ခေတ်သစ်လိမ်နည်းတခု (ကားနဲ့ အဝတ်အစားသန့်သန့်ပြန့်ပြန့်တွေ ဝတ်ပြီး လိမ်တာပါ)
ေျပာျပခ်င္ေနတာၾကာၿပီ..အလုပ္မအားတာရယ္၊ သိသိႀကီးနဲ႔ခံလိုက္ရသလို..၊မခံခ်ိမခံသာျဖစ္ေနလို႔။ စာမေရးျဖစ္ခဲ့။ ဒါေပမယ့္ ျပန္ေတြးၾကည့္ေတာ့လည္းေျဖသာေနၿပီ မို႔..
ဒီစာကိုဖတ္ၿပီးတဲ့သူမွန္သမ်ွ၊၊ ကြၽန္မတို႕ကို မကဲ့ရဲ႕ပါနဲ႔၊ အထင္မေသးပါနဲ႔၊ကြၽန္မက..႐ုတ္တရက္သတိလက္လြတ္သြား ရင္ေတာင္အမ်ိဳးသားက..ေစ့စပ္ေသခ်ာတဲ့သူတေယာက္ပါ။
ႏွစ္ေယာက္စလံုးလက္ေတြ႔က်က်အလိမ္ခံထိေအာင္ပညာေပး သြားတဲ့လူလိမ္ေက်းဇူး႐ွင္၂ေယာက္ကိုေက်းဇူးတင္တယ္။
သူတို္ဟာ..အုပ္စုလိုက္..ပညာသားပါပါရန္ကုန္ၿမိဳ႕နယ္ ေတာ္ေတာ္မ်ားမ်ားရဲ႕ရပ္ကြက္ေတြထဲမွာလည္းလိမ္ခဲ့တာမ်ားေန ၿပီဆိုတာ..စီးပြားေရးလုပ္ငန္း႐ွင္groupထဲမွာ..postတင္
လိုက္ေတာ့သိလိုက္ရၿပီေနာက္ထက္လည္းထပ္လိမ္ေနဦးမွာပဲ။ ကြၽန္မတို႔ကိုပညာေပးသြားတာကေတာ့… proboxတစီးနဲ႔အမ်ိဳးသားလူရည္သန္႔.၂ေယာက္ .စမတ္က်က်ပံုစံ၊အက်ီၤ႐ွပ္ျဖဴ၊
ေဘာာင္းဘီ႐ွည္အနက္ဝတ္ထားတယ္။ ကုမၸဏီ..တခုရဲ႕အဆင့္ျမင့္ဝန္ထမ္းပံုစံလိုလို.ေစ်းဆိုင္နဲ႔.. ေပ၂၀ေလာက္ေဝးတဲ့..လမ္းေပၚမွာကားရပ္ၿပီး ဆိုင္ထဲဝင္လာတယ္။
သူတို႔ကုမၸဏီကေနျဖန္႔တဲ့ပစၥည္းေတြအေရာင္းျမႇင့္တင္ၿပီး ကိုယ္စားလွယ္ဆိုင္ထားဖို႔ေျပာတယ္။သူတို႔ပစၥည္းေတြအတြက္ ေကာင္တာသီးသန္႔ေနရာေပးရင္..လစာရမယ္။ ပစၥည္းတင္ထားမယ္။
သူတို႔လာ႐ွင္းတဲ့အခါေရာင္းရတဲ့ပစၥည္းဖို႔ပဲ ႐ွင္းေပးရမယ္ဆိုတဲ့ အေၾကာင္း႐ွင္းျပတယ္။ ကိုယ္ေတြကလည္းလစာရတာ၊မရတာထက္၊ ေစ်းႏႈန္းသက္သက္ သာသာနဲ႔ အနားမွာ ေရာင္းခ်င္တဲ့စိတ္ပဲ႐ွိတာ။
အရင္တုန္းကဆို ပစၥည္းလာခ်တဲ့ကားေတြ ႐ွိတာေတာင္၊ မယူဘူး၊အလုပ္႐ႈပ္လို႔၊ သူတို႔ပစၥည္းလာခ်တဲ့အခ်ိန္ ကိုယ္ေတြ မအား ျဖစ္ေနမွာစိုးလို႔ မယူဘူးရယ္။ ခုလည္း သူတို႔နဲ႔ အၾကာႀကီးေသခ်ာ စကားေျပာၾကည့္တယ္။
သူတို့္ကိုသိပ္မယံုဘူး။ ကဲ..ပစၥည္းခ်ခ်င္တယ္ ဆိုရင္လည္း ခ်ခဲ့ေနာက္လာ႐ွင္း ဆိုေတာ့.. မန္ဘာဝင္ ျဖစ္ေအာင္..ခု၅သိန္းဖိုးေငြေခ်ၿပီးဝယ္ပါ။ ေနာက္၂ရက္ၾကာရင္..ေကာင္တာပစၥည္းေတြလာခ်ရင္းနဲ႔..
မန္ဘာဝင္တဲ့၅သိန္းျပန္ေပးမယ္။ ပစၥည္းေတြလည္းေရာင္းရတဲ့ ပစၥည္းပဲျပန္လဲေပးမယ္။ ခုကားေပၚပါတာခ်ခဲ့မယ္။ေငြကိုလက္ငင္းေခ်ဖို႔ပဲအတင္းတြန္းေျပာေနေတာ့တာ။
ကိုယ့္မွာလည္း မနက္ပိုင္းမွာ Wave Money ဆိုင္စဖြင့္ေတာ့..acc ထဲလည္း ေငြထည့္လိုက္တာ ပိုက္ဆံကုန္သြားတယ္။ ပိုက္ဆံမ႐ွိေတာ့ဘူးေျပာေနတာ။ ေနာက္တေခါက္မွပဲယူမယ္..
ခုစဥ္းစားဦးမယ္ဆိုၿပီးကိုယ္ေတြလင္မယားက ေျပာတာေပါ့.သူတို႔ကလည္း ေလ႐ွည္ .ေစ်းဝယ္ေတြလည္း က်ေတာ့ ေစ်းေရာင္း၊ ကေလးလည္း ထိန္းရင္း အလုပ္ကလည္း႐ႈပ္ေနတာ။
စကားေျပာရင္းေျပာရင္းနဲ႔.. ၅..သိန္းဖိုးမယူရင္လည္း ၄သိန္း package ယူပါျဖစ္ျပန္ေရာ။
ၾကာလာေတာ ့ကိုယ္ေတြ စိတ္ကလည္း ေပ်ာ့လာတာေရာ ျမန္ျမန္နားေအး ၿပီးေရာဆိုၿပီး၊ ကဲေစ်းေရာင္းရတဲ့ ေငြလည္း စစ္ၾကည့္ဦးမယ္၊ ဘယ္ေလာက္ရၿပီလည္း မသိဘူးဆိုၿပီး ကိုယ္လည္း ေငြထစစ္ေတာ့တာပဲ။
ေယာက်ာၤားကို တိုးတိုးေလး ကပ္ေျပာေသးတယ္။ သူတို့လိမ္ရင္ဘယ္လိုလုပ္မလဲေပါ့ေလ။ ေျသာ္ သူတို႔က ေနာက္ျပန္မလာရင္ေတာင္ ကိုယ္ေတြဆီမွာ ၄သိန္းတန္တဲ့ပစၥည္းေတြက်န္ခဲ့တာပဲဆုိၿပီး လက္ခံလိုက္ေတာ့တယ္။
တေယာက္က ေဘာင္ခ်ာဖြင့္ တေယာက္ကပ စၥည္းေတြခ်ေတာ့ ကားကို ဆိုင္နားထိ တိုးရပ္ပါလားလို့ ကိုယ္ကေျပာေတာ့။ ရတယ္..သူ႔ဘာသာပစၥည္းသယ္ရတာ သူ႔အလုပ္ပဲဆိုၿပီး ကားကိုလမ္းမေပၚပဲ ရပ္ထားတယ္။
ကားနံပါတ္ေလးေတာင္မသိလိုက္ဘူး။ ပစၥည္းေတြနဲ႔ ေဘာင္ခ်ာနဲ႔ တိုက္စစ္တယ္။ ပစၥည္းနဲ႔ေငြနဲ႔ကြက္တိေပါ့။ ေကာ္ဖီမစ္ေတြေခါင္းေလ်ွာ္ရည္ေတြ၊ဆပ္ျပာတံုးေတြ. .ကိုယ္ေရာင္းေနက်ပစၥည္းေတြဆိုေတာ့..အဆင္ေျပတယ္ေလ။
ပံုထဲမွာပါတဲ့..မ်က္ႏွာလိမ္းဆီတို႔၊ဆံပင္လိမ္းတဲ့အဆီေတြကို တို႔ေတြမယူဘူး၊ မေရာင္းရဘူး ဆိုေတာ့၊ ေနာက္တေခါက္ ပစၥည္းေတြ ျပန္ခ်ိန္းေပးမယ္ဆိုၿပီး ခ်ပါေလေရာ.. အဲ့မွာခံရတာ အဓိကအခ်က္က
၊ ကိုယ္ေတြက လူပိုမ႐ွိေတာ့ အျမန္ ကပ်ာ ကယ်ာစစ္တယ္၊ ပစၥည္းနဲ႔ေဘာင္ခ်ာနဲ႔အကိုက္ေပါ့ေလ။ ပိုက္ဆံ၄သိန္း၅ေသာင္းေပးလိုက္တယ္။ ေတာင္း တာက၅သိန္း ေငြကမျပည့္ေတာ့..
တျခားဆိုင္ေတြ၅သိန္းေက်ာ္ဝယ္ထားတာနဲ႔ အမတို႔ထဲထည့္လိုက္မယ္တဲ့ ေဘာင္ခ်ာလည္းျပတယ္။
ကိုယ္ေတြထက္အရင္အလိမ္ခံရတဲ့သူေတြေပါ့။ ကိုယ္ကေငြမျပည့္လို႔..တခ်ိဳ႕ဆို..၆သိန္းေက်ာ္တယ္။ ေရေတာင္းေသာက္လို႔ေရသန္႔ဘူး ၁ဘူးအလကားေပးလိုက္တယ္။ ေရနင္ၿပီးေသရမွာ ေဘာင္ခ်ာမွာေရးထားတာေတြကို.
.သူတို႔ျပန္လည္းထြက္သြားေရာ လင္မယား၂ေယာက္ေသခ်ာၾကည့္မိေတာ့မွ.. Lux ဆပ္ျပာ12ခဲ210နဲ႔ေျမႇာက္ရမွာကို2100နဲ႔တြက္ေတာ့ 22680 လိမ္ယူ ကိုယ္မသိတဲ့ဘူးေတြ 4ဘူ:×45000= 180000 4ဘူး×30000= 120000 1ဘူး×30000=30000
အဲ့ဒါေတြကို ျပန္သိမ္းေပးမယ္ေပါ့။ သူတို႔အေျပာ အဲဒီပစၥည္းေတြကိုေရာင္းမရဘူးဆိုပါစို႔.. ေရာင္းလို႔ရတဲ့ပစၥည္းေတြက+116,000 ဆံုး႐ႈံးေငြ-334,000..
လူလိမ္ေတြျပန္သြားၿပီး5မိနစ္ေလာက္ၾကာကတည္းက လိမ္ခံရမွန္းသိၿပီ၊ သူတို႔ေပးတဲ့ ph ကိုေကာက္ဆက္လိုက္ေတာ့ စက္ပိတ္သြားၿပီ။ ကိုယ့္ဆိုင္မွာ CCTVမ ႐ွိလို႔လူလိမ္႐ုပ္ေတြကို
ေတာ့မျပႏိုင္ေပမယ့္..႐ုပ္ေတြကိုအျမဲမွတ္မိေနေအာင္.. စိတ္ထဲမွာမွတ္ထားတယ္။
ေဘာင္ခ်ာေရးတဲ့ တေယာက္က အရပ္႐ွည္႐ွည္၊ မ်က္မွန္နဲ႔မ်က္လံု းတဖက္ေမွးေနတယ္။ ပစၥည္းသယ္ခ်တဲ့ေနာက္လိုက္က အသားျဖဴျဖဴ..ခပ္ျပည့္ျပည့္၊ ႐ုပ္ရည္ေျပျပစ္ ကရင္႐ုပ္နဲ႔ .(ကရင္ေတြ႐ွိရင္တမ်ိဳးမထင္နဲ႔ ကိုယ့္႐ုပ္ကလည္း..ကရင္႐ုပ္ပါေနာ္)
. နင္တို႔လူလိမ္2ေကာင္. .Psychoနဲ႔ေက်ာင္းၿပီးထားတာထင္တယ္။ ကဲဖတ္ၿပီးတဲ့သူေတြ..shareေပးၾကပါ.. ကိုယ္တေယာက္တည္းအလိမ္ခံရတာမဟုတ္ဘူးေနာ္။ အမ်ားႀကီး႐ွိလို႔ေနာက္ထပ္ေတြ ထပ္မ႐ွိလာေအာင္ သတိေပးတာ။
ေက်းဇူး႐ွင္.2ေကာင္ေရ.. လူေတြကိုအယံုမလြယ္တတ္တဲ့.. တို႔ေယာက်ၤားနဲ႔ အေမးအျမန္းထူတဲ႔ ငါရဲ႔ေမးခြန္းတြကို.. အကြက္က်က် ေျဖသြားႏိုင္၊ လိမ္သြားတတ္တဲ့နင္တို႔ရဲ႕ လိမ္ပညာကို..အရမ္းေလးစားၿပီး.. ပညာရသြားပါတယ္။Credit-Wayne’s May May
Unicode
ခေတ်သစ်လိမ်နည်းတခု (ကားနဲ့ အဝတ်အစားသန့်သန့်ပြန့်ပြန့်တွေ ဝတ်ပြီး လိမ်တာပါ)
ပြောပြချင်နေတာကြာပြီ..အလုပ်မအားတာရယ်၊ သိသိကြီးနဲ့ခံလိုက်ရသလို..၊မခံချိမခံသာဖြစ်နေလို့။ စာမရေးဖြစ်ခဲ့။ ဒါပေမယ့် ပြန်တွေးကြည့်တော့လည်းဖြေသာနေပြီ မို့..
ဒီစာကိုဖတ်ပြီးတဲ့သူမှန်သမျှ၊၊ ကျွန်မတို့ကို မကဲ့ရဲ့ပါနဲ့၊ အထင်မသေးပါနဲ့၊ကျွန်မက..ရုတ်တရက်သတိလက်လွတ်သွား ရင်တောင်အမျိုးသားက..စေ့စပ်သေချာတဲ့သူတယောက်ပါ။
နှစ်ယောက်စလုံးလက်တွေ့ကျကျအလိမ်ခံထိအောင်ပညာပေး သွားတဲ့လူလိမ်ကျေးဇူးရှင်၂ယောက်ကိုကျေးဇူးတင်တယ်။
သူတိုဟာ..အုပ်စုလိုက်..ပညာသားပါပါရန်ကုန်မြို့နယ် တော်တော်များများရဲ့ရပ်ကွက်တွေထဲမှာလည်းလိမ်ခဲ့တာများနေ ပြီဆိုတာ..စီးပွားရေးလုပ်ငန်းရှင်groupထဲမှာ..postတင်
လိုက်တော့သိလိုက်ရပြီနောက်ထက်လည်းထပ်လိမ်နေဦးမှာပဲ။ ကျွန်မတို့ကိုပညာပေးသွားတာကတော့… proboxတစီးနဲ့အမျိုးသားလူရည်သန့်.၂ယောက် .စမတ်ကျကျပုံစံ၊အကျီၤရှပ်ဖြူ၊
ဘောာင်းဘီရှည်အနက်ဝတ်ထားတယ်။ ကုမ္ပဏီ..တခုရဲ့အဆင့်မြင့်ဝန်ထမ်းပုံစံလိုလို.ဈေးဆိုင်နဲ့.. ပေ၂၀လောက်ဝေးတဲ့..လမ်းပေါ်မှာကားရပ်ပြီး ဆိုင်ထဲဝင်လာတယ်။
သူတို့ကုမ္ပဏီကနေဖြန့်တဲ့ပစ္စည်းတွေအရောင်းမြှင့်တင်ပြီး ကိုယ်စားလှယ်ဆိုင်ထားဖို့ပြောတယ်။သူတို့ပစ္စည်းတွေအတွက် ကောင်တာသီးသန့်နေရာပေးရင်..လစာရမယ်။ ပစ္စည်းတင်ထားမယ်။
သူတို့လာရှင်းတဲ့အခါရောင်းရတဲ့ပစ္စည်းဖို့ပဲ ရှင်းပေးရမယ်ဆိုတဲ့ အကြောင်းရှင်းပြတယ်။ ကိုယ်တွေကလည်းလစာရတာ၊မရတာထက်၊ ဈေးနှုန်းသက်သက် သာသာနဲ့ အနားမှာ ရောင်းချင်တဲ့စိတ်ပဲရှိတာ။
အရင်တုန်းကဆို ပစ္စည်းလာချတဲ့ကားတွေ ရှိတာတောင်၊ မယူဘူး၊အလုပ်ရှုပ်လို့၊ သူတို့ပစ္စည်းလာချတဲ့အချိန် ကိုယ်တွေ မအား ဖြစ်နေမှာစိုးလို့ မယူဘူးရယ်။ ခုလည်း သူတို့နဲ့ အကြာကြီးသေချာ စကားပြောကြည့်တယ်။
သူတို့်ကိုသိပ်မယုံဘူး။ ကဲ..ပစ္စည်းချချင်တယ် ဆိုရင်လည်း ချခဲ့နောက်လာရှင်း ဆိုတော့.. မန်ဘာဝင် ဖြစ်အောင်..ခု၅သိန်းဖိုးငွေချေပြီးဝယ်ပါ။ နောက်၂ရက်ကြာရင်..ကောင်တာပစ္စည်းတွေလာချရင်းနဲ့..
မန်ဘာဝင်တဲ့၅သိန်းပြန်ပေးမယ်။ ပစ္စည်းတွေလည်းရောင်းရတဲ့ ပစ္စည်းပဲပြန်လဲပေးမယ်။ ခုကားပေါ်ပါတာချခဲ့မယ်။ငွေကိုလက်ငင်းချေဖို့ပဲအတင်းတွန်းပြောနေတော့တာ။
ကိုယ့်မှာလည်း မနက်ပိုင်းမှာ Wave Money ဆိုင်စဖွင့်တော့..acc ထဲလည်း ငွေထည့်လိုက်တာ ပိုက်ဆံကုန်သွားတယ်။ ပိုက်ဆံမရှိတော့ဘူးပြောနေတာ။ နောက်တခေါက်မှပဲယူမယ်..
ခုစဉ်းစားဦးမယ်ဆိုပြီးကိုယ်တွေလင်မယားက ပြောတာပေါ့.သူတို့ကလည်း လေရှည် .ဈေးဝယ်တွေလည်း ကျတော့ ဈေးရောင်း၊ ကလေးလည်း ထိန်းရင်း အလုပ်ကလည်းရှုပ်နေတာ
စကားပြောရင်းပြောရင်းနဲ့.. ၅..သိန်းဖိုးမယူရင်လည်း ၄သိန်း package ယူပါဖြစ်ပြန်ရော။
ကြာလာတော့ကိုယ်တွေ စိတ်ကလည်း ပျော့လာတာရော မြန်မြန်နားအေး ပြီးရောဆိုပြီး၊ ကဲဈေးရောင်းရတဲ့ ငွေလည်း စစ်ကြည့်ဦးမယ်၊ ဘယ်လောက်ရပြီလည်း မသိဘူးဆိုပြီး ကိုယ်လည်း ငွေထစစ်တော့တာပဲ။
ယောကျာၤားကို တိုးတိုးလေး ကပ်ပြောသေးတယ်။ သူတို့လိမ်ရင်ဘယ်လိုလုပ်မလဲပေါ့လေ။ သြော် သူတို့က နောက်ပြန်မလာရင်တောင် ကိုယ်တွေဆီမှာ ၄သိန်းတန်တဲ့ပစ္စည်းတွေကျန်ခဲ့တာပဲဆိုပြီး လက်ခံလိုက်တော့တယ်။
တယောက်က ဘောင်ချာဖွင့် တယောက်ကပ စ္စည်းတွေချတော့ ကားကို ဆိုင်နားထိ တိုးရပ်ပါလားလို့ ကိုယ်ကပြောတော့။ ရတယ်..သူ့ဘာသာပစ္စည်းသယ်ရတာ သူ့အလုပ်ပဲဆိုပြီး ကားကိုလမ်းမပေါ်ပဲ ရပ်ထားတယ်။
ကားနံပါတ်လေးတောင်မသိလိုက်ဘူး။ ပစ္စည်းတွေနဲ့ ဘောင်ချာနဲ့ တိုက်စစ်တယ်။ ပစ္စည်းနဲ့ငွေနဲ့ကွက်တိပေါ့။ ကော်ဖီမစ်တွေခေါင်းလျှော်ရည်တွေ၊ဆပ်ပြာတုံးတွေ. .ကိုယ်ရောင်းနေကျပစ္စည်းတွေဆိုတော့..အဆင်ပြေတယ်လေ။
ပုံထဲမှာပါတဲ့..မျက်နှာလိမ်းဆီတို့၊ဆံပင်လိမ်းတဲ့အဆီတွေကို တို့တွေမယူဘူး၊ မရောင်းရဘူး ဆိုတော့၊ နောက်တခေါက် ပစ္စည်းတွေ ပြန်ချိန်းပေးမယ်ဆိုပြီး ချပါလေရော.. အဲ့မှာခံရတာ အဓိကအချက်က
၊ ကိုယ်တွေက လူပိုမရှိတော့ အမြန် ကပျာ ကယျာစစ်တယ်၊ ပစ္စည်းနဲ့ဘောင်ချာနဲ့အကိုက်ပေါ့လေ။ ပိုက်ဆံ၄သိန်း၅သောင်းပေးလိုက်တယ်။ တောင်း တာက၅သိန်း ငွေကမပြည့်တော့..
တခြားဆိုင်တွေ၅သိန်းကျော်ဝယ်ထားတာနဲ့ အမတို့ထဲထည့်လိုက်မယ်တဲ့ ဘောင်ချာလည်းပြတယ်။
ကိုယ်တွေထက်အရင်အလိမ်ခံရတဲ့သူတွေပေါ့။ ကိုယ်ကငွေမပြည့်လို့..တချို့ဆို..၆သိန်းကျော်တယ်။ ရေတောင်းသောက်လို့ရေသန့်ဘူး ၁ဘူးအလကားပေးလိုက်တယ်။ ရေနင်ပြီးသေရမှာ ဘောင်ချာမှာရေးထားတာတွေကို.
.သူတို့ပြန်လည်းထွက်သွားရော လင်မယား၂ယောက်သေချာကြည့်မိတော့မှ.. Lux ဆပ်ပြာ12ခဲ210နဲ့မြှောက်ရမှာကို2100နဲ့တွက်တော့ 22680 လိမ်ယူ ကိုယ်မသိတဲ့ဘူးတွေ 4ဘူ:×45000= 180000 4ဘူး×30000= 120000 1ဘူး×30000=30000
အဲ့ဒါတွေကို ပြန်သိမ်းပေးမယ်ပေါ့။ သူတို့အပြော အဲဒီပစ္စည်းတွေကိုရောင်းမရဘူးဆိုပါစို့.. ရောင်းလို့ရတဲ့ပစ္စည်းတွေက+116,000 ဆုံးရှုံးငွေ-334,000..
လူလိမ်တွေပြန်သွားပြီး5မိနစ်လောက်ကြာကတည်းက လိမ်ခံရမှန်းသိပြီ၊ သူတို့ပေးတဲ့ ph ကိုကောက်ဆက်လိုက်တော့ စက်ပိတ်သွားပြီ။ ကိုယ့်ဆိုင်မှာ CCTVမ ရှိလို့လူလိမ်ရုပ်တွေကို
တော့မပြနိုင်ပေမယ့်..ရုပ်တွေကိုအမြဲမှတ်မိနေအောင်.. စိတ်ထဲမှာမှတ်ထားတယ်။
ဘောင်ချာရေးတဲ့ တယောက်က အရပ်ရှည်ရှည်၊ မျက်မှန်နဲ့မျက်လုံ းတဖက်မှေးနေတယ်။ ပစ္စည်းသယ်ချတဲ့နောက်လိုက်က အသားဖြူဖြူ..ခပ်ပြည့်ပြည့်၊ ရုပ်ရည်ပြေပြစ် ကရင်ရုပ်နဲ့ .(ကရင်တွေရှိရင်တမျိုးမထင်နဲ့ ကိုယ့်ရုပ်ကလည်း..ကရင်ရုပ်ပါနော်)
. နင်တို့လူလိမ်2ကောင်. .Psychoနဲ့ကျောင်းပြီးထားတာထင်တယ်။ ကဲဖတ်ပြီးတဲ့သူတွေ..shareပေးကြပါ.. ကိုယ်တယောက်တည်းအလိမ်ခံရတာမဟုတ်ဘူးနော်။ အများကြီးရှိလို့နောက်ထပ်တွေ ထပ်မရှိလာအောင် သတိပေးတာ။
ကျေးဇူးရှင်.2ကောင်ရေ.. လူတွေကိုအယုံမလွယ်တတ်တဲ့.. တို့ယောင်္ကျားနဲ့ အမေးအမြန်းထူတဲ့ ငါရဲ့မေးခွန်းတွကို.. အကွက်ကျကျ ဖြေသွားနိုင်၊ လိမ်သွားတတ်တဲ့နင်တို့ရဲ့ လိမ်ပညာကို..အရမ်းလေးစားပြီး.. ပညာရသွားပါတယ်။Credit-Wayne’s May May







