Latest Posts

အနုပညာငွေလေးတွေစုပြီး မိခင်ကြီးကို စိန်နားကပ်နဲ့ ကန်တော့ခဲ့တဲ့ ခင်ပိုးပန်းချီ

ခ်ိဳသာတဲ့ အသံေအးေအးေလးေၾကာင့္ ပရိသတ္ေတြအားလံုးက ခ်စ္ၾကရတဲ့ ေတးသံရွင္ေလး ခင္ပိုးပန္းခ်ီက တရားပြဲေတြမွာ တရားေတာင္းတဲ့ အစီအစဥ္ေတြကတဆင့္ လူသိမ်ားလာတာ ျဖစ္ပါတယ္။ ခင္ပိုးပန္းခ်ီက အရြယ္နဲ့မလိုက္ေအာင္ကို တည္ျငိမ္ေအးခ်မ္းျပီး ျမန္မာဆန္လြန္းတာေၾကာင့္ ပရိသတ္ေတြက ခ်စ္ေနရတာ ျဖစ္ပါတယ္။ ခင္ပိုးပန္းခ်ီက (၁၀) တန္း ေက်ာင္းသူေလးျဖစ္တာမို့ ေက်ာင္းစာေတြနဲ့အတူတူ အနုပညာလုပ္ငန္းေတြ လုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။

ဒီေန့မွာေတာ့ အဆိုရွင္ေလး ခင္ပိုးပန္းခ်ီက သူမ ျပုခဲ့တဲ့ ကုသိုလ္ေလးကို အခုလိုပဲ မွ်ေဝထားပါတယ္။ ခင္ပိုးပန္းခ်ီက သူမရဲ့ အနုပညာေၾကးေလးေတြစုျပီး မိခင္အတြက္ စိန္နားကပ္ေလး ဝယ္ျပီး လက္ေဆာင္ေပးခဲ့တာပဲ ျဖစ္ပါတယ္။
ခင္ပိုးပန္းခ်ီက “ပိုက္ဆံေတြ ဘယ္ေလာက္ဘဲရရ သူအတြက္ကို ဘယ္ေတာ့မွ မစဥ္းစားတဲ့ေမႀကီးသမီးရဲ႕ ျဖဴစင္သန္႔ရွင္းတဲ့ အႏုပညာလုပ္အားခေလးနဲ႔ ေမႀကီးကို နားကပ္ေလးတစ္ရံ နဲ႔ ကန္ေတာ့ျဖစ္ပါတယ္။”

“ေမႀကီး စိတ္ေပ်ာ္႐ႊင္ ေအးခ်မ္းပါေစ။ သမီးတို႔ညီအစ္မနဲ႔ ေသတစ္ပန္သက္တစ္ဆုံး ေနသြားႏိုင္ပါေစလို႔ သမီးဆုေတာင္းေပးပါတယ္ ေမႀကီး။ အမိုးႀကီး ေပ်ာ္ေနသည္။” ဆိုျပီး မွ်ေဝထားတာ ျဖစ္ပါတယ္။
ခင္ပိုးပန္းခ်ီကေတာ့ ဆယ္ေက်ာ္သက္အရြယ္မွာကတည္းက မိဘကို သိတတ္ျပီး ရွာေကၽြးလိုက္တဲ့ သမီးအလိမၼာေလးတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ခ်စ္စရာေကာင္းျပီး ယဥ္ေက်းလိမၼာလြန္းတဲ့ ခင္ပိုးပန္းခ်ီတစ္ေယာက္ ဒီထက္မက ေအာင္ျမင္တဲ့ အနုပညာရွင္ၾကီးျဖစ္ပါေစလို့ ဆုေတာင္းေပးလုိက္ပါတယ္ေနာ္။Credit-original
Unicode
ချိုသာတဲ့ အသံအေးအေးလေးကြောင့် ပရိသတ်တွေအားလုံးက ချစ်ကြရတဲ့ တေးသံရှင်လေး ခင်ပိုးပန်းချီက တရားပွဲတွေမှာ တရားတောင်းတဲ့ အစီအစဉ်တွေကတဆင့် လူသိများလာတာ ဖြစ်ပါတယ်။ ခင်ပိုးပန်းချီက အရွယ်နဲ့မလိုက်အောင်ကို တည်ငြိမ်အေးချမ်းပြီး မြန်မာဆန်လွန်းတာကြောင့် ပရိသတ်တွေက ချစ်နေရတာ ဖြစ်ပါတယ်။ ခင်ပိုးပန်းချီက (၁၀) တန်း ကျောင်းသူလေးဖြစ်တာမို့ ကျောင်းစာတွေနဲ့အတူတူ အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။
ဒီနေ့မှာတော့ အဆိုရှင်လေး ခင်ပိုးပန်းချီက သူမ ပြုခဲ့တဲ့ ကုသိုလ်လေးကို အခုလိုပဲ မျှဝေထားပါတယ်။ ခင်ပိုးပန်းချီက သူမရဲ့ အနုပညာကြေးလေးတွေစုပြီး မိခင်အတွက် စိန်နားကပ်လေး ဝယ်ပြီး လက်ဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။
ခင်ပိုးပန်းချီက “ပိုက်ဆံတွေ ဘယ်လောက်ဘဲရရ သူအတွက်ကို ဘယ်တော့မှ မစဉ်းစားတဲ့မေကြီးသမီးရဲ့ ဖြူစင်သန့်ရှင်းတဲ့ အနုပညာလုပ်အားခလေးနဲ့ မေကြီးကို နားကပ်လေးတစ်ရံ နဲ့ ကန်တော့ဖြစ်ပါတယ်။”
“မေကြီး စိတ်ပျော်ရွှင် အေးချမ်းပါစေ။ သမီးတို့ညီအစ်မနဲ့ သေတစ်ပန်သက်တစ်ဆုံး နေသွားနိုင်ပါစေလို့ သမီးဆုတောင်းပေးပါတယ် မေကြီး။ အမိုးကြီး ပျော်နေသည်။” ဆိုပြီး မျှဝေထားတာ ဖြစ်ပါတယ်။
ခင်ပိုးပန်းချီကတော့ ဆယ်ကျော်သက်အရွယ်မှာကတည်းက မိဘကို သိတတ်ပြီး ရှာကျွေးလိုက်တဲ့ သမီးအလိမ္မာလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး ယဉ်ကျေးလိမ္မာလွန်းတဲ့ ခင်ပိုးပန်းချီတစ်ယောက် ဒီထက်မက အောင်မြင်တဲ့ အနုပညာရှင်ကြီးဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။Credit-original