Latest Posts

သီတင်းကျွတ်ရုံးပိတ်ရက်အတွင်း အမြန်လမ်းတစ်လျှောက် လုံခြုံရေးအင်အားအပြည့် စောင့်ကြည့်မည်

သီတင္းကြၽတ္ရက္ရွည္ ႐ုံးပိတ္ရက္အတြင္း အျမန္လမ္း တြင္ ယာဥ္မေတာ္တဆမႈမျဖစ္ ေပၚေစရန္ လုံၿခဳံေရးအင္အားအ ျပည့္ျဖင့္ ေစာင့္ၾကည့္ေနေၾကာင္း အျမန္လမ္းရဲတပ္ဖြဲ႕မႉး႐ုံးမွ ရဲမႉး ဇာနည္ေမာင္က ေျပာသည္။

သီတင္းကြၽတ္႐ုံးပိတ္ရက္ ကာလအတြင္း ခရီးသြားမ်ားသ ျဖင့္ တိုးဂိတ္မ်ားတြင္ယာဥ္ေၾကာ က်ပ္တည္းမႈ မျဖစ္ေပၚေစရန္၊ ယာဥ္မေတာ္တဆမႈ မျဖစ္ေပၚေစ ရန္ႏွင့္ မေတာ္တဆျဖစ္ပါက အေရးေပၚကူညီေဆာင္႐ြက္ႏိုင္ရန္ ဌာနစုံအဖြဲ႕မ်ားျဖင့္ အဆင္ သင့္ျပင္ဆင္ထားသည္ဟု ၎က ဆိုသည္။

‘‘ေဆာက္လုပ္ေရးဝန္ႀကီး ဌာန၊ ယာဥ္ထိန္းအဖြဲ႕ေတြအျမန္ လမ္းအဖြဲ႕ေတြ၊ နယ္ေျမခံရဲရယ္၊ မီးသတ္ရယ္၊ ၾကက္ေျခနီေတြရယ္ ပူးေပါင္းအဖြဲ႕ေတြနဲ႔ ယာဥ္ပိတ္ ဆို႔မႈမျဖစ္ေအာင္ ေဆာင္႐ြက္ ထားတာေတြရွိတယ္။ မသမာမႈ ေတြမျဖစ္ေအာင္ လွည့္ကင္းေတြ လွည့္ဖို႔ ေဆာင္႐ြက္ထားပါတယ္။ သာမန္ရက္ေတြထက္ကို ပိုၿပီး အင္အားျဖည့္ထားတယ္’’ ဟု ရဲမႉးဇာနည္ေမာင္က ေျပာသည္။

ထို႔အျပင္ လမ္းအသုံးျပဳခ ေကာက္ခံသည့္ ဂိတ္မ်ားတြင္ ယာဥ္ေၾကာက်ပ္တည္းမႈျဖစ္လာ ပါက ေျဖရွင္းေဆာင္႐ြက္ေပးႏိုင္ မည့္နည္းလမ္းမ်ားကို ေဆာက္ လုပ္ေရးဦးစီးဌာနႏွင့္ ညႇိႏႈိင္းျပင္ ဆင္ထားသည္ဟု ၎က ဆက္ လက္ေျပာၾကားသည္။

သီတင္းကြၽတ္႐ုံးပိတ္ရက္ သည္ ေအာက္တိုဘာ ၁၀ ရက္ (ယေန႔)စတင္ၿပီး ယမန္ေန႔ညေန ကစ၍ ခရီးသြားယာဥ္မ်ား ျဖတ္ သန္းမႈ ပိုမ်ားလာေသာ္လည္း ယင္းေန႔ည ၇ နာရီအထိ ထူးျခား ျဖစ္စဥ္မရွိေၾကာင္း ရဲမႉးဇာနည္ ေမာင္က ဆိုသည္။

သီတင္းကြၽတ္႐ုံးပိတ္ရက္ သည္ ယခင္ကသုံးရက္သာသတ္ မွတ္ထားၿပီး စေန၊ တနဂၤေႏြပိတ္ ရက္မ်ားႏွင့္ တိုက္ေနသည္ဆိုကာ ျပည္ေထာင္စုအစိုးရက အစားထိုး ႏွစ္ရက္ျဖည့္ေပးထားသည္။



ထို႔ေၾကာင့္ ႐ုံးပိတ္ရက္ ငါးရက္အထိျဖစ္ခဲ့သျဖင့္ ခရီး သြားလာမႈ ယခင္ႏွစ္ထက္ ပိုမ်ား ေၾကာင္း အေဝးေျပးယာဥ္လိုင္း တာဝန္ခံအခ်ိဳ႕က ဆိုသည္။

‘‘လြန္ခဲ့တဲ့တစ္လေလာက္ ကတည္းက ႀကိဳတင္လက္မွတ္ ေတြနဲ႔ျပည့္ေနၿပီ။ ခရီးသြားမ်ား ေတာ့ယာဥ္လိုင္းေတာ္ေတာ္မ်ား မ်ားက ယာဥ္စီးေရထပ္ျဖည့္ဆြဲ ေပးရတာမ်ိဳးေတြရွိတယ္’’ ဟု JJ ယာဥ္လိုင္းဥကၠ႒ ဦးျမင့္ဦးက ေျပာ သည္။

ထိုသို႔ ခရီးသြားမ်ားေသာ္ လည္း ၾသကၤန္ပိတ္ရက္ကာလ ထက္ အခက္အခဲႀကီးႀကီးမားမား မရွိဟု ယာဥ္လိုင္းတာဝန္ခံအခ်ိဳ႕ ကဆိုသည္။

သီတင္းကြၽတ္ပိတ္ရက္တြင္ ခရီးသြားမ်ားသျဖင့္ ျမန္မာ့မီး ရထားက ရန္ကုန္-မႏၲေလး၊ ရန္ ကုန္- ပုဂံႏွင့္ ရန္ကုန္-ေနျပည္ ေတာ္ခရီးစဥ္မ်ားကို အထူးရထား မ်ား တိုးခ်ဲ႕ေျပးဆြဲေပးရန္စီစဥ္ခဲ့ သည္။

သို႔ေသာ္ အေဝးေျပးကား လက္မွတ္ႏွင့္ ရထားလက္မွတ္ မ်ား ပိတ္ရက္မတိုင္မီ ရက္ပိုင္း အလိုတြင္ ဝယ္ယူရန္ခက္ခဲ ခဲ့ေၾကာင္း ခရီးသြားအခ်ိဳ႕က ဆို သည္။

‘‘ထုံးစံအတိုင္းကားခေတြ ေဈးတက္တာ။ ပုံမွန္ထက္ကိုတစ္ ေသာင္းေလာက္ပိုေပးရတယ္’’ ဟု ပခုကၠဴၿမိဳ႕သို႔သြားရန္ အေဝး ေျပးလက္မွတ္ဝယ္ယူထားသည့္ ကုမၸဏီဝန္ထမ္း ကိုၿဖိဳးမင္းကိုက ေျပာသည္။Credit-aungparsay
Unicode
သီတင်းကျွတ်ရက်ရှည် ရုံးပိတ်ရက်အတွင်း အမြန်လမ်း တွင် ယာဉ်မတော်တဆမှုမဖြစ် ပေါ်စေရန် လုံခြုံရေးအင်အားအ ပြည့်ဖြင့် စောင့်ကြည့်နေကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး ဇာနည်မောင်က ပြောသည်။

သီတင်းကျွတ်ရုံးပိတ်ရက် ကာလအတွင်း ခရီးသွားများသ ဖြင့် တိုးဂိတ်များတွင်ယာဉ်ကြော ကျပ်တည်းမှု မဖြစ်ပေါ်စေရန်၊ ယာဉ်မတော်တဆမှု မဖြစ်ပေါ်စေ ရန်နှင့် မတော်တဆဖြစ်ပါက အရေးပေါ်ကူညီဆောင်ရွက်နိုင်ရန် ဌာနစုံအဖွဲ့များဖြင့် အဆင် သင့်ပြင်ဆင်ထားသည်ဟု ၎င်းက ဆိုသည်။
‘‘ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ ယာဉ်ထိန်းအဖွဲ့တွေအမြန် လမ်းအဖွဲ့တွေ၊ နယ်မြေခံရဲရယ်၊ မီးသတ်ရယ်၊ ကြက်ခြေနီတွေရယ် ပူးပေါင်းအဖွဲ့တွေနဲ့ ယာဉ်ပိတ် ဆို့မှုမဖြစ်အောင် ဆောင်ရွက် ထားတာတွေရှိတယ်။ မသမာမှု တွေမဖြစ်အောင် လှည့်ကင်းတွေ လှည့်ဖို့ ဆောင်ရွက်ထားပါတယ်။ သာမန်ရက်တွေထက်ကို ပိုပြီး အင်အားဖြည့်ထားတယ်’’ ဟု ရဲမှူးဇာနည်မောင်က ပြောသည်။
ထို့အပြင် လမ်းအသုံးပြုခ ကောက်ခံသည့် ဂိတ်များတွင် ယာဉ်ကြောကျပ်တည်းမှုဖြစ်လာ ပါက ဖြေရှင်းဆောင်ရွက်ပေးနိုင် မည့်နည်းလမ်းများကို ဆောက် လုပ်ရေးဦးစီးဌာနနှင့် ညှိနှိုင်းပြင် ဆင်ထားသည်ဟု ၎င်းက ဆက် လက်ပြောကြားသည်။
သီတင်းကျွတ်ရုံးပိတ်ရက် သည် အောက်တိုဘာ ၁၀ ရက် (ယနေ့)စတင်ပြီး ယမန်နေ့ညနေ ကစ၍ ခရီးသွားယာဉ်များ ဖြတ် သန်းမှု ပိုများလာသော်လည်း ယင်းနေ့ည ၇ နာရီအထိ ထူးခြား ဖြစ်စဉ်မရှိကြောင်း ရဲမှူးဇာနည် မောင်က ဆိုသည်။
သီတင်းကျွတ်ရုံးပိတ်ရက် သည် ယခင်ကသုံးရက်သာသတ် မှတ်ထားပြီး စနေ၊ တနင်္ဂနွေပိတ် ရက်များနှင့် တိုက်နေသည်ဆိုကာ ပြည်ထောင်စုအစိုးရက အစားထိုး နှစ်ရက်ဖြည့်ပေးထားသည်။
ထို့ကြောင့် ရုံးပိတ်ရက် ငါးရက်အထိဖြစ်ခဲ့သဖြင့် ခရီး သွားလာမှု ယခင်နှစ်ထက် ပိုများ ကြောင်း အဝေးပြေးယာဉ်လိုင်း တာဝန်ခံအချို့က ဆိုသည်။
‘‘လွန်ခဲ့တဲ့တစ်လလောက် ကတည်းက ကြိုတင်လက်မှတ် တွေနဲ့ပြည့်နေပြီ။ ခရီးသွားများ တော့ယာဉ်လိုင်းတော်တော်များ များက ယာဉ်စီးရေထပ်ဖြည့်ဆွဲ ပေးရတာမျိုးတွေရှိတယ်’’ ဟု JJ ယာဉ်လိုင်းဥက္ကဋ္ဌ ဦးမြင့်ဦးက ပြော သည်။
ထိုသို့ ခရီးသွားများသော် လည်း သြင်္ကန်ပိတ်ရက်ကာလ ထက် အခက်အခဲကြီးကြီးမားမား မရှိဟု ယာဉ်လိုင်းတာဝန်ခံအချို့ ကဆိုသည်။
သီတင်းကျွတ်ပိတ်ရက်တွင် ခရီးသွားများသဖြင့် မြန်မာ့မီး ရထားက ရန်ကုန်-မန္တလေး၊ ရန် ကုန်- ပုဂံနှင့် ရန်ကုန်-နေပြည် တော်ခရီးစဉ်များကို အထူးရထား များ တိုးချဲ့ပြေးဆွဲပေးရန်စီစဉ်ခဲ့ သည်။
သို့သော် အဝေးပြေးကား လက်မှတ်နှင့် ရထားလက်မှတ် များ ပိတ်ရက်မတိုင်မီ ရက်ပိုင်း အလိုတွင် ဝယ်ယူရန်ခက်ခဲ ခဲ့ကြောင်း ခရီးသွားအချို့က ဆို သည်။
‘‘ထုံးစံအတိုင်းကားခတွေ ဈေးတက်တာ။ ပုံမှန်ထက်ကိုတစ် သောင်းလောက်ပိုပေးရတယ်’’ ဟု ပခုက္ကူမြို့သို့သွားရန် အဝေး ပြေးလက်မှတ်ဝယ်ယူထားသည့် ကုမ္ပဏီဝန်ထမ်း ကိုဖြိုးမင်းကိုက ပြောသည်။Credit-aungparsay