Latest Posts

စင်ပေါ်မှာ သီချင်းဆိုနေတဲ့ ရွှေမှုံရတီရဲ့ မျက်နှာလေးကို တစိမ့်စိမ့်ငေးကြည့်နေတဲ့ ရွှေထူး

အဆိုတော်ရွှေထူးနဲ့ မင်းသမီးချောလေး ရွှေမှုံရတီတို့နှစ်ဦးကတော့တစ်ဦးကိုတစ်ဦး နက်နက်ရှိုင်းရှိုင်း ချစ်မိသွားခဲ့ကြတာမို့ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ အိမ်ထောင်ရေးတစ်ခုကို အတူပုံဖော်နေကြတာပါ။ ရွှေထူးနဲ့ ရွှေမှုံရတီက အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ သူတွေပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ (၁၃) ရက်နေ့မှာတော့ ရွှေထူးက Lil’Z၊ X-box၊ ထက်ယံတို့နဲ့အတူတူ ရန်ကုန်မြို့ Rose Garden Hotel မှာ ကျင်းပပြုလုပ်တဲ့ 4 Reunion” ပွဲကြီးမှာ ဖျော်ဖြေတင်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။

ထို “4 Reunion” ပွဲကြီးမှာ ရွှေမှုံရတီကလည်း ခင်ပွန်းဖြစ်သူ ရွှေထူးကို လိုက်လံအားပေးရင်းနဲ့ Show ပွဲကြီးမှာ ပါဝင်ဖျော်ဖြေပေးခဲ့တာ ဖြစ်ပါတယ်။
ရွှေထူးက စင်ပေါ်တက်ပြီး သီချင်းဆိုနေတဲ့ ဇနီးလေးမျက်နှာကို ကြည်နူးစွာနဲ့ တစိမ့်စိမ့်ကြည့်နေခဲ့တာမို့ ပရိသတ်တွေက သဘောကျနေရတာ ဖြစ်ပါတယ်။
ရွှေမှုံလေးကတော့ ခင်ပွန်းဖြစ်သူ ရွှေထူးရဲ့ အရိပ်ကလေးအတိုင်းပဲ အနောက်ကနေ တကောက်ကောက် ပါရမီဖြည့်ပေးနေသူလေး ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ပါတယ်။Credit-swelsone;Source : momolay
Zawgyi