သီတင်းကျွတ် ရုံးပိတ်ရက် ကားလက်မှတ် ဈေးတင်ရောင်းပါက အရေးယူမည်
“သီတင္းကြၽတ္႐ုံးပိတ္ရက္ ကာလမွာ ခရီးသြားေတြ အခက္အခဲမရွိဖို႔ ေၾကျငာခ်က္တစ္ခု ထုတ္ထားတယ္။ ကားလက္မွတ္ေတြကို ေဈးတင္မေရာင္းဖို႔နဲ႔ ထိုင္ခုံေတြ ခ်န္ထားေပးဖို႔ ေတာင္းဆိုထားတယ္။ ကြၽန္ေတာ့ လက္ထက္မွာေတာ့ လက္မွတ္ကို ေဈးတင္ေရာင္းတာမေတြ႕ဖူးေသးဘူး”ဟု မႏၲေလးတိုင္းေဒသႀကီး ယာဥ္လုပ္ငန္းမ်ားႀကီးၾကပ္မႈေကာ္မတီ (အေဝးေျပး) ဥကၠ႒ ဦးေအာင္ေက်ာ္လင္းက ေျပာၾကားခဲ့သည္။
သီတင္းကြၽတ္ ႐ုံးပိတ္ရက္ကာလတြင္ ေနရပ္ျပန္သူမ်ားႏွင့္ ခရီးသြားသူမ်ား မ်ားျပားၿပီး လက္မွတ္အခက္အခဲမ်ားရွိတက္ၿပီး ကားဂိတ္မ်ားတြင္ လက္မွတ္မ်ားခ်န္ထားေပးရန္ အသိေပးထားၿပီး လက္မွတ္ေဈးတင္ေရာင္းျခင္းမ်ားကို စစ္ေဆးေတြ႕ရွိပါက ငါးေသာင္းက်ပ္ မွ တသိန္းက်ပ္အထိ ဒဏ္ေငြ႐ိုက္အေရးယူသြားမည္ျဖစ္သည္။
ခရီးသြားျပည္သူမ်ားအေနျဖင့္ လက္မွတ္မရခဲ့ပါက ယာဥ္ရပ္နားစခန္းဝင္းရွိ ယာဥ္လုပ္ငန္းမ်ားႀကီးၾကပ္မႈေကာ္မတီ(အေဝးေျပး)သို႔ခ်ိတ္ဆက္ၿပီး မွတ္ပုံတင္ျပ၍လက္မွတ္ရရွိေရး ေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း၊ မႏၲေလးၿမိဳ႕တြင္ အေဝးေျပးယာဥ္ရပ္နားစခန္း (၅) ခုရွိၿပီး အေဝးေျပး ယာဥ္လိုင္းေပါင္း ၅၀၀ ေက်ာ္ရွိေၾကာင္း သိရသည္။Credit-aungparsay
Unicode
မန္တလေးမြို့တွင် သီတင်းကျွတ် ရုံးပိတ်ရက်ကာလ ခရီးသွားများအတွက် ကားလက်မှတ် အခက်အခဲမရှိစေရေးနှင့် ကားလက်မှတ် ဈေးတင်ရောင်းခြင်းများမရှိစေရန် ယာဉ်လုပ်ငန်းများကြီးကြပ်မှုကော်မတီ(အဝေးပြေး)က သတိပေးထုတ်ပြန်ထားကြောင်း သိရသည်။
“သီတင်းကျွတ်ရုံးပိတ်ရက် ကာလမှာ ခရီးသွားတွေ အခက်အခဲမရှိဖို့ ကြေငြာချက်တစ်ခု ထုတ်ထားတယ်။ ကားလက်မှတ်တွေကို ဈေးတင်မရောင်းဖို့နဲ့ ထိုင်ခုံတွေ ချန်ထားပေးဖို့ တောင်းဆိုထားတယ်။ ကျွန်တော့ လက်ထက်မှာတော့ လက်မှတ်ကို ဈေးတင်ရောင်းတာမတွေ့ဖူးသေးဘူး”ဟု မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများကြီးကြပ်မှုကော်မတီ (အဝေးပြေး) ဥက္ကဋ္ဌ ဦးအောင်ကျော်လင်းက ပြောကြားခဲ့သည်။
သီတင်းကျွတ် ရုံးပိတ်ရက်ကာလတွင် နေရပ်ပြန်သူများနှင့် ခရီးသွားသူများ များပြားပြီး လက်မှတ်အခက်အခဲများရှိတက်ပြီး ကားဂိတ်များတွင် လက်မှတ်များချန်ထားပေးရန် အသိပေးထားပြီး လက်မှတ်ဈေးတင်ရောင်းခြင်းများကို စစ်ဆေးတွေ့ရှိပါက ငါးသောင်းကျပ် မှ တသိန်းကျပ်အထိ ဒဏ်ငွေရိုက်အရေးယူသွားမည်ဖြစ်သည်။ခရီးသွားပြည်သူများအနေဖြင့် လက်မှတ်မရခဲ့ပါက ယာဉ်ရပ်နားစခန်းဝင်းရှိ ယာဉ်လုပ်ငန်းများကြီးကြပ်မှုကော်မတီ(အဝေးပြေး)သို့ချိတ်ဆက်ပြီး မှတ်ပုံတင်ပြ၍လက်မှတ်ရရှိရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မန္တလေးမြို့တွင် အဝေးပြေးယာဉ်ရပ်နားစခန်း (၅) ခုရှိပြီး အဝေးပြေး ယာဉ်လိုင်းပေါင်း ၅၀၀ ကျော်ရှိကြောင်း သိရသည်။Credit-aungparsay



