ကျွန်မပျော်နေတယ် လို့ထင်လား ဆိုပြီး ရင်ထဲက ခံစားချက်တွေ မျှဝေလိုက်တဲ့ ဆုပန်ထွာ
ျမန္မာမ်ားအတြက္ေဖ်ာ္ေျဖေရးခရီးစဥ္ေရာက္ရွိေနတာျဖစ္ပါတယ္။ ဆုပန္ထြာဟာ မၾကာေသးခင္က ပ်ဥ္းမနားေဖ်ာ္ေျဖပြဲ မလာႏိုင္ခဲ့တဲ့အတြက္လည္း စရံ ႏွစ္ဆ ျပန္ေလ်ာ္ေပးခဲ့ရၿပီး သူခ်စ္တဲ့ ပ်ဥ္းမနားပရိသတ္ကိုလည္း မလာႏိုင္ခဲ့တဲ့အတြက္ ေတာင္းပန္စာေရးခဲ့ပါေသးတယ္။
ေအာက္တိုဘာ (၉) ရက္ေန႔မွာေတာ့ကြၽန္မေပ်ာ္ေနတယ္လို႔ထင္လားဆိုၿပီး သူရဲ႕ ခံစားခ်က္တစ္ခ်ိဳ႕ကို မွ်ေဝခဲ့ပါတယ္။သူေရးသားထားတာကေတာ့ “ေလာကႀကီးမွာ လူတစ္ေယာက္ျဖစ္ရတာ စိန္ေခၚမႈေတြ၊၊အခက္အခဲေတြ၊မြန္းက်ပ္မႈေတြ၊မထင္မွတ္ထားတာေတြ၊ကိုယ္ကိုယ္တိုင္ညံ့ဖ်င္းမႈေတြ ကိုယ္ကိုတိုင္သူမ်ားထက္ထူးခြၽန္ၿပီးေတာ္ေနတာေတြ၊ႀကိဳးစားမႈေတြ၊အဆင္ေျပတာေတြ၊ အဆင္မေျပတာေတြ၊ကံေကာင္းျခင္းေတြ၊ကံဆိုးျခင္းေတြ ေနရင္းထိုင္ရင္း လူတိုင္း အလိုလိုႀကဳံၾကရတာပါပဲ။
ဒါကလူတိုင္းလူတိုင္းမွာ ေတြ႕ရတတ္စၿမဲ ေလာကဓံ၊ ႀကဳံၾကရဦးမယ့္ေလာကဓံေတြအစုံပါပဲ။ဘဝမွာအၿမဲတမ္းအဆင္ေျပေခ်ာေမြ႕ေနတာမဟုတ္သလို အခက္အခဲေတြဆိုတာ ဒုကၡေတြ ဆိုတာ အတိုက္အခိုက္ေတြဆိုတာ လူတိုင္းမွာရွိေနတတ္စၿမဲပါပဲ။ဘဝမွာ ေကာင္းျခင္းပဲႀကဳံႀကဳံ၊ ဆိုး႐ြားတဲ့ေလာကဓံပဲႀကဳံႀကဳံ ေအာက္လမ္းနည္း၊အထက္လမ္းနည္းေတြမသုံးဘဲ၊ကိုယ္ကိုးကြယ္တဲ့ဘာသာတရားကိုထဲထဲဝင္ဝင္ယုံၾကည္ရင္း၊ရွိခိုးရင္း၊႐ြတ္ဖတ္ရင္းနဲ႔ ဘယ္သူမွမထိခိုက္ေစဘဲ စိတ္ေအးခ်မ္းစြာ ျဖတ္ေက်ာ္ရတာလည္းဘဝမွာေအးခ်မ္းလွပါတယ္။ေလာကႀကီးက တခါတေလ ေလာကဓံဆိုတာႀကီးကို စိတ္ရွည္သည္းခံရင္း ခံႏိုင္ရည္ရွိဖို႔၊ ျဖတ္ေက်ာ္ႏိုင္ဖို႔ တစ္ခုထဲပဲလိုအပ္တယ္လို႔ေတာ့ထင္တာပါပဲ။
ေလာကႀကီးထဲဘယ္သူ႔ကိုမွအျပစ္တင္မေနဘဲ ကိုယ္ကိုယ္တိုင္မွန္ကန္စြာေနထိုင္ရင္း လိပ္ျပာသန႔္စြာနဲ႔ ဘဝကိုရင္ဆိုင္ေက်ာ္ျဖတ္ဖို႔အတြက္ပဲ ခြန္အားေမြးထားရမွာပါပဲ။ကိုယ့္ေနရတဲ့ပတ္ဝန္းက်င္ကကိုယ့္အေပၚျဖဴစင္တဲ့ေမတၱာအစစ္နဲ႔ခ်စ္တဲ့သူေတြ၊ေကာင္းတဲ့သူေတြနဲ႔ေနရတေတြ႕ရတာ ဆုံရတာလည္း ကိုယ့္အတြက္ ဘဝမွာကံေကာင္းျခင္းဆုလာဘ္တစ္ခုျဖစ္လို႔ေနျပန္ပါတယ္။တခါတေလအဆိုးေတြႀကဳံရတာလည္း ဘဝကဒီထပ္ေကာင္းသြားဖို႔၊ ျမင့္သြားဖို႔၊ ပိုက္ဆံေတြပိုရဖို႔ဆိုတာကို အခုခ်ိန္လက္ေတြ႕ခံစားရင္းးး…” လို႔ပဲ ျဖစ္ပါတယ္။
သူကိုခ်စ္တဲ့ ပရိသတ္ႀကီး စိုးရိမ္ေနမွာဆိုးတာေၾကာင့္ “ ခုလိုေရးလို႔ ပန္ပန္ဘာမ်ားအဆင္မေျပျဖစ္လည္း မစိုးရိမ္ၾကပါနဲ႔။အစစ အရာရာ အဆင္ေျပပါေၾကာင္း” လို႔ ျပန္လည္ေရးသားခဲ့ပါတယ္။Credit-aungparsay
Unicode
ဆုပန်ထွာဟာသရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်တဲ့အပြင် အဆိုပညာမှာလည်း ထူးချွန်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ မကြာခဏဆိုသလို သီချင်းဆိုဖို့ ဖိတ်ကြားခံရပြီး သူတတ်ကျွမ်းတဲ့ အနုပညာနဲ့ ပရိသတ်ဘဝအမောတွေကို ပြေစေသူတစ်ယောက်ပါ။ ချစ်စရာအပြုံးလေးနဲ့ ဆုပန်ထွာဟာဆိုရင် အခုချိန်မှာဆိုရင် အမေရိကားရောက်
မြန်မာများအတွက်ဖျော်ဖြေရေးခရီးစဉ်ရောက်ရှိနေတာဖြစ်ပါတယ်။ ဆုပန်ထွာဟာ မကြာသေးခင်က ပျဉ်းမနားဖျော်ဖြေပွဲ မလာနိုင်ခဲ့တဲ့အတွက်လည်း စရံ နှစ်ဆ ပြန်လျော်ပေးခဲ့ရပြီး သူချစ်တဲ့ ပျဉ်းမနားပရိသတ်ကိုလည်း မလာနိုင်ခဲ့တဲ့အတွက် တောင်းပန်စာရေးခဲ့ပါသေးတယ်။
အောက်တိုဘာ (၉) ရက်နေ့မှာတော့ကျွန်မပျော်နေတယ်လို့ထင်လားဆိုပြီး သူရဲ့ ခံစားချက်တစ်ချို့ကို မျှဝေခဲ့ပါတယ်။သူရေးသားထားတာကတော့ “လောကကြီးမှာ လူတစ်ယောက်ဖြစ်ရတာ စိန်ခေါ်မှုတွေ၊၊အခက်အခဲတွေ၊မွန်းကျပ်မှုတွေ၊မထင်မှတ်ထားတာတွေ၊ကိုယ်ကိုယ်တိုင်ညံ့ဖျင်းမှုတွေ ကိုယ်ကိုတိုင်သူများထက်ထူးချွန်ပြီးတော်နေတာတွေ၊ကြိုးစားမှုတွေ၊အဆင်ပြေတာတွေ၊ အဆင်မပြေတာတွေ၊ကံကောင်းခြင်းတွေ၊ကံဆိုးခြင်းတွေ နေရင်းထိုင်ရင်း လူတိုင်း အလိုလိုကြုံကြရတာပါပဲ။
ဒါကလူတိုင်းလူတိုင်းမှာ တွေ့ရတတ်စမြဲ လောကဓံ၊ ကြုံကြရဦးမယ့်လောကဓံတွေအစုံပါပဲ။ဘဝမှာအမြဲတမ်းအဆင်ပြေချောမွေ့နေတာမဟုတ်သလို အခက်အခဲတွေဆိုတာ ဒုက္ခတွေ ဆိုတာ အတိုက်အခိုက်တွေဆိုတာ လူတိုင်းမှာရှိနေတတ်စမြဲပါပဲ။ဘဝမှာ ကောင်းခြင်းပဲကြုံကြုံ၊ ဆိုးရွားတဲ့လောကဓံပဲကြုံကြုံ အောက်လမ်းနည်း၊အထက်လမ်းနည်းတွေမသုံးဘဲ၊ကိုယ်ကိုးကွယ်တဲ့ဘာသာတရားကိုထဲထဲဝင်ဝင်ယုံကြည်ရင်း၊ရှိခိုးရင်း၊ရွတ်ဖတ်ရင်းနဲ့ ဘယ်သူမှမထိခိုက်စေဘဲ စိတ်အေးချမ်းစွာ ဖြတ်ကျော်ရတာလည်းဘဝမှာအေးချမ်းလှပါတယ်။လောကကြီးက တခါတလေ လောကဓံဆိုတာကြီးကို စိတ်ရှည်သည်းခံရင်း ခံနိုင်ရည်ရှိဖို့၊ ဖြတ်ကျော်နိုင်ဖို့ တစ်ခုထဲပဲလိုအပ်တယ်လို့တော့ထင်တာပါပဲ။
လောကကြီးထဲဘယ်သူ့ကိုမှအပြစ်တင်မနေဘဲ ကိုယ်ကိုယ်တိုင်မှန်ကန်စွာနေထိုင်ရင်း လိပ်ပြာသန့်စွာနဲ့ ဘဝကိုရင်ဆိုင်ကျော်ဖြတ်ဖို့အတွက်ပဲ ခွန်အားမွေးထားရမှာပါပဲ။ကိုယ့်နေရတဲ့ပတ်ဝန်းကျင်ကကိုယ့်အပေါ်ဖြူစင်တဲ့မေတ္တာအစစ်နဲ့ချစ်တဲ့သူတွေ၊ကောင်းတဲ့သူတွေနဲ့နေရတတွေ့ရတာ ဆုံရတာလည်း ကိုယ့်အတွက် ဘဝမှာကံကောင်းခြင်းဆုလာဘ်တစ်ခုဖြစ်လို့နေပြန်ပါတယ်။တခါတလေအဆိုးတွေကြုံရတာလည်း ဘဝကဒီထပ်ကောင်းသွားဖို့၊ မြင့်သွားဖို့၊ ပိုက်ဆံတွေပိုရဖို့ဆိုတာကို အခုချိန်လက်တွေ့ခံစားရင်းးး…” လို့ပဲ ဖြစ်ပါတယ်။
သူကိုချစ်တဲ့ ပရိသတ်ကြီး စိုးရိမ်နေမှာဆိုးတာကြောင့် “ ခုလိုရေးလို့ ပန်ပန်ဘာများအဆင်မပြေဖြစ်လည်း မစိုးရိမ်ကြပါနဲ့။အစစ အရာရာ အဆင်ပြေပါကြောင်း” လို့ ပြန်လည်ရေးသားခဲ့ပါတယ်။Credit-aungparsay


