အလှူရှင်တွေရှိမှ အသက်ဆက်နိုင်မယ့်အနေအထားဖြစ်နေပြီလို့ လက်ရှိကျန်းမာရေးအနေအထားကိုပြောပြလာတဲ့ သရုပ်ဆောင်ကစ်ကစ်
Video ဖိုင္ကို ေအာက္ဆုံးမွာတြဲၿပီး တင္ေပးထားပါတယ္ )
ဟာသ သ႐ုပ္ေဆာင္ ကစ္ကစ္ဟာ ဆိုရင္ သူမရဲ႕ ဟာသဉာဏ္႐ႊင္မႈ ေတြေၾကာင့္ ပရိသတ္က လက္ခံတဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္ပါတယ္။ သူမဟာ ဟာသကားေတာ္ေတ္ာမ်ားမ်ားမွာ ဇာတ္ပို႔အျဖစ္ သ႐ုပ္ေဆာင္ပါဝင္ေလ့ရွိသူလည္းျဖစ္ပါတယ္။ဒါေပမယ့္ ကစ္ကစ္တစ္ေယာက္ကေတာ့ က်န္းမာေရးေၾကာင့္ ဖန္သားျပင္ေပၚမွာ ေခတၱခန ေမွးမွိန္ေပ်ာက္ကြယ္ေနရပါတယ္။
သူမဟာ လက္ရွိအခ်ိန္မွာ ေက်ာက္ကပ္ တစ္ျခမ္း မေကာင္းတာေၾကာင့္ ေဆး႐ုံမွာ နာတာရွည္ ေရာဂါလို ခံစားေနရသူလည္းျဖစ္ပါတယ္။ ယခင္က ႐ႊင္႐ႊင္ျပျပနဲ႔ ဟာသေတြကို သ႐ုပ္ေဆာင္တတ္တဲ့ ကစ္ကစ္တစ္ေယာက္ဟာ ဝါဒနာရဲ႕ ႏွိပ္စက္မႈေအာက္မွာၿငိဳးငယ္ေနရပါၿပီ။
သူမ ဟာ ေက်ာက္ကပ္ေဆးျခင္း နဲ႔ လိုအပ္တဲ့ေဆးဝါးေတြ အတြက္လက္ထဲမွာ ရွိတာေတြထုခြဲေရာင္းခ်ၿပီးေတာင္ မေလာက္ငွလို႔ အလႉရွင္ေတြ လာလို႔မယ့္ အခ်ိန္ေတြကို ေမွ်ာ္လင့္ေနရပါတယ္လို႔ ပြင့္လင္းစြာ ဆိုလာပါတယ္။
တေလာက သူမကို ေက်ာက္ကပ္လႉခ်င္တယ္ဆိုတဲ့ ဘုန္းေတာ္ႀကီး တစ္ပါး ေပၚခဲ့ေပမယ့္ ကံမေကာင္းစြာပဲ သွ်စ္သွ်ဴး မတူတာေၾကာင့္ လက္ခံႏိုင္တဲ့ အတိုင္းအတာ မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။ အခုလက္ရွိမွာေတာ့ ေဖာတာေရာင္တာေတြသက္သာလာၿပီးေတာ့ ယခင္ကထက္ေတာ့ လႈပ္ရွားမႈ ပိုမိုလုပ္ေဆာင္လာႏိုင္တယ္လို႔ သူမက ေျပာျပပါတယ္။
လက္ရွိမွာေတာ့ သူမရဲ႕ အေျခအေနဟာ အလႉရွင္ေတြကို ေမွ်ာ္လင့္ေနရသလို ၊ လက္ရွိအထိ အသက္ရႉေနႏိုင္ေသးတာလဲ အလႉရွင္ေတြရဲ႕ ေက်းဇူးေၾကာင့္ျဖစ္ပါတယ္လို႔ သူမက ေျပာျပပါတယ္။ ဒါေၾကာင့္ သူမအတြက္ ဆုေတာင္းေပးၾကတဲ့၇ ရက္သားသမီး အေပါင္းကို ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာခ်မ္းသာၾကေစဖို႔ ဆုေတာင္းေပးလိုက္ပါတယ္။
႐ုပ္သံဖိုင္အားၾကည့္ရန္ ႏွိပ္ပါ
Credit-aungparsay
Unicode
Video ဖိုင်ကို အောက်ဆုံးမှာတွဲပြီး တင်ပေးထားပါတယ် )
ဟာသ သရုပ်ဆောင် ကစ်ကစ်ဟာ ဆိုရင် သူမရဲ့ ဟာသဉာဏ်ရွှင်မှု တွေကြောင့် ပရိသတ်က လက်ခံတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူမဟာ ဟာသကားတော်တေ်ာများများမှာ ဇာတ်ပို့အဖြစ် သရုပ်ဆောင်ပါဝင်လေ့ရှိသူလည်းဖြစ်ပါတယ်။ဒါပေမယ့် ကစ်ကစ်တစ်ယောက်ကတော့ ကျန်းမာရေးကြောင့် ဖန်သားပြင်ပေါ်မှာ ခေတ္တခန မှေးမှိန်ပျောက်ကွယ်နေရပါတယ်။သူမဟာ လက်ရှိအချိန်မှာ ကျောက်ကပ် တစ်ခြမ်း မကောင်းတာကြောင့် ဆေးရုံမှာ နာတာရှည် ရောဂါလို ခံစားနေရသူလည်းဖြစ်ပါတယ်။ ယခင်က ရွှင်ရွှင်ပြပြနဲ့ ဟာသတွေကို သရုပ်ဆောင်တတ်တဲ့ ကစ်ကစ်တစ်ယောက်ဟာ ဝါဒနာရဲ့ နှိပ်စက်မှုအောက်မှာငြိုးငယ်နေရပါပြီ။သူမ ဟာ ကျောက်ကပ်ဆေးခြင်း နဲ့ လိုအပ်တဲ့ဆေးဝါးတွေ အတွက်လက်ထဲမှာ ရှိတာတွေထုခွဲရောင်းချပြီးတောင် မလောက်ငှလို့ အလှူရှင်တွေ လာလို့မယ့် အချိန်တွေကို မျှော်လင့်နေရပါတယ်လို့ ပွင့်လင်းစွာ ဆိုလာပါတယ်။တလောက သူမကို ကျောက်ကပ်လှူချင်တယ်ဆိုတဲ့ ဘုန်းတော်ကြီး တစ်ပါး ပေါ်ခဲ့ပေမယ့် ကံမကောင်းစွာပဲ သျှစ်သျှူး မတူတာကြောင့် လက်ခံနိုင်တဲ့ အတိုင်းအတာ မရှိခဲ့ဘူးလို့လည်း သိရပါတယ်။ အခုလက်ရှိမှာတော့ ဖောတာရောင်တာတွေသက်သာလာပြီးတော့ ယခင်ကထက်တော့ လှုပ်ရှားမှု ပိုမိုလုပ်ဆောင်လာနိုင်တယ်လို့ သူမက ပြောပြပါတယ်။လက်ရှိမှာတော့ သူမရဲ့ အခြေအနေဟာ အလှူရှင်တွေကို မျှော်လင့်နေရသလို ၊ လက်ရှိအထိ အသက်ရှူနေနိုင်သေးတာလဲ အလှူရှင်တွေရဲ့ ကျေးဇူးကြောင့်ဖြစ်ပါတယ်လို့ သူမက ပြောပြပါတယ်။ ဒါကြောင့် သူမအတွက် ဆုတောင်းပေးကြတဲ့၇ ရက်သားသမီး အပေါင်းကို ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြစေဖို့ ဆုတောင်းပေးလိုက်ပါတယ်။ရုပ်သံဖိုင်အားကြည့်ရန် နှိပ်ပါCredit-aungparsay


