Latest Posts
အလုပ်တွေကြားက ရုန်းထွက်ပြီး ဟန်ဆောင်မှုကင်းတဲ့ ချစ်ခြင်းတွေမှာ ပျော်ရွှင်ကြည့်ပါဆိုတဲ့ ဝါဆိုမိုးဦး
Unicode
ပရိသတ်တွေ အရမ်းကို အားကျချစ်ခင်ရတဲ့ အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ အဆိုတော် ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ ချစ်သူနှစ်ဦးကတော့ တစ်ဦးအပေါ်တစ်ဦး ချစ်ခင်မှုအပြည့်နဲ့ ရှေ့ဆက်နေကြတာဖြစ်ပြီး၊ အနာဂါတ်အတွက် နှစ်ယောက်သား အကောင်းဆုံး ပုံဖော်နေကြတာပါ။ လတ်တလောမှာတော့ ဝါဆိုမိုးဦးက အလုပ်တွေကြားက ရုန်းထွက်ပြီး ဟန်ဆောင်မှုကင်းတဲ့ ချစ်ခြင်းတွေမှာ ပျော်ရွှင်ကြည့်ပါဆိုပြီး ကြည်နူးစရာကောင်းတဲ့ သူမတို့ချစ်သူနှစ်ဦးရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အရမ်းကို Romantic ဆန်လွန်းတဲ့ ဝါဆိုမိုးဦးတို့ချစ်သူနှစ်ဦးရဲ့ပုံရိပ်တွေကိုတော့ ပရိသတ်တွေက တော်တော်လေး သဘောကျနေကြတာပါ။
ချစ်ပရိသတ်တွေအတွက် အလုပ်တွေပဲ ပိနေတဲ့ ချစ်သူစုံတွဲတွေကို နည်းလမ်းကောင်းလေး အမှာပါးလိုက်တဲ့ ဝါဆိုမိုးဦးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်
ဝါဆိုမိုးဦးကတော့ “တစ်ခါတစ်လေ အလုပ်တွေကြားထဲကရုန်းထွက်ပြီး ဟန်ဆောင်မှုကင်းတဲ့ ချစ်ခြင်းတွေမှာ ပျော်ရွှင်ကြည့်ကြပါ အရမ်းနွေးထွေးမှုရှိပါတယ်❤️❤️❤️” ဆိုပြီး သူမတို့ ချစ်သူနှစ်ဦးရဲ့Romantic ဆန်ဆန်ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။တစ်ဦးကို တစ်ဦး အရမ်းကို ချစ်ကြတဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ ချစ်သူနှစ်ဦးကတော့ နားလည်မှုအပြည့်နဲ့ ရှေ့ဆက်နေကြတာ အခုဆိုရင် ချစ်သူသက်တမ်း ၃ နှစ်ကျော်ရှိပြီပဲ ဖြစ်ပါတယ်။
ဝါဆိုမိုးဦးကတော့ သူမကိုအရမ်းချစ်တဲ့ ချစ်သူဖြိုးလေးနဲ့အတူ ပျော်ရွှင်စရာအချစ်ခရီးလမ်းကို အတူဖြတ်သန်းနေတာပါ။ချစ်ပရိသတ်တွေလည်း ဝါဆိုမိုးဦးတို့ ချစ်သူနှစ်ဦးရဲ့ ချစ်စရာပုံရိပ်လေးတွေကိုသဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။Credit-aungparsay