ဝင်းနဲ့ဇော်အတွက်နောက်ဆုံးမျှော်လင့်ချက် အသနားခံစာကို အောက်တိုဘာ ၂၁ တွင်တင်သွင်းမည် ဝိုင်းဝန်းဆုတောင်းပေးကြပါဦးနော်..
ထိုင္းနိုင္ငံမွာ ျဖစ္ပြားခဲ့တဲ့ လိပ္ကၽြန္းလူသတ္မႈမွာ ျမန္မာနိုင္ငံသား ႏွစ္ဦးက်ဴးလြန္တာျဖစ္တယ္ဆိုတဲ့ စြဲဆိုခ်က္နဲ႔ ျမန္မာနိုင္ငံသား ႏွစ္ဦးျဖစ္တဲ့ ဝင္းနဲ႔ ေဇာ္ဟာ ဆိုရင္
ထိုင္းနိုင္ငံတရားစီရင္ေရးမွာ ေသဒဏ္က်ခံခဲ့ရပါတယ္။ ဒီျပစ္ဒဏ္နဲ႔ ပတ္သတ္ၿပီးေတာ့ ျမန္ မာနိုင္ငံသားေတြကလည္း မၾကည္ျဖဴသလို ၊ အႏုပညာရွင္မ်ားကလည္း တတ္စြမ္းတဲ့ဘက္ကေနၿပီးေတာ့ထိုင္းနိုင္ငံက ျပစ္ဒဏ္စီရင္မႈဟာ တရားမၽွတမႈ မရွိဘူးလို႔ တုံ႔ျပန္ေျပာဆိုခဲ့ၾကပါတယ္။
ဒါ့အျပင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ထိုင္းနိုင္ငံခရီးစဥ္သြားေရာက္ခဲ့စဥ္ကလည္းႏွစ္နိုင္ငံ တပ္မေတာ္မ်ား၏ ခ်စ္ၾကည္မႈကိုေထာက္ညႇာၿပီးေတာ့ တရားဥပေဒနည္းလမ္းတက်
ဝင္းနဲ႔ေဇာ္ ကိစၥကိုေဆာင္ရြက္ေပးဖို႔ ေတာင္းဆိုခဲ့သလို ၊ တပ္မေတာ္က အဆင့္၃ ရွိတဲ့ တပ္မေတာ္ ( ၾကည္း၊ေရ၊ေလ) ညႇိႏွိုင္းကြပ္ကဲေရး ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦးကလည္း ဝင္းနဲ႔ေဇာ္ကို ကိုယ္တိုင္ကိုယ္က်
ေထာင္ဝင္စာေတြ႕ဆုံခဲ့ၿပီးေတာ့ အတတ္နိုင္ဆုံး အေကာင္းဆုံး ႀကိဳးစားေပးသြားမယ္လို႔ အားေပးမႈမ်ားလည္း လုပ္ေဆာင္ခဲ့ပါတယ္။
ထို႔အတူ နိုင္ငံေတာ္ အစိုးရဘက္ကလည္း ေသဒဏ္က်ေနတဲ့ ဝင္းနဲ႔ ေဇာ္အတြက္ ထိုင္းဘုရင့္ထံကို အသနားခံစာတင္သြင္းဖို႔ ႀကိဳးစားေနခဲ့ပါတယ္။ ထိုင္းနိုင္ငံဆိုင္ရာ
ျမန္မာသံအမတ္ႀကီး ဦးမ်ိဳးျမင့္သန္း အဖြဲ႕က ထိုင္းေရွေနမ်ားေကာင္စီလုပ္ငန္းအဖြဲကေတြနဲ႔ ပူးေပါင္းၿပီးေတာ့ ဝင္းနဲ႔ ေဇာ္အတြက္ ျပစ္ဒဏ္ေလ်ာ့ေပါ့ေပးေရး လုပ္ငန္းစဥ္ေတြကိုလည္းလုပ္ေဆာင္ခဲ့ပါတယ္။
အသနားခံစာကိုေတာ့ ယခုလ ၂၁ ရက္ေန႔မွာ ထိုင္းဘုရင္ထံ တင္သြင္းသြားမွာျဖစ္ၿပီးေတာ့ အခုလို က်န႔္ၾကာေနခဲ့တာဟာလည္း ထီးသုံးနန္းသုံးစကားလုံးမ်ားအတြက္ အခက္အခဲရွိခဲ့လို႔ ျဖစ္တယ္လို႔ သိရပါတယ္။ဒါေၾကာင့္ ယခုလ ၂၁ ရက္ေန႔မွာ တင္သြင္းမယ့္ အသနားခံစာအရ ဝင္းနဲ႔ ေဇာ္တို႔အတြက္ အေထာက္အကူျဖစ္ပါေစလို႔ ဝိုင္းဝန္းဆုေတာင္းေပးၾကပါဦးေနာ္..Credit-original
Unicode
ဝင်းနဲ့ဇော်အတွက်နောက်ဆုံးမျှော်လင့်ချက် အသနားခံစာကို အောက်တိုဘာ ၂၁ တွင်တင်သွင်းမည်
ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လိပ်ကျွန်းလူသတ်မှုမှာ မြန်မာနိုင်ငံသား နှစ်ဦးကျူးလွန်တာဖြစ်တယ်ဆိုတဲ့ စွဲဆိုချက်နဲ့ မြန်မာနိုင်ငံသား နှစ်ဦးဖြစ်တဲ့ ဝင်းနဲ့ ဇော်ဟာ ဆိုရင်
ထိုင်းနိုင်ငံတရားစီရင်ရေးမှာ သေဒဏ်ကျခံခဲ့ရပါတယ်။ ဒီပြစ်ဒဏ်နဲ့ ပတ်သတ်ပြီးတော့ မြန် မာနိုင်ငံသားတွေကလည်း မကြည်ဖြူသလို ၊ အနုပညာရှင်များကလည်း တတ်စွမ်းတဲ့ဘက်ကနေပြီးတော့
ထိုင်းနိုင်ငံက ပြစ်ဒဏ်စီရင်မှုဟာ တရားမျှတမှု မရှိဘူးလို့ တုံ့ပြန်ပြောဆိုခဲ့ကြပါတယ်။
ဒါ့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ထိုင်းနိုင်ငံခရီးစဉ်သွားရောက်ခဲ့စဉ်ကလည်းနှစ်နိုင်ငံ တပ်မတော်များ၏ ချစ်ကြည်မှုကိုထောက်ညှာပြီးတော့ တရားဥပဒေနည်းလမ်းတကျ
ဝင်းနဲ့ဇော် ကိစ္စကိုဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့သလို ၊ တပ်မတော်က အဆင့်၃ ရှိတဲ့ တပ်မတော် ( ကြည်း၊ရေ၊လေ) ညှိနှိုင်းကွပ်ကဲရေး ဗိုလ်ချုပ်ကြီးမြထွန်းဦးကလည်း ဝင်းနဲ့ဇော်ကို ကိုယ်တိုင်ကိုယ်ကျ
ထောင်ဝင်စာတွေ့ဆုံခဲ့ပြီးတော့ အတတ်နိုင်ဆုံး အကောင်းဆုံး ကြိုးစားပေးသွားမယ်လို့ အားပေးမှုများလည်း လုပ်ဆောင်ခဲ့ပါတယ်။
ထို့အတူ နိုင်ငံတော် အစိုးရဘက်ကလည်း သေဒဏ်ကျနေတဲ့ ဝင်းနဲ့ ဇော်အတွက် ထိုင်းဘုရင့်ထံကို အသနားခံစာတင်သွင်းဖို့ ကြိုးစားနေခဲ့ပါတယ်။ ထိုင်းနိုင်ငံဆိုင်ရာ
မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်း အဖွဲ့က ထိုင်းရှေနေများကောင်စီလုပ်ငန်းအဖွဲကတွေနဲ့ ပူးပေါင်းပြီးတော့ ဝင်းနဲ့ ဇော်အတွက် ပြစ်ဒဏ်လျော့ပေါ့ပေးရေး လုပ်ငန်းစဉ်တွေကိုလည်းလုပ်ဆောင်ခဲ့ပါတယ်။
အသနားခံစာကိုတော့ ယခုလ ၂၁ ရက်နေ့မှာ ထိုင်းဘုရင်ထံ တင်သွင်းသွားမှာဖြစ်ပြီးတော့ အခုလို ကျန့်ကြာနေခဲ့တာဟာလည်း ထီးသုံးနန်းသုံး
စကားလုံးများအတွက် အခက်အခဲရှိခဲ့လို့ ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် ယခုလ ၂၁ ရက်နေ့မှာ တင်သွင်းမယ့် အသနားခံစာအရ ဝင်းနဲ့ ဇော်တို့အတွက် အထောက်အကူဖြစ်ပါစေလို့ ဝိုင်းဝန်းဆုတောင်းပေးကြပါဦးနော်..Credit-original



