဥက္ကာမင်းမောင်”

ႏိုင္ငံရပ္ျခားမွာ သြားေရာက္ေနထိုင္ေနတဲ့ ဥကၠာမင္းေမာင္ဟာ တစ္ခ်ိန္က မိန္းကေလးေတြရဲ႕ အသည္းစြဲမင္းသားတစ္လက္ျဖစ္ခဲ့ပါတယ္။ ေတာင့္တင္းတဲ့ ခႏၶာကိုယ္အလွေၾကာင့္ မိန္းကေလးေတြရဲ႕ အားေပးမႈကို ရရွိထားၿပီးေတာ့ Mister Tourism Myanmar 2016 ဆုရွင္လည္းျဖစ္ခဲ့ပါေသးတယ္။ LGBT တစ္ဦးျဖစ္တဲ့ ဥကၠာမင္းေမာင္ဟာ ျမန္မာႏိုင္ငံမွာရွိတဲ့ အႏုပညာအလုပ္ေတြကို ေခတၱရပ္နားၿပီး ႏိုင္ငံရပ္ျခားမွာ သူခ်စ္ရတဲ့ ခ်စ္သူနဲ႔အတူ ေပ်ာ္႐ႊင္စြာ ေနထိုင္ေနတာလည္းျဖစ္ပါတယ္။


သူကေတာ့ အႏုပညာရွင္ျဖစ္တဲ့အေလွ်ာက္ ဘယ္ေနရာေရာက္ေရာက္ သူခ်စ္တဲ့ အႏုပညာပိုးကိုကိုေတာ့ ေဖ်ာက္ဖ်က္လို႔မရႏိုင္ပါဘူး။LGBT ေတြအတြက္ Support လုပ္ေပးတဲ့ Romance Drama ဇာတ္လမ္းတိုေလးတစ္ပုဒ္ကို ေလာ့စ္အိန္ဂ်လိ မွာ႐ိုက္ကူးခဲ့ၿပီး ထိုဇာတ္လမ္းထဲတြင္ ေကာင္ေလးတစ္ေယာက္နဲ႔ အႀကီးအက်ယ္နမ္းရတဲ့ ဇာတ္ဝင္ခန္းမွာ တအားၾကာသြားတဲ့ အတြက္ အနမ္းခံရတဲ့ ေကာင္ေလးမွာ ႏႈတ္ခမ္းေမႊးေတြရွ ကုန္တဲ့လို႔ဆိုၿပီး


“ေဩာ္.. ကိုယ္႐ုပ္ရွင္မ႐ိုက္တာ ၾကာေတာ့လဲ အခု Shadow of Love short film ေလးျပန္႐ိုက္ေတာ့ ဝါသနာက ျပန္ပါသြားျပန္ေရာ.. အႏုပညာပိုးက သတ္မရဆိုတာ အမွန္ပဲ..အမွတ္တရေတြလဲ ရက္တိုေလးအတြင္းမွာ အမ်ားႀကီးပါပဲ.. LGBTေတြအတြက္ Support လုပ္ေပးေသာ Romance Drama ဇာတ္လမ္းေလးတပုဒ္မွာ ဟိုးအရင္က အကယ္ဒမီမင္းသမီးႀကီး ေမယု လဲ ကြၽန္ေတာ့္ အဖြားအျဖစ္နဲ႔ သ႐ုပ္ေဆာင္ထားေတာ့ တူတူတြဲ႐ိုက္ရတဲ့ အခန္းမပါေပမယ့္ ဒါေလးလဲ ဘဝအမွတ္တရပါ.. ျမန္မာ႐ုပ္ရွင္ေတြမွာ နမ္းတာ ခြင့္မျပဳေတာ့ ျမန္မာျပည္မွာ ႐ိုက္ခဲ့ဖူးသမွ် တခါမွ မနမ္းဖူးခဲ့ေပမယ့္ ဒီကား Production က US ကဆိုေတာ့ အႀကီး နဲ႔ အက်ယ္ေတြနမ္းတဲ့ အခန္းေတြ မွားလိုက္ျပန္႐ိုက္လိုက္ နဲ႔ နာရီေပါင္းမ်ားစြာ ဘဝမွာ ပထမဆုံး ႐ိုက္ခဲ့ဖူးတာလဲ အမွတ္တရပါ.. နမ္းရတာ တအားၾကာသြားၿပီး ကြၽန္ေတာ္နဲ႔ နမ္းရတဲ့ ေကာင္ေလး ႏႉတ္ခမ္းတဝိုက္မွာေတာင္
ႏႉတ္ခမ္းေမႊးေတြရွကုန္လို႔ နီရဲေနတာလဲ အားနာရခက္ ဘာေျပာရမွန္းမသိ.. ႐ိုက္ရဲလို႔ေတာ့ ႐ိုက္ထားၿပီးၿပီ ထြက္လာရင္ေတာ့ မဆဲေၾကး.. ဟက္ဟက္.. ဇာတ္လမ္းသေဘာအရ သ႐ုပ္ေဆာင္တယ္ပဲမွတ္ေနာ္.. ျမန္မာဇာတ္လမ္းတပိုင္းတစပါေပမယ့္ အခန္းတိုင္းလိုလို အဂၤလိပ္လိုပဲ ေျပာရေတာ့ စာကို မနည္းျပန္က်က္ရတာလဲ အမွတ္တရပါ.. ကိုယ္ကအဂၤလိပ္လိုလဲ မပီဘူးေလ.. ဒီႏိုင္ငံကသ႐ုပ္ေဆာင္ေတြနဲ႔ သူငယ္ခ်င္းျဖစ္ခြင့္ရတာလဲ အမွတ္တရပါ.. အားလုံးႀကိဳးစားထားပါတယ္ခင္ဗ်ာ..ဇာတ္လမ္းတိုဆိုေပမယ့္ Myanmar culture နဲ႔ American culture ကို (၂)ခု ယွဥ္ျပထားပါတယ္.. Film festival ေတြ ၿပိဳင္မယ္လို႔လဲ ဒါ႐ိုက္တာက ေျပာပါတယ္.. တေန႔ေန႔ေတာ့ အႏုပညာအလုပ္ေတြ ျပန္လည္ေျခခ်ႏိုင္ေအာင္ ႀကိဳးစားပါဦးမယ္.. ကံတရားေပးေနေသးရင္ေပါ့.. ဒါေလးကေတာ့ဒီႏွစ္မကုန္ခင္ထြက္မယ္ဆိုေတာ့ တခ်ိဳ႕ ကြၽန္ေတာ့္ရဲ႕ မရွိမဲ့ရွိမဲ့ ခ်စ္ပရိတ္သတ္ေလးေတြအလြမ္းေျပေပါ့” လို႔သူရဲ႕လူမႈကြန္ရက္ စာမ်က္နာမွ ေဖာ္ျပထားပါတယ္။CeleGabar ပရိသတ္ႀကီးေရ ဇာတ္လမ္းရဲ႕ သေဘာတရားအရ သ႐ုပ္ေဆာင္ရတဲ့ ဒီဇာတ္ဝင္ခန္းေတြအတြက္လည္း နားလည္ေပးၿပီး ဥကၠာမင္းေမာင္ရဲ႕ ဇာတ္လမ္းေလးကို အားေပးၾကမွာလား။Credit-CeleGabar
Unicode
နိုင်ငံရပ်ခြားမှာ သွားရောက်နေထိုင်နေတဲ့ ဥက္ကာမင်းမောင်ဟာ တစ်ချိန်က မိန်းကလေးတွေရဲ့ အသည်းစွဲမင်းသားတစ်လက်ဖြစ်ခဲ့ပါတယ်။ တောင့်တင်းတဲ့ ခန္ဓာကိုယ်အလှကြောင့် မိန်းကလေးတွေရဲ့ အားပေးမှုကို ရရှိထားပြီးတော့ Mister Tourism Myanmar 2016 ဆုရှင်လည်းဖြစ်ခဲ့ပါသေးတယ်။ LGBT တစ်ဦးဖြစ်တဲ့ ဥက္ကာမင်းမောင်ဟာ မြန်မာနိုင်ငံမှာရှိတဲ့ အနုပညာအလုပ်တွေကို ခေတ္တရပ်နားပြီး နိုင်ငံရပ်ခြားမှာ သူချစ်ရတဲ့ ချစ်သူနဲ့အတူ ပျော်ရွှင်စွာ နေထိုင်နေတာလည်းဖြစ်ပါတယ်။
သူကတော့ အနုပညာရှင်ဖြစ်တဲ့အလျှောက် ဘယ်နေရာရောက်ရောက် သူချစ်တဲ့ အနုပညာပိုးကိုကိုတော့ ဖျောက်ဖျက်လို့မရနိုင်ပါဘူး။LGBT တွေအတွက် Support လုပ်ပေးတဲ့ Romance Drama ဇာတ်လမ်းတိုလေးတစ်ပုဒ်ကို လော့စ်အိန်ဂျလိ မှာရိုက်ကူးခဲ့ပြီး ထိုဇာတ်လမ်းထဲတွင် ကောင်လေးတစ်ယောက်နဲ့ အကြီးအကျယ်နမ်းရတဲ့ ဇာတ်ဝင်ခန်းမှာ တအားကြာသွားတဲ့ အတွက် အနမ်းခံရတဲ့ ကောင်လေးမှာ နှုတ်ခမ်းမွှေးတွေရှ ကုန်တဲ့လို့ဆိုပြီး
“ေဩာ်.. ကိုယ်ရုပ်ရှင်မရိုက်တာ ကြာတော့လဲ အခု Shadow of Love short film လေးပြန်ရိုက်တော့ ဝါသနာက ပြန်ပါသွားပြန်ရော.. အနုပညာပိုးက သတ်မရဆိုတာ အမှန်ပဲ..အမှတ်တရတွေလဲ ရက်တိုလေးအတွင်းမှာ အများကြီးပါပဲ.. LGBTတွေအတွက် Support လုပ်ပေးသော Romance Drama ဇာတ်လမ်းလေးတပုဒ်မှာ ဟိုးအရင်က အကယ်ဒမီမင်းသမီးကြီး မေယု လဲ ကျွန်တော့် အဖွားအဖြစ်နဲ့ သရုပ်ဆောင်ထားတော့ တူတူတွဲရိုက်ရတဲ့ အခန်းမပါပေမယ့် ဒါလေးလဲ ဘဝအမှတ်တရပါ.. မြန်မာရုပ်ရှင်တွေမှာ နမ်းတာ ခွင့်မပြုတော့ မြန်မာပြည်မှာ ရိုက်ခဲ့ဖူးသမျှ တခါမှ မနမ်းဖူးခဲ့ပေမယ့် ဒီကား Production က US ကဆိုတော့ အကြီး နဲ့ အကျယ်တွေနမ်းတဲ့ အခန်းတွေ မှားလိုက်ပြန်ရိုက်လိုက် နဲ့ နာရီပေါင်းများစွာ ဘဝမှာ ပထမဆုံး ရိုက်ခဲ့ဖူးတာလဲ အမှတ်တရပါ.. နမ်းရတာ တအားကြာသွားပြီး ကျွန်တော်နဲ့ နမ်းရတဲ့ ကောင်လေး နှူတ်ခမ်းတဝိုက်မှာတောင်
နှူတ်ခမ်းမွှေးတွေရှကုန်လို့ နီရဲနေတာလဲ အားနာရခက် ဘာပြောရမှန်းမသိ.. ရိုက်ရဲလို့တော့ ရိုက်ထားပြီးပြီ ထွက်လာရင်တော့ မဆဲကြေး.. ဟက်ဟက်.. ဇာတ်လမ်းသဘောအရ သရုပ်ဆောင်တယ်ပဲမှတ်နော်.. မြန်မာဇာတ်လမ်းတပိုင်းတစပါပေမယ့် အခန်းတိုင်းလိုလို အင်္ဂလိပ်လိုပဲ ပြောရတော့ စာကို မနည်းပြန်ကျက်ရတာလဲ အမှတ်တရပါ.. ကိုယ်ကအင်္ဂလိပ်လိုလဲ မပီဘူးလေ.. ဒီနိုင်ငံကသရုပ်ဆောင်တွေနဲ့ သူငယ်ချင်းဖြစ်ခွင့်ရတာလဲ အမှတ်တရပါ.. အားလုံးကြိုးစားထားပါတယ်ခင်ဗျာ..ဇာတ်လမ်းတိုဆိုပေမယ့် Myanmar culture နဲ့ American culture ကို (၂)ခု ယှဉ်ပြထားပါတယ်.. Film festival တွေ ပြိုင်မယ်လို့လဲ ဒါရိုက်တာက ပြောပါတယ်.. တနေ့နေ့တော့ အနုပညာအလုပ်တွေ ပြန်လည်ခြေချနိုင်အောင် ကြိုးစားပါဦးမယ်.. ကံတရားပေးနေသေးရင်ပေါ့.. ဒါလေးကတော့ဒီနှစ်မကုန်ခင်ထွက်မယ်ဆိုတော့ တချို့ ကျွန်တော့်ရဲ့ မရှိမဲ့ရှိမဲ့ ချစ်ပရိတ်သတ်လေးတွေအလွမ်းပြေပေါ့” လို့သူရဲ့လူမှုကွန်ရက် စာမျက်နာမှ ဖော်ပြထားပါတယ်။CeleGabar ပရိသတ်ကြီးရေ ဇာတ်လမ်းရဲ့ သဘောတရားအရ သရုပ်ဆောင်ရတဲ့ ဒီဇာတ်ဝင်ခန်းတွေအတွက်လည်း နားလည်ပေးပြီး ဥက္ကာမင်းမောင်ရဲ့ ဇာတ်လမ်းလေးကို အားပေးကြမှာလား။Credit-CeleGabar