တရားစွဲခံရသော်လည်း တွန့်ဆုတ်မည်မဟုတ်ကြောင်း ဗစ်တိုးရီးယားအမှုမှ အောင်ကြီး၏ ရှေ့နေ ပြော
ေနျပည္ေတာ္ ဒကၡိဏခရိုင္တရား႐ုံးတြင္ ေအာက္တိုဘာ ၉ ရက္က ထပ္မံစစ္ေဆးခဲ့သည့္ဗစ္တိုးရီးယားအမႈ႐ုံးခ်ိန္း၌ ေအာင္ႀကီး၏ေရွ႕ေန ျဖစ္သူ တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ယင္းသို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။ “ အခုဆိုရင္ တရားစြဲမခံရတာ ဥပေဒအရာရွိပဲ က်န္ေတာ့တယ္။ ဥပေဒအရေတာ့ ႏွစ္ဖက္စလုံးမွာ တြန႔္ဆုတ္ျခင္းရွိမွာ မဟုတ္ပါဘူး။ တရားစြဲခံရတဲ့ ေရွ႕ေနေရာ၊ အစြဲမခံရတဲ့ေရွ႕ေနေရာ။ကြၽန္ေတာ္တို႔ အမွန္တရားကို ရွာေဖြတဲ့အခါမွာ တစ္ခါတစ္ခါမွာေတာ့ ထူးျခားဆန္းျပားတဲ့ ကိစၥေလးေတြ ရွိတာေပါ့ဗ်ာ။ ထူးျခားေလ၊ ေနာက္ဆုံးက် ပြင့္လင္းလာေလေပါ့ ’’ ဟု ၎က ေျပာသည္။
ေအာက္တိုဘာ ၉ ရက္က တရား႐ုံးခ်ိန္းတြင္ တရားလိုျပသက္ေသအျဖစ္ ရဲအုပ္ရန္ေနာင္စိုးႏွင့္ ကားသမား ၃ ဦးတို႔အား စစ္ေဆးခင္းျဖစ္ၿပီး စီစီတီဗီကင္မရာကိုင္သည့္ ကိုရန္ေနာင္ေဌးကိုပါ အခ်ိန္ရပါက ဆက္လက္စစ္ေဆးသြားမည္ျဖစ္ေၾကာင္း သိရသည္။ယင္းအျပင္ ယာဥ္ေမာင္း ေအာင္ႀကီးအား ႏႈတ္ျဖင့္အပါအဝင္ စာျဖင့္လည္း အာမခံေလွ်ာက္ထားခဲ့ေၾကာင္း သိရသည္။ ေနျပည္ေတာ္ Wisdom Hill မူႀကိဳေက်ာင္း၌ ၃ ႏွစ္အ႐ြယ္ ဗစ္တိုးရီးယားအမည္ရွိကေလးငယ္ လိင္ပိုင္းဆိုင္ရာ က်ဴးလြန္ခံရမႈတြင္ ဒရိုင္ဘာေအာင္ႀကီးအား ရဲတပ္ဖြဲ႕က ပုဒ္မ ၃၇၆ ျဖင့္ ေနျပည္ေတာ္ရွိ ဒကၡိဏခရိုင္တရား႐ုံးသို႔ တရားစြဲဆို တင္ပို႔ခဲ့သည္။
လက္ရွိတြင္ ဗစ္တိုးရီးယား၏ ဖခင္၊ မိခင္ႏွင့္ အဘြားျဖစ္သူတို႔အား စစ္ေဆးၿပီးစီးကာ အမႈတြင္ ဗီဒီယိုဖိုင္တင္ျပထားမႈကို တရား႐ုံးက လက္ခံခဲ့ၿပီး ဗီဒီယိုဖိုင္ပါ အေၾကာင္းအရာမ်ားကို သတင္းမီဒီယာမ်ားသို႔ ေျပာျပသည္ဟုဆိုကာ ေအာင္ႀကီး၏ ေရွ႕ေနျဖစ္သူ ေဒၚစုဒါလီေအာင္အား Wisdom Hill ေက်ာင္းက ကေလးသူငယ္အခြင့္အေရးဥပေဒျဖင့္ တရားစြဲဆိုထားသည္။credit-အကုန္သိ
Unicode
တရားစွဲခံရသော်လည်း တွန့်ဆုတ်မည်မဟုတ်ကြောင်း ဗစ်တိုးရီးယားအမှုမှ အောင်ကြီး၏ ရှေ့နေ ပြောတရားစွဲဆိုခံထားရသော်လည်း တွန့်ဆုတ်ခြင်းရှိမည်မဟုတ်ကြောင်း ဗစ်တိုးရီးယားအမှုတွင် အောင်ကြီး၏ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးတွင် အောက်တိုဘာ ၉ ရက်က ထပ်မံစစ်ဆေးခဲ့သည့်ဗစ်တိုးရီးယားအမှုရုံးချိန်း၌ အောင်ကြီး၏ရှေ့နေ ဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ “ အခုဆိုရင် တရားစွဲမခံရတာ ဥပဒေအရာရှိပဲ ကျန်တော့တယ်။ ဥပဒေအရတော့ နှစ်ဖက်စလုံးမှာ တွန့်ဆုတ်ခြင်းရှိမှာ မဟုတ်ပါဘူး။ တရားစွဲခံရတဲ့ ရှေ့နေရော၊ အစွဲမခံရတဲ့ရှေ့နေရော။ကျွန်တော်တို့ အမှန်တရားကို ရှာဖွေတဲ့အခါမှာ တစ်ခါတစ်ခါမှာတော့ ထူးခြားဆန်းပြားတဲ့ ကိစ္စလေးတွေ ရှိတာပေါ့ဗျာ။ ထူးခြားလေ၊ နောက်ဆုံးကျ ပွင့်လင်းလာလေပေါ့ ’’ ဟု ၎င်းက ပြောသည်။
အောက်တိုဘာ ၉ ရက်က တရားရုံးချိန်းတွင် တရားလိုပြသက်သေအဖြစ် ရဲအုပ်ရန်နောင်စိုးနှင့် ကားသမား ၃ ဦးတို့အား စစ်ဆေးခင်းဖြစ်ပြီး စီစီတီဗီကင်မရာကိုင်သည့် ကိုရန်နောင်ဌေးကိုပါ အချိန်ရပါက ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ယင်းအပြင် ယာဉ်မောင်း အောင်ကြီးအား နှုတ်ဖြင့်အပါအဝင် စာဖြင့်လည်း အာမခံလျှောက်ထားခဲ့ကြောင်း သိရသည်။ နေပြည်တော် Wisdom Hill မူကြိုကျောင်း၌ ၃ နှစ်အရွယ် ဗစ်တိုးရီးယားအမည်ရှိကလေးငယ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှုတွင် ဒရိုင်ဘာအောင်ကြီးအား ရဲတပ်ဖွဲ့က ပုဒ်မ ၃၇၆ ဖြင့် နေပြည်တော်ရှိ ဒက္ခိဏခရိုင်တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့သည်။
လက်ရှိတွင် ဗစ်တိုးရီးယား၏ ဖခင်၊ မိခင်နှင့် အဘွားဖြစ်သူတို့အား စစ်ဆေးပြီးစီးကာ အမှုတွင် ဗီဒီယိုဖိုင်တင်ပြထားမှုကို တရားရုံးက လက်ခံခဲ့ပြီး ဗီဒီယိုဖိုင်ပါ အကြောင်းအရာများကို သတင်းမီဒီယာများသို့ ပြောပြသည်ဟုဆိုကာ အောင်ကြီး၏ ရှေ့နေဖြစ်သူ ဒေါ်စုဒါလီအောင်အား Wisdom Hill ကျောင်းက ကလေးသူငယ်အခွင့်အရေးဥပဒေဖြင့် တရားစွဲဆိုထားသည်။credit-အကုန်သိ



