ဥကၠာဦးသာနဲ႔ တီခ်ယ္ထေရဇီ တို့ကို ဒုတိယအႀကိမ္ေျမာက္ သူငယ္ခ်င္းေတြနဲ႔ ထပ္မံကန္ေတာ့ခဲ့ျပန္တဲ့ ေမာင္ခ်ိဳေလး
ခ်မ္းေျမ့ေမာင္ခ်ိဳကေတာ့ Myanmar Idol Season (3 )ရဲ့ၿပိဳင္ပြဲဝင္တစ္ဦးျဖစ္ၿပီးေတာ့ First Runner-up ဆုရွင္ေလးလည္းျဖစ္ပါတယ္။ အျပဳံးခ်ိဳခ်ိဳေလးေတြနဲ႔ ပရိသတ္ေတြအျပင္ ဒိုင္ေတြရဲ့အားေပးမွုကိုပါ ရရွိခဲ့သူေလးလို့ ဆိုရမွာပါ။ ခ်စ္စရာေကာင္းတဲ့ ဟန္ပန္ေလးေတြေၾကာင့္ ပရိသတ္ေတြက ေမာင္ခ်ိဳလို့ခ်စ္စနိုးနဲ႔ေခၚဆိုၾကတာပဲ ျဖစ္ပါတယ္။ ဘယ္လိုေနေန ခ်စ္ေပးတဲ့ပရိသတ္အခိုင္အမာရရွိထားတဲ့ ခ်မ္းေျမ့ေမာင္ခ်ိဳေလးဟာ သူ႔ပရိသတ္ေတြအေပၚမွာလည္း ရင္းရင္းႏွီးႏွီးနဲ႔ ပရိသတ္ေတြကို တန္ဖိုးထားတတ္သူေလးပဲ ျဖစ္ပါတယ္။
Unicode
လိမ္မာရေးခြားရှိပြီး မိဘဆရာတွေကို သိတတ်သူတစ်ယောက်ဖြစ်တဲ့ ချမ်းမြေ့မောင်ချိုကတော့ ပြိုင်ပွဲဝင်စဉ်က အစစအရာရာ သင်ကြားပေးခဲ့တဲ့ ဥက္ကာဦးသာနဲ့ တီချယ်ထရေဇီ တို့ကို Myanmar Idol Season (3 )ရဲ့ အဖွဲ့သားတွေနဲ့အတူ သွားရောက်ကန်တော့ခဲ့ပါတယ်။ ပထမအကြိမ် တစ်ယောက်ထဲ သွားရောက်ကန်တော့ခဲ့ပြီးပြီ ဖြစ်ပေမယ့်လည်း နောက်တစ်ကြိမ် ထပ်မံပြီး ပြိုင်ပွဲဝင်သူငယ်ချင်းတွေနဲ့ အတူသွားရောက်ကန်တော့ခဲ့ပြန်တာပါ။
ချမ်းမြေ့မောင်ချိုကတော့ Myanmar Idol Season (3 )ရဲ့ပြိုင်ပွဲဝင်တစ်ဦးဖြစ်ပြီးတော့ First Runner-up ဆုရှင်လေးလည်းဖြစ်ပါတယ်။ အပြုံးချိုချိုလေးတွေနဲ့ ပရိသတ်တွေအပြင် ဒိုင်တွေရဲ့အားပေးမှုကိုပါ ရရှိခဲ့သူလေးလို့ ဆိုရမှာပါ။ ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေကြောင့် ပရိသတ်တွေက မောင်ချိုလို့ချစ်စနိုးနဲ့ခေါ်ဆိုကြတာပဲ ဖြစ်ပါတယ်။ ဘယ်လိုနေနေ ချစ်ပေးတဲ့ပရိသတ်အခိုင်အမာရရှိထားတဲ့ ချမ်းမြေ့မောင်ချိုလေးဟာ သူ့ပရိသတ်တွေအပေါ်မှာလည်း ရင်းရင်းနှီးနှီးနဲ့ ပရိသတ်တွေကို တန်ဖိုးထားတတ်သူလေးပဲ ဖြစ်ပါတယ်။အနုပညာအလုပ်တွေဆက်တိုက်လုပ်လာပြီး ပွဲတော်တော်များများမှာ ပါဝင်သီဆိုဖျော်ဖြေကာ အောင်မြင်မှုရရှိနေတဲ့အဆိုတော်တစ်ဦးပဲ လို့ဆိုရမှာပါ။ အဆိုဘက်တွင်သာမက ပရိသတ်တွေကို ဂစ်တာကိုယ်တိုင်တီးကာ သီချင်းဆိုပြလေ့ရှိသူလည်းဖြစ်ပါတယ်။ပရိသတ်ကြီးလည်း မောင်ချိုရဲ့ ဆရာသမားတွေအပေါ်သိတတ်ယဉ်ကျေးတဲ့ စိတ်လေးကိုချစ်ရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။Credit-original



