(၂၄) နာရီကွာဆေးစဈပွီးနောကျ နှလုံးသားကအကောငျးအတိုငျးရှိနသေေးကာ အမြားကွီးဆကျခစြျလို့ရသေးတယျဆိုတဲ့ စိုငျးစိုငျး
အဆိုတော်တွေထဲမှာ စိုင်းစိုင်းခမ်းလှိုင်ကတော့ မသိသူမရှိသလောက်ပါပဲနော်။HipHop လောကမှာ အောင်မြင်မှုကို ကြာရှည်စွာထိန်းထားနိုင်တဲ့ ထိပ်တန်းရှားရှားပါးပါးအနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေ အရွယ်မျိုးစုံ အားပေးတဲ့ စိုင်းစိုင်းကတော့ တစ်ပုဒ်ဆိုတစ်ပုဒ် ပရိသတ် ပါးစပ်ဖျားမှာ ရေပန်းစားအောင် လုပ်နိုင်သော အနုပညာရှင်တစ်ဦးလို့ ဆိုရမှာပါ။အမျိုးသမီးပရိသတ်တွေရဲ့ အသည်းစွဲ အနုပညာရှင်ဖြစ်တာကြောင့် တချို့ သော အမျိုးသားပရိသတ်တွေရဲ့ Troll ခြင်းခံရတာတွေတော့ရှိပေမယ့် သူ့ကို Troll တဲ့သူတွေကို ပညာသားပါပါ တုံ့ပြန်ကာ ပရိသတ်တွေကို အချစ်ကို ပိုမိုတိုးလာအောင် ပြုလုပ်တတ်ပါသေးတယ်နော်။
အဆိုဘက်မှသာမက သရုပ်ဆောင်အပိုင်းမှာလည်း ဝါသနာပါတဲ့ စိုင်းစိုင်းကတော့ ဂီတရုပ်ရှင်လို့တောင်ဆိုရမယ့် ဂီတနဲ့ပါင်းစပ်ထားတဲ့ ” ပိတောက်ကတဲ့ ဂီတ ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ မကြာခင်ကပဲ ရိုက်ကူးပြီးစီးခဲ့တာပါ။ စိုင်းစိုင်းကတော့ အခုချိန်ထိ သူ့ရဲ့အချစ်ရေးကိစ္စကို ဖွင့်မပြောသေးဘဲ တစ်ကိုယ်တည်း လူပျိုကြီးဘဝနဲ့ နေနေတာကြောင့်ပရိသတ်တွေကတော့အထူးစိတ်ဝင်စားခြင်းခံရတဲ့သူတွေထဲမှာ စိုင်းစိုင်းအချစ်ရေးကတော့ထိပ်ဆုံးကပါပဲနော်။
လက်ရှိမှာလည်း(၂၄)နာရီကြာအောင်ဆေးစစ်ချက်ခံယူခဲ့ရတဲ့အချိန်မှာတောင် အထာကျကျဈေးဗန်းခင်းခဲ့တာကြောင့် မိန်းကလေးပရိသတ်ကြီးကတော့ စိုင်းစိုင်းအပြောတွေအောက်မှာ ကြွေနေကြတာပါပဲနော်။ ” (၂၄) နာရီ စက်တပ်စစ်ဆေးပြီးတဲ့နောက် ရရှိလာတဲ့အဖြေအရ ကျနော့်နှလုံးသားက အလတ်ကြီးရှိပါသေးတယ်တဲ့။ Heart Attack ဖြစ်နိုင်ခြေက ( ၁ )% တောင်မရှိပါဘူးတဲ့။ကော်ဖီသောက်လို့ရင်တုန်တာနဲ့ သူမကိုတွေ့လို့ရင်ခုန်တာဟာ သာမန်ဖြစ်ရိုးဖြစ်စဉ်ပါပဲတဲ့ ရောဂါလက္ခဏာမဟုတ်ပါဘူးတဲ့ ကောင်းသားပဲ အများကြီးဆက်ချစ်လို့ရသေးတာပဲ” ဆိုတဲ့စာသားလေးနဲ့အတူ ဆေးစစ်နေတဲ့ပုံလေးနဲ့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြခဲ့တာပါ။ ပရိသတ်ကြီးရော စိုင်းစိုင်းရဲ့ တော်ကီတွေကိုကြွေတယ်ဆိုရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။Source : Sai Sai Kham Leng;Credit-Shwe Poe – CeleGabar
Zawgyi
ဘယ်လိုတောင်ဈေးဗန်းခင်းလိုက်တာလဲ ဦးစိုင်းရယ်………!!!!!!!!!!! တော်ကီတွေအသေကြွေနေပါပြီ ……!!!!!!