ရန်ကုန်မြို့လယ်ခေါင်တွင် ရွှေဆိုင်ပိုင်ရှင်တစ်ဦး၏အလောင်းအား ရွှေပန်းထိမ်ဆိုင်တွင် ပုပ်ပွလျှက်တွေ့ရှိ
ပန္းထိမ္ဆိုင္သို႔ သြားေရာက္ၾကည့္ရႈသည့္ အခါမွာလည္း ဆိုင္မွာ အျပင္က ေသာ့ခတ္ထားေၾကာင္း၊ ဆိုင္တြင္းမွ အပုပ္နံ့မ်ား ရရွိေနသည့္အတြက္ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးကို
ေျပာဆိုခဲ့ၿပီး သက္ဆိုင္ရာ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္အတူ ဆိုင္တံခါးအား ဖ်က္ဆီးဝင္ေရာက္ခဲ့ေၾကာင္း၊ဆိုင္အတြင္းရွိ စတိုခန္းအတြင္ ပန္းထိမ္ဆိုင္ပိုင္ရွင္ အသက္ (၅၈) ႏွစ္မွာ ပုပ္ပြ
ေသဆုံးေနသည့္ အေလာင္းအား ေတြ႕ရွိေၾကာင္း ပန္းထိမ္ဆိုင္ပိုင္ရွင္ ညီျဖစ္သူ ဦးေက်ာ္ေက်ာ္ဝင္းက ဆိုပါတယ္။
အခင္းျဖစ္သည့္ ေနရာသို႔ သြားေရာက္ကူညီေပးၾကတဲ့ မအူကုန္းလမ္းက်ယ္ ပရဟိတ လူငယ္အဖြဲ႕ဝင္တစ္ဦးမွ ေသဆုံးသည့္အခ်ိန္ဟာ လြန္ခဲ့သည့္ ၄ ရက္ခန႔္က ျဖစ္နိုင္ေၾကာင္း၊
အေလာင္းအား ရန္ကုန္ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ထားေၾကာင္း ေျပာၾကားခဲ့ပါတယ္။ အေလာင္းအား ျပင္ပ ဒဏ္ရာ ရွိ/မရွိ စစ္ေဆးလ်က္ရွိၿပီး၊ သက္ဆိုင္ရာ ရဲတပ္ဖြဲ႕က စစ္ေဆးေနဆဲ့ျဖစ္တာေၾကာင့္ အေၾကာင္းတစ္စုံတစ္ရာ မထုတ္ျပန္နိုင္ေသးပါ။Credit-original
Unicode
ရန်ကုန်မြို့လယ်ခေါင်တွင် ရွှေဆိုင်ပိုင်ရှင်တစ်ဦး၏အလောင်းအား ရွှေပန်းထိမ်ဆိုင်တွင် ပုပ်ပွလျှက်တွေ့ရှိ
အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီခန့်မှာ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက် (အထက်)၊ မလွှကုန်း ဇဗ္ဗူနန်း ရွှေပန်းထိမ်ဆိုင်ပိုင်ရှင် တစ်ဦး
သေဆုံးနေကြောင်း တွေ့ရှိခဲ့ပါတယ်။ ဖြစ်စဉ်မှာ သေဆုံးသူ ဆိုင်ပိုင်ရှင်အား မိသားစု ညီအစ်ကိုမောင်နှမများမှ ဖုန်းခေါ်ဆိုသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိကြောင်း၊
ပန်းထိမ်ဆိုင်သို့ သွားရောက်ကြည့်ရှုသည့် အခါမှာလည်း ဆိုင်မှာ အပြင်က သော့ခတ်ထားကြောင်း၊ ဆိုင်တွင်းမှ အပုပ်နံ့များ ရရှိနေသည့်အတွက် ရပ်ကွက် အုပ်ချုပ်ရေးမှူးကို
ပြောဆိုခဲ့ပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ဆိုင်တံခါးအား ဖျက်ဆီးဝင်ရောက်ခဲ့ကြောင်း၊ ဆိုင်အတွင်းရှိ စတိုခန်းအတွင် ပန်းထိမ်ဆိုင်ပိုင်ရှင် အသက် (၅၈) နှစ်မှာ ပုပ်ပွ
သေဆုံးနေသည့် အလောင်းအား တွေ့ရှိကြောင်း ပန်းထိမ်ဆိုင်ပိုင်ရှင် ညီဖြစ်သူ ဦးကျော်ကျော်ဝင်းက ဆိုပါတယ်။
အခင်းဖြစ်သည့် နေရာသို့ သွားရောက်ကူညီပေးကြတဲ့ မအူကုန်းလမ်းကျယ် ပရဟိတ လူငယ်အဖွဲ့ဝင်တစ်ဦးမှ သေဆုံးသည့်အချိန်ဟာ လွန်ခဲ့သည့် ၄ ရက်ခန့်က ဖြစ်နိုင်ကြောင်း၊
အလောင်းအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း ပြောကြားခဲ့ပါတယ်။ အလောင်းအား ပြင်ပ ဒဏ်ရာ ရှိ/မရှိ စစ်ဆေးလျက်ရှိပြီး၊ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က စစ်ဆေးနေဆဲ့ဖြစ်တာကြောင့် အကြောင်းတစ်စုံတစ်ရာ မထုတ်ပြန်နိုင်သေးပါ။Credit-original


